မြန်မာနိုင်မှာ စက်တင်ဘာလလယ်တွင် ပြည်ပတင်ပို့မှုကို ပြန်လည်သုံးသပ်မည်
2015-08-13 17:34|
ဘုရင့်နောင်ဈေးကွက် အတွင်းသို့ ၀င်ရောက်လာသည့် ဆန်ကားများအား တွေ့ရစဉ်
ပြည်တွင်း စားသုံးရန် ဆန်/စပါး လက်ကျန် နိုဝင်ဘာလကုန်အထိ လုံလောက်သော ပမာဏဖြစ်သည့် ဆန် တန်ချိန် ၃၄ ဒသမ ၈၁၇ သန်း ရှိနေပြီး ယခုလမှ နိုဝင်ဘာလကုန် အထိ ထွက်ရှိလာမည့် စပါး များမှာ ပိုလျှံလာမည့် အရေအတွက် ဖြစ်သည့်အတွက် စက်တင်ဘာ လလယ်ခန့်မှစတင်၍ ပြည်ပသို့ ဆန်တင်ပို့မှုကို ပြန်လည် သုံးသပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သြဂုတ် ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံရှိ လူဦးရေ ၅၁ ဒသမ ၄၇၉ သန်းအတွက် တစ်လစားသုံးနှုန်းမှာ ဆန် တန် ချိန် ၈ ဒသမ ၅၈၂ သန်း လိုအပ်မည်ဖြစ်ပြီး နိုဝင်ဘာလကုန်အထိ ပြည်တွင်းစားသုံးရန် လိုအပ်ချက်မှာ ၃၄ ဒသမ ၃၂၆ သန်းဖြစ်သည်။
သြဂုတ် ၇ ရက်တွင် ကောက်ယူ ခဲ့သည့် စာရင်း များအရ ပြည်တွင်းတွင် လက်ရှိကျန် ရှိသည့် ဆန် နှင့် စပါးအရေအတွက်မှာ စပါး တင်းပေါင်း ၂၇၄၃ ဒသမ ၅၂၃ သိန်းနှင့် ဆန် တန်ချိန်ပေါင်း ၇ ဒသမ ၃၈၂ သိန်းအထိ ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား ချက်အရ သိရသည်။ အဆိုပါ ပမာဏအရ နိုဝင်ဘာလကုန်အထိ ပြည်တွင်းစားသုံးရန် ကျန်ရှိ မည့် ပမာဏမှာ ဆန် တန်ချိန် ၃၄ ဒသမ ၈၁၇ သန်းရှိနေပြီး ပြည်တွင်းစားသုံးမှုနှုန်း မှာ ၃၄ ဒသမ ၃၂၆ တန်သန်းဖြစ်သဖြင့် ပိုလျှံ မည့် ပမာဏမှာ ၀ ဒသမ ၄၉၁ သန်း ဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ ချင်းပြည်နယ်တွင် စပါးနှင့် ဆန်လက် ကျန် လုံးဝ မရှိဘဲ ချင်းပြည်နယ်ရှိ လူဦးရေ ၀ ဒသမ ၄၇၈ သန်းအတွက် ဆန်လိုအပ်ချက် ဖြစ်ပေါ် နေမည်ဖြစ်ကာ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကယား ပြည်နယ် စသည့် ဒေသများတွင် ဆန်စပါး ကျန်ရှိမှု နည်းပါး နေကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လအတွင်း သီးနှံများ ရေကြီးနစ်မြုပ်မှု အနေဖြင့် ဧက ၁၂ သိန်း ကျော်သွားပြီဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရေနစ်မြုပ်သွားသည့် သီးနှံဧကများအနက် ရေပေါ်ပြန်ပေါ်လာသည့် ဧကပေါင်းမှာ ၈၉၀၅၄၄ ဖြစ်ပြီး ထိခိုက်သည့် ပမာဏမှာ ၆၄၁၂၂၂ ဧက ဖြစ်သည်။ ပျက် စီးသည့်ဧကမှာ ၄၀၇၉၂၅ ရှိပြီး ပြန်လည် စိုက်ပျိုးနိုင်သည့်ဧကမှာမူ ၃၆၄၈ သာရှိနေ ကြောင်း သြဂုတ် ၁၀ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်သည့် ပြည်ထောင်စု ချုပ် စာရင်းအရ သိရသည်။
မြန်မာနိုင်ငံတွင် ဆန် စပါး စိုက်ပျိုးသည့် ဧက ၁၅ သန်းဝန်းကျင်ရှိပြီး ယခုနှစ် နစ်မြုပ်သည့် ဧရိယာ အကျယ်အ၀န်းမှာ တစ်သန်းကျော်ရှိနေပြီး၊ အလားတူ ပျက်စီးသွားသည့် လယ်မြေဧရိယာ နှစ်သိန်းနှင့် သုံးသိန်းကြား ရှိနိုင်ကာ၊ ထိုဒေသများတွင် အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရန် လိုအပ်နေကြောင်းလည်း သိရသည်။
运送大米的车辆抵达博应瑙市场
昆明信息港-彩云桥 记者袁思思 2015年6月、7月和8月期间,持续不断的暴雨造成缅甸洪水灾害,农作物受灾达120万英亩。 截至8月10日,上述被洪水淹没的农作物中,有89.05万英亩农作物已经浮出水面,受灾面积达64.12万英亩,受毁坏农作物面积为40.79万英亩,重新播种面积为4648英亩。
缅甸商务部于8月10日发布消息指出,目前,缅甸国内的稻谷和大米储量为3481.7万吨,该储量可供国内民众食用到11月底。这个月到11月底是收割稻谷的时间,这段时间内,缅甸国内的大米储量也会随之上涨,因此,缅甸正在计划从9月中旬开始,重新恢复大米出口业。
现在,缅甸人口总数为5147.9万,每月所需的大米量为858.2万吨,截至到11月,缅甸国内所需的大米量预计为3432.6万吨。
据8月7日的统计数据可知,缅甸国内稻谷储量为2.74亿箩(16缅升),大米储量为73.82万吨,总计为3481.7万吨大米。上述储量可供国内民众食用到11月份,并且还剩49.1万吨大米。其中,钦邦不产稻谷和大米,在解决了钦邦47.8万人口的粮食问题后,若开邦、马圭省、孟邦以及克耶邦等省邦的稻谷和大米剩余储量也随之减少。
据悉,缅甸稻谷播种面积为1500万英亩,今年,被洪水淹没的水稻面积超过一百万英亩,同时,农田受毁面积在20万至30万英亩之间,这些受灾地区还需要重新播种稻谷。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့

