နေပြည်တော် ကျောက်မျက် ပြပွဲရောင်း ရငွေ အပေါ် ရတနာခွန် ၁၀ ရာခိုင်နှုန်း မကောက်တော့
2015-08-09 17:52|
ပြီးခဲ့သည့် ဇွန်လကုန် က နေပြည်တော်ရတနာခွန် ၁၀ ရာခိုင်နှုန်း လျော့ပေါ့ပေးပြီး ပြပွဲမှ ကျောက်မျက် ရောင်းရငွေများ အပေါ် ကုန်သွယ် လုပ်ငန်းခွန် ၁၅ ရာခိုင်နှုန်းသာ ကောက်ခံတော့ မည်ဖြစ်ကြောင်း သတ္တု ၀န်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှသတင်း ရရှိသည်။
သတ္တုတွင်း ၀န်ကြီးဌာန အနေဖြင့် ယခင်က ကျင်းပပြုလုပ်ခဲ့ သည့် ကျောက်မျက် ပြပွဲများ တွင် ကျောက်မျက် ရောင်းရငွေ ၏ ၁၀ ရာခိုင်နှုန်း ကိုသာ အခွန် ကောက်ခံ ခဲ့သည်။ သို့သော် ပြီးခဲ့သည့် ဇွန် လကုန် နှင့် ဇူလိုင်လဆန်းတွင် နေပြည်တော်၌ ကျင်းပ ပြုလုပ် ခဲ့သည့် (၅၂) ကြိမ်မြောက် ကျောက်မျက် ပြပွဲ မှစတင်ကာ ကျောက်မျက် ရတနာ ပြပွဲ များတွင် ရောင်းချ သည် ကျောက်မျက် ရတနာများ ၏ ရောင်းရငွေ အပေါ် ကုန်သွယ် လုပ်ငန်းခွန် ၁၅ ရာခိုင်နှုန်း နှင့် မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေ အရ ရတနာ ခွန် ၁၀ ရာ ခိုင်နှုန်း စုစုပေါင်း ၂၅ ရာခိုင်နှုန်း အထိ ကောက်ခံရန် စီစဉ် ခဲ့ခြင်း ဖြစ်သည်။
သို့သော် သတ္တုတွင်းဝန်ကြီး ဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း က သြဂုတ် ၈ ရက်စွဲ ဖြင့် ထုတ်ပြန်သည့် စာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ ၏ စည်းဝေး ဆုံးဖြတ်ချက် အရ မြန်မာ့ ကျောက်မျက် ရတနာပြပွဲ များ၌ နိုင်ငံတော် နှင့် အကျိုးတူ မဟုတ်သည့် ပုဂ္ဂလိက လုပ်ငန်းရှင် များ၏ ကျောက်မျက် ရတနာများ ရောင်းချ ရငွေ အပေါ် ၂၀၁၅ ပြည်ထောင်စု ၏ အခွန် အကောက်ဥပဒေပါ အခွန်နှုန်းထား များအတိုင်း ကောက်ခံ ပြီးပါက မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေ အရ ကောက်ခံသည့် ရတနာခွန် ၁၀ ရာခိုင်နှုန်း ကို ကင်းလွတ်ခွင့်ပြုမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည် ဟု ဖော်ပြထားသည်။
‘‘အခွန် နှစ်ထပ် ဖြစ်နေတယ် ဆိုပြီး ကုန်သည်တွေက ၀ိုင်းပြီး ကန့်ကွက် တဲ့အတွက် လျှော့ပေး လိုက်တာပါ။ အခုတော့ ကုန်သွယ် လုပ်ငန်းခွန်ပဲ ကောက်တော့မယ်။ အခွန် လျှော့ လိုက်တော့ ကျောက်မျက် ပြပွဲတွေ အပေါ် ပြည်တွင်း ပြည်ပ ကျောက်သမားတွေ ပိုပြီး စိတ်ဝင်စား လာနိုင်တာပေါ့’’ ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း အတွင်း ရေးမှူး (၂) ဦးထွန်းလှအောင်က ပြောသည်။
ပြပွဲတွင် ရောင်းချမည့် ကျောက်မျက်များ၏ ရောင်းရငွေ အပေါ် အခွန် တိုးကောက်မည့် ဂယက် နှင့်အတူ ပြပွဲ ကျင်းပရေး ကော်မတီမှ အာမခံ စပေါ်တိုးမြှင့် ကောက်ခံ ခြင်းများ ကြောင့် ပြီးခဲ့သည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်း ကျောက်မျက် ရောင်းချရမှု သိသိသာသာ လျော့နည်း ခဲ့သည်။ ပြီးခဲ့သည့် (၅၂) ကြိမ်မြောက် ကျောက်မျက် ပြပွဲတွင် ကျောက်စိမ်း ကျောက်မျက် အမေရိကန် ဒေါ်လာ သန်း ၉၀၀ ကျော် ဖိုးသာ ရောင်းချ ခဲ့ရပြီး ယင်းမှာ ယခင်နှစ် ကျောက်မျက် ပြပွဲထက် ရောင်းရငွေ ထက်ဝက်ကျော် လျော့နည်းသွား ခြင်း ဖြစ်သည်။ ၂၀၁၄ တွင် ပြုလုပ်ခဲ့သည့် ကျောက်မျက် ပြပွဲ၌ ကျောက်စိမ်း ကျောက် မျက် ရောင်းချရမှု စံချိန် တင်ခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၂,၆၀၀ ကျော်ဖိုးရောင်းချ ခဲ့ ရသည်ဟု ပြပွဲ ကျင်းပရေး ကော်မတီက သတင်း ထုတ်ပြန်သည်။
ကျောက်မျက် ပြပွဲ အခွန် လျှော့ကောက်မည့် သတင်းမှာ လက်ရှိ ကျောက်မျက် အရောင်း အ၀ယ် ဈေးကွက် အပေါ် တိုက်ရိုက် ရိုက်ခတ်လာမှု မရှိဘဲ ပြပွဲတွင် တင်ပြ ရောင်းချသည့် ကျောက်စိမ်း ကုမ္ပဏီ များနှင့်သာ အဓိက သက်ဆိုင်သည်ဟု မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်းမှ ကျောက်ကုန်သည် တစ်ဦးက ပြောသည်။
သတ္တုတွင်း ၀န်ကြီးဌာန အနေဖြင့် ကျောက်စိမ်း၊ ကျောက်မျက် နှင့် ပုလဲများ အရိုင်းအတိုင်း ရောင်းချသည့် ကျောက်မျက် ပြပွဲ များကို နေပြည်တော်တွင် နှစ်စဉ် ကျင်းပ လျက်ရှိပြီး ပြပွဲများကို ကျပ်ငွေဖြင့် ရောင်းချသည့် ပွဲ၊ နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ပွဲဟူ ၍ ခွဲခြား ကျင်းပ သည်။ ယူရိုငွေ ဖြင့် ရောင်းချသည့် Imporiam (ခေါ်) ကျောက်စိမ်း ကျောက်မျက် ရောင်းချပွဲ များတွင် အရည်အသွေး မြင့် ကျောက်စိမ်း ကျောက်မျက် အရိုင်းများကို ရောင်းချ ပြီး တရုတ်နိုင်ငံမှ ကျောက်မျက် ကုန်သည် များ အဓိက လာရောက် ၀ယ်ယူ ကြသည်။ (By မောင်တာ)
昆明信息港-彩云桥 记者袁思思 从缅甸矿业部缅甸珠宝业获悉,缅甸矿业部已经减免内比都珠宝交易会上需要缴纳的10%珠宝税,只征收内比都珠宝玉石交易会上15%商业税。
此前,缅甸矿业部征收珠宝玉石交易会上珠宝销售收入所得税10%。但是,从6月底到7月初期在内比都举行的第52届玉石交易会开始,缅甸矿业部将珠宝销售收入所得税增加至25%,其中包括15%珠宝销售商业税以及缅甸珠宝法规定的10%珠宝税。
但是,8月8日,缅甸矿业部缅甸珠宝业又发布公告指出,经联邦政府决定,此前根据《2015联邦税收法》的规定,在珠宝交易会上缴纳过珠宝销售收入所得税的非公合资经营的私营珠宝企业,现将按照缅甸珠宝法有关规定,退还其缴纳的10%珠宝税。
缅甸珠宝企业家协会第二秘书吴吞拉敖表示说,此次免征10%珠宝税是因为绝大多数珠宝商反对矿业部增加珠宝交易会上的税收。现在,矿业部只征收15%商业税。免征珠宝税后,将会吸引更多的国内外珠宝商前来参加珠宝交易会。
受珠宝交易会上税收增加的影响,并且由于珠宝交易会举办委员会提高了参加交易会时要缴纳的保证金额度,缅甸第52届珠宝玉石交易会上珠宝玉石成交额约为9亿美元,相比2014年举办的第51届珠宝玉石交易会26亿成交额,减少了三成多的成交额。
据曼德勒玛哈昂咩珠宝市场的一位商人介绍,减免珠宝交易会上的税收这一决定对珠宝市场没有任何影响,这只跟参加珠宝交易会的玉石公司有关。
据悉,缅甸矿业部每年都会在内比都举办玉石、珠宝和珍珠交易会,交易会分为用缅币交易的和用外币交易的。用欧元进行交易的珠宝交易会上只销售质量上乘的玉石和珠宝,主要是中国商人前来参加购买。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
