တရုတ် ICBC ဘဏ်နှင့် ရိုးမဘဏ်တို့ ငွေကြေးစီးဆင်းမှု ကဏ္ဍတွင် ပူးပေါင်းမည်
2015-09-11 18:17|
တရုတ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်မှုဘဏ် (ICBC) သည် မြန်မာနိုင်ငံမှ ရိုးမဘဏ်နှင့် ကုန်သွယ်ရေး လုပ်ငန်းများ၏ ငွေကြေး စီးဆင်းမှု ကဏ္ဍ များတွင် ပူးပေါင်း မည်ဖြစ်ကြောင်း ရိုးမဘဏ်က သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၈ ရက်တွင် ရန်ကုန်မြို့၌ တရားဝင် ရုံးခွဲဖွင့်လှစ်ခဲ့သည့် ICBC ဘဏ်သည် မြန်မာနိုင်ငံမှ ဆာ့ခ်ျပန်း ပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်းများမှ တစ်ခုဖြစ်သည့် ရိုးမဘဏ်နှင့် ပူးပေါင်း လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ဘဏ် နှစ်ခု ပူးပေါင်းရာမှ မြန်မာ နှင့် တရုတ်နိုင်ငံတို့ အကြား ကုန်သွယ်မှုများ ပြုလုပ်ရာ တွင် ငွေကြေး စီးဆင်းမှု ပိုမိုကောင်းမွန် စေရန် နှင့် ၀န်ဆောင်မှု များအား ကောင်းလာစေရန် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ICBC ဘဏ်သည် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က ဖွင့်လှစ် ခွင့်ပြုသည့် နိုင်ငံခြားဘဏ် ကိုးခု အနက် တစ်ခုအပါအ၀င်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်ကို ယခုနှစ် မတ် လကစ၍ လုပ်ကိုင်ခွင့်ရခဲ့သည့် ဘဏ်ဖြစ်သည်။
ရိုးမဘဏ် နှင့် ပူးပေါင်းမည့် ICBC ဘဏ်သည် တရုတ်နိုင်ငံ၏ ကုန်သွယ်မှု ဘဏ် တစ်ခုဖြစ် ပြီး ၁၉၈၄ က စတင် တည်ထောင်ခဲ့ သည့် သက်တမ်း ရင့်ဘဏ်တစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဘဏ် ခွဲပေါင်း ၁,၇၀၀၀ ကျော် ဖွင့်လှစ် ထားပြီး ပြည်ပနိုင်ငံများ၌ ဘဏ်ခွဲ ပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ထား သည့် အင်အားကြီး ဘဏ်တစ်ခု ဖြစ်သည်။
၂၀၁၄ အောက်တိုဘာက မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားဘဏ်ကိုးခုကို လုပ်ကိုင် ခွင့်ပေးခဲ့ပြီး ဘဏ်ခွဲအချို့ စတင် ဖွင့်လှစ်နေပြီဖြစ်သည်။ (By မိုးညို)
昆明信息港-彩云桥 记者文丽荣 从缅甸祐玛(YOMA)银行获悉,中国工商银行(ICBC)和缅甸祐玛(YOMA)银行将在商贸货币流通领域展开合作。
上述两大银行之间开展合作后,能使中缅两国贸易往来过程中的货币流通更加便利,同时也能提升服务水平。
中国工商银行作为缅甸中央银行允许在缅甸设立分行的9家外国银行之一,从今年3月起就已经获得在缅甸的经营许可权。中国工商银行已于9月8日在仰光正式设立分行。
与缅甸祐玛(YOMA)银行合作的中国工商银行(ICBC)属于中国商业类银行,成立于1984年,是一个年代悠久的银行。而祐玛(YOMA)银行由缅甸潘继泽所有。
据悉,2014年10月,缅甸中央银行批准9家外国银行在缅经营权后,一些银行便开始在缅甸设立分行。
အယ်ဒီတာ: မိုဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
