ကမ္ဘာ့ရေနံစိမ်းဈေးကျနေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးကွက် ထူးခြားမှုမရှိဟုဆို
2015-08-24 18:09|
ကမ္ဘာ့ရေနံစိမ်းဈေး ဆက်လက်ကျဆင်းနေပြီး ပြည် တွင်းစက်သုံးဆီဈေးနှုန်းမှာ သိ သာစွာ ပြောင်းလဲမှု မရှိသေး ကြောင်း ပြည်တွင်း စက်သုံးဆီ ဈေးကွက်မှ သတင်းရရှိသည်။
ကမ္ဘာ့ ရေနံစိမ်း ဈေးသည် လက်ရှိတွင် တစ်စည်လျှင် ဒေါ်လာ၄၀ ဖြစ်သွားသည် အထိ စံချိန်တင် ဆက်လက် ကျဆင်း နေခဲ့ခြင်း ဖြစ်ပြီး တစ်လ အတွင်း ၁၀ ဒေါ်လာ ခန့် ဈေး ကျသွားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က ကမ္ဘာ့ ရေနံစိမ်း ဈေးမှာ တစ်စည် လျှင် ဒေါ်လာ ၅၀ ခန့်ရှိရာမှ ဩဂုတ် ၁၀ ရက်၌ ၄၃ ဒေါ်လာသို့လည်းကောင်း၊ ဩဂုတ် ၂၃ ရက်တွင် ဒေါ်လာ ၄၀ ခန့်သို့ လည်းကောင်း ထပ်မံကျဆင်း သွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ရေနံစိမ်း ဈေး ကျဆင်း နေသော်လည်း ပြည်တွင်း စက်သုံးဆီ ဈေးမှာ သိသာစွာ ပြောင်းလဲမှု မရှိခဲ့ဘဲ ဩဂုတ် ၁၀ ရက်ပေါက် ဈေးအတိုင်း ဆိုင်အများစုက ဆက်လက် ရောင်းချ လျက်ရှိ ကြောင်း သတင်းရရှိသည်။
ကမ္ဘာ့ ရေနံစိမ်း ဈေးသည် တစ်စည်လျှင် ဒေါ်လာ ၅၀ ခန့် ရှိခဲ့စဉ်က ပြည်တွင်း စက်သုံးဆီ ဈေးကွက်တွင် အောက်တိန်း-92 တစ်လီတာလျှင် ၇၃၀ ကျပ်၊ အောက်တိန်း- 95 တစ်လီတာလျှင် ၈၀၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၇၀၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၇၃၀ ကျပ်နှုန်းဖြစ်ပေါ်ခဲ့သည်။
ဩဂုတ် ၂၃ ရက်တွင်မူ ကမ္ဘာ့ရေနံစိမ်း တစ်စည် ဈေးမှာ ဒေါ်လာ ၄၀ သို့ ကျဆင်းသွား သော်လည်း ပြည်တွင်း စက်သုံးဆီ ဈေးကွက်တွင် အောက်တိန်း-92တစ်လီတာ ၇၀၀ ကျပ်၊ အောက်တိန်း- 95 တစ်လီတာ ၈၀၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၆၆၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာ ၇၀၀ ကျပ်ဖြင့် ရောင်းချမှုရှိနေ ပြီး ယင်းနှုန်းထားမှာ ဩဂုတ် ၁၀ ရက်တွင် ဖြစ်ပေါ်ခဲ့သည့်နှုန်း ထားအတိုင်းဖြစ်သည်။
‘‘ဒီရာသီက အရောင်းလည်း ပါးတယ်။ ကမ္ဘာ့ ဈေးလည်း ကျနေတော့ ပြည်တွင်း ဈေးကွက် မှာ ဒီထက်မက ဆက်ကျလာမယ်လို့ ထင်ထားတာ။ အခုက သိပ်မသိ သာဘူး ဖြစ်နေတယ်။ ကုမ္ပဏီတွေ ဘက်က ဘာကို ချိန်ဆနေ လဲတော့ မသိဘူး’’ဟု ပြည်တွင်း စက်သုံးဆီ ဖြန့်ဖြူးရေး နှင့် ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။
ကမ္ဘာ့ ရေနံစိမ်း ဈေးမှာ ၂၀၁၄ နှစ်ကုန် မှစတင်၍ ဈေးကျ ဆင်းမှုများ ဖြစ်ပေါ် ခဲ့ပြီး ၂၀၁၅ ဧပြီလဆန်း မှစ၍ ဈေး ပြန်လည် မြင့်တက် လာခဲ့ သော်လည်း အမြင့်ဆုံး တစ်စည် လျှင် ဒေါ်လာ ၆၀ ကျော်အထိသာ ရောက်ရှိခဲ့ပြီး ဇွန်လကုန်မှစ၍ ဈေးပြန်လည် ကျ ဆင်းခဲ့ခြင်းဖြစ်သည်။ (By မိုးမင်း)
昆明信息港-彩云桥 记者文丽荣 从缅甸国内汽柴油市场来看,虽然国际原油价格持续下滑,但是缅甸国内汽柴油价格并没有明显变化。目前,国际原油市场上的油价已经创造了每桶40美元的低价纪录,并且还在持续下跌,一个月内下跌了近10美元。
7月23日,国际原油价格为每桶50美元时,缅甸国内汽柴油市场上,92号汽油价格为每升730缅币,95号汽油价格为每升800缅币;普通柴油价格为每升700缅币,高纯度柴油价格为每升730缅币。
8月23日,国际原油价格下跌为每桶40美元,但是缅甸国内汽柴油市场上,92号汽油价格为每升700缅币,95号汽油价格为每升800缅币;普通柴油每升660缅币,高纯度柴油价格为每升700缅币。然而,截至目前,缅甸国内的汽柴油价格并无明显变化,大多数汽柴油销售店仍然还按照8月10日的油价继续销售汽柴油。
缅甸国内汽柴油销售和市场专家分析指出,“这个季度的汽柴油销量较小,国际原油价格也一直在下跌,但我认为缅甸国内市场上的汽柴油价格将不会在次基础上继续下跌,现在,一切都还是未知数,我们也不知道各个企业方面是如何考虑的。”
据悉,国际原油价格从2014年年底开始下跌,2015年4月初又开始重新上涨,但是最高价格也只涨到每桶60美元左右,到6月底,价格又开始下跌。
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့