မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ဗီဇာမလိုဘဲ ၁၄ ရက်ကြာသွားလာခွင့် စတင်အသက်ဝင်ပြီ
2015-08-11 18:13|
ထိုင်း - မြန်မာ နှစ်နိုင်ငံ ဗီဇာမလိုပဲ ၁၄ ရက်ကြာ လည်ပတ်ခွင့်ကို သြဂုတ်လ ၁၁ ရက်မှစ၍ ရရှိပြီဖြစ်ကြောင်း ထိုင်း ဒုတိယ၀န်ကြီးချုပ် ထာနာဆတ် ပထိမာစရာဂွန် ကပြောသည်။
ဗီဇာကင်းလွတ်ခွင့်ကို ပုံမှန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး လေယာဉ်ဖြင့် ခရီးသွား လည်ပတ်မည့် သူများ အတွက်သာ ဖြစ်သည်။ ထို့ပြင် တစ်ဦးချင်းအတွက်ဖြစ်ပြီး လေယာဉ်ဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး လေဆိပ်များသို့ ဆင်းသက် ရမည်။
ထိုင်းနိုင်ငံအတွင်းသို့ တစ်ကြိမ်ထက်ပို၍ ၀င်ထွက်လိုသူများအတွက် ထိုင်းနိုင်ငံ၏ လုံခြုံရေးအပေါ်အခြေခံပြီး သုံးသပ် စဉ်းစားမည်ဟု လည်းသိရသည်။
ဗီဇာကင်းလွတ်ခွင့် နှစ် နိုင်ငံ သဘောတူညီချက် နားလည်မှု စာချွန်လွှာ (MoU)ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင် ၂၈ ရက် ၌ နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးအဆင့် လက်မှတ် ရေးထိုး ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦး စိန်ဦးက ပြောသည်။
‘‘ထိုင်းဘက်က လေဆိပ်ဝင် ပေါက်တွေမှာ ပထမအဆင့် လက်မှတ် ရေးထိုး ချင်တယ်လို့ ကမ်းလှမ်း လာပါ တယ်။ ဒီဘက်လ၀က ကလည်း ကန့်ကွက်မှု မရှိတာ ကြောင့် လက်မှတ်ရေးထိုး သဘောတူလိုက်တာပါ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
MoU လုပ်ငန်းသဘောအရ လက်မှတ်ထိုးပြီး တစ်လအကြာ တွင် ဗီဇာကင်းလွတ်ခွင့် နှင့် အသက်ဝင်မည် ဖြစ်ကြောင်း ဦးစိန် ဦးက ပြောသည်။
ယခုကဲ့သို့ ဗီဇာ ကင်းလွတ်ခွင့်ကို အာဆီယံနိုင်ငံများအကြား သဘောတူညီမှုအဖြစ် လုပ် ဆောင်နေပြီး အဆိုပါ အစီအစဉ် အတွက် လွန်ခဲ့သည့် ၂ နှစ်က စတင်လုပ်ဆောင်လာခြင်း ဖြစ် သည်။ မြန်မာဘက်က နယ်စပ်ဝင် ပေါက် လေးခုတွင်ပါ ဗီဇာကင်း လွတ်ခွင့် တောင်းဆိုထား သော်လည်း ထိုင်းဘက်မှ လေဆိပ် ၀င်ပေါက် ၂၃ ခု သာ ပထမအဆင့် အနေဖြင့် လက်မှတ်ရေးထိုးလို ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ်းလှမ်း လာခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဗီဇာကင်း လွတ်ခွင့်နှင့်ပတ်သက်၍ သံတမန် နှင့် အစိုးရလုပ်ငန်းများ အတွက် နိုင်ငံပေါင်း ၁၇ နိုင်ငံကို ခွင့်ပြု ထားသည်။ သာမန် ပြည်သူ များမှာ အာဆီယံ ကိုးနိုင်ငံ အနက် စင်ကာပူ မှလွဲ၍ ကျန်ရှစ် နိုင်ငံသို့ ဗီဇာ မလိုဘဲ အပြန်အလှန် သွားလာခွင့် ရရှိထားပြီး ဖြစ်သည်။
昆明信息港-彩云桥 记者袁思思 8月11日,泰国副总理兼外长塔纳萨表示,泰缅两国已经准许两国公民无需持有签证就可到对方国家旅游。对于持有缅甸护照想要去泰国旅游的人唯一的限制是,必须从内比都机场、曼德勒机场或者仰光机场乘坐飞机进入泰国。
缅甸外交部领事司副司长吴盛乌表示,缅泰双方已于7月28日在泰国清迈签署了泰缅两国互免签证部长级协议,该协议规定泰缅两国公民可以免签入境,停留期限不得超过14天,并且签证互免协定是在签署该备忘录后的一个月内才会生效。
早在两年前,东盟国家就已经在制定东盟国家之间互免签证入境的计划。关于此次互免签证入境政策,缅方要求在边境的4个口岸施行,但经商讨,最后签署的协议中规定在泰国的23个机场中免签入境。
据悉,关于缅甸入境免签的事宜,已经通过外交和政府途径,允许了17个国家的公民入缅免签。针对持普通护照的东盟9国公民,除新加坡外,与其余8个国家均已实现互免签证入境。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
