တယ်လီနော ဖုန်းအချင်းချင်း တစ်မိနစ်လျှင် ၁၈ ကျပ်ဖြင့် ပြောနိုင်မည့် အစီအစဉ် စတင်

2015-08-25 18:17|မဇ္ဈိမသတင်းစာ

တယ်လီနော ဖုန်းအချင်းချင်း တစ်မိနစ်လျှင် ၁၈ ကျပ်ဖြင့် ပြောနိုင်မည့် Super Pwar(စူပါပွား) အစီအစဉ်ကို တယ်လီနောက သြဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် စတင် လိုက်ပြီဖြစ်သည်။

အဆိုပါ အစီအစဉ်ဖြင့် ပြောဆိုမည် ဆိုပါက တယ်လီနော အချင်းချင်း တစ်မိနစ်လျှင် ၁၈ ကျပ် ကျသင့်မည် ဖြစ်ပြီး ယင်းအစီအစဉ် သုံးစွဲလိုပါက SMS ဖြင့် ( ကုတ်နံပါတ် ၃၆၅ သို့ “SUP ON”) ဟုပေးပို့၍ သော်လည်းကောင်း၊ တယ်လီနော Call Centerသို့ ဆက်သွယ် လည်းကောင်း ပြောင်းလဲ သုံးစွဲ နိုင်မည် ဖြစ်သည်။

ယင်းအပြင် တယ်လီနော ဖုန်းများမှ အခြား ဖုန်းများသို့ ခေါ်ဆိုခ ကိုလည်း ယခင် တစ်မိနစ် ၂၅ ကျပ်မှ  ၂၃ ကျပ်သို့ ပြောင်းလဲ သတ်မှတ် လိုက်ပြီ ဖြစ်သည်။

စူပါပွား အသုံးပြုသူ များသည် အင်တာနက် အသုံးပြု ရာတွင် တယ်လီနော၏ မီဂါဘိုက် ကျပ် ပေးရသော Smart Internet သို့ အလိုလျှောက် အကျုံးဝင် သွားမည် ဖြစ်သည်။

တယ်လီနော မြန်မာ၏ အမှုဆောင် အရာရှိချုပ် မစ္စတာ ပက်တာဖားဘာ့ခ်က  “ Smart Internet ကို အလိုလျှောက် အကျုံးဝင် အောင် စီစဉ် ထားတာက အင်တာနက်ကို သုံးစွဲမှု များလာတာ နဲ့အတူ သုံးစွဲသူတွေ အနေနဲ့ ပိုမြန်တဲ့  ကွန်နက်ရှင်ကို ရရှိ စေဖို့ ဖြစ်ပါတယ်ဟု ပြောသည်။  

တယ်လီနော မြန်မာ၏ My Internet အစီအစဉ်မှာမူ တမိနစ် ကို ငါးကျပ် နူန်းဖြင့် ဆက်လက် ရရှိမည် ဖြစ်သည်။

လက်ရှိ အချိန်ထိ  တယ်လီနောသည်   တိုင်းနှင့် ပြည်နယ် ၁၂ ခု တွင်  သုံးစွဲသူ ၁၀ သန်းကို ၀န်ဆောင်မှု ပေးနေသည်။ လာမည့် အနည်းငယ် အတွင်း ချင်းပြည်နယ် နှင့်  ရခိုင်ပြည်နယ် တို့တွင် ကွန်ယက် ချဲ့ထွင် သွားမည် ဖြစ်သည်။

昆明信息港-彩云桥 记者袁思思 从挪威特丽挪(Telenor)电信公司缅甸分公司获悉,挪威特丽挪电信公司即将开展下调通话费的超级服务(Super Pwar),该服务于20日开始生效,根据服务规定,该公司用户通话费由之前的每分钟25缅币下调至每分钟23缅币,而特丽挪用户间的通话费仅为每分钟18缅币。

据介绍,如果要使用超级服务,可用手机发送“SUP ON”短信至365进行开通,或者前往特丽挪服务中心开通。使用特丽挪公司超级服务的客户可以开通网络费为每兆6缅币的智能互联网。而特丽挪缅甸分公司的“我的网络”(“My Internet”)服务费仍为每分钟5缅币。

特丽挪缅甸分公司负责人表示,随着使用通智能互联网(Smart Internet)客户的不断增多,这将会使客户们获得更快的网速。

据悉,截至目前,Telenor公司在缅甸共有一千万客户,现在使用人数最少的钦邦和若开邦的使用人数将会在下个月有所增加。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်