ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာ
2015-08-08 17:57|
ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း စံချိန်တင် ပြန်လည်ကျဆင်းလာ ၍ ပြည်တွင်းစက်သုံးဆီဈေးနှုန်း မှာလည်း အနည်းငယ် လျော့ကျ လာကြောင်း သတင်းရရှိသည်။
ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၇၀ ခန့်မှ တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ သြဂုတ် ၈ ရက်တွင် တစ်စည်လျှင် ၄၃ ဒေါ်လာခန့်အထိ ရောက်ရှိသွားခဲ့၍ ကမ္ဘာ့ အနိမ့်ဆုံး စံချိန်တင် ဈေးနှုန်းသို့ ပြန်လည် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည် ဟု ဈေးကွက်မှ သိရသည်။
အဆိုပါ ရေနံစိမ်း ဈေးမှာ ယခုနှစ် ဆန်းပိုင်းတွင် တစ်စည်လျှင် ၄၅ ဒေါ်လာ အထိ ရောက်ရှိ ခဲ့ပြီး အနိမ့်ဆုံး ဈေးနှုန်း အဖြစ် ရပ်တည် ခဲ့ သော်လည်း လ အနည်းငယ် အတွင်း တဖြည်းဖြည်း ပြန်လည် မြင့်တက် သွား ခဲ့ရာမှ ယခုအခါ အကျဘက်သို့ ပြန်လည် ဦးတည် လာခဲ့ ကြောင်း ဈေးကွက် ကျွမ်းကျင်သူ များက ဆိုသည်။
‘‘လက်ရှိ အခြေအနေ ထိကတော့ ဈေးကွက် အနေအထား မှန်းရခက်တယ်။ ဆက် ကျ နိုင်သေးတဲ့ အလာအလာ ဆက်ရှိနိုင်တယ် လို့တော့ ခန့်မှန်းထားတယ်’’ဟု စက် သုံးဆီ တင်သွင်း ဖြန့်ဖြူးရေး ဈေး ကွက် ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းတွင် ဇူလိုင် ၂၀ ရက်က အောက်တိန်း ၉၂ တစ်လီတာလျှင် ၇၃၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၈၀၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၇၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၇၃၀ ကျပ်နှုန်းရှိခဲ့ရာမှ သြဂုတ် ၈ ရက်တွင် အောက်တိန်း ၉၂ တစ်လီတာ ၇၀၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၈၀၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၆၆၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၇၀၀ ကျပ်သို့ဈေးကျဆင်းမှု ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် မိုးရာသီ၌ စက်သုံးဆီ ဈေးနှုန်းမှာ အစဉ်အလာ အားဖြင့် ကျဆင်းလေ့ရှိပြီး ယခု ကမ္ဘာ့ ပေါက်ဈေး မှာလည်း သိသာစွာ ကျဆင်း နေခြင်းကြောင့် ယခု ထက်နှုန်းထား လျှော့ချမှု ပြုလုပ် သင့်သည်ဟု စီးပွားရေး လုပ်ငန်းရှင် ယာဉ်ပိုင်ရှင် ဦးအောင် ကျော်စိုးက ပြောသည်။
‘‘ကုမ္ပဏီတွေ ကတော့ အရင်ဈေးနဲ့ သိုလှောင် ထားတာတွေ ရှိတော့ ကမ္ဘာ့ ဈေး ကျ တယ် ဆို ပေမယ့် ချက်ချင်းကြီး လိုက်ချပေးဖို့ မလွယ်တော့ ဖြည်းဖြည်းချင်တော့ ဈေး ချပေးနေ ကြ တာပါပဲ။ ကျတော့ ကျနေပါတယ်’’ ဟု UTT စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးညီနိုင်ထွန်းက ပြောသည်။
လက်ရှိ ဈေးကွက် အနေအထား တွင် နိုင်ငံတစ်ဝန်း ရေကြီး နစ်မြုပ်များ ဖြစ်ပေါ်နေသော ကြောင့် အရောင်းအ၀ယ် ပါးနေသည်ဟု စုံစမ်းသိရသည်။ (By မိုးမင်း)
昆明信息港-彩云桥 记者袁思思 受国际原油价格再次下跌的影响,缅甸国内汽油价格也再次下降。国际油价从每桶70美元逐步下跌,截至8月8日,下跌为每桶43美元,此次再次下跌到最低价格。
据缅甸汽油价格分析人士指出,今年年初,国际原油价格就下跌为每桶45美元,价格到最低时后就暂停下跌,但是,不到一个月的时间油价又慢慢上涨起来,现在又持续下跌。
“就目前的油价看来,难以预估市场行情,不过,我认为油价在之后的一段时间内是会下跌的。”缅甸汽油进口及销售市场分析师说道,7月20日,缅甸国内92号汽油价格降至每升730缅币,95号汽油将至每升800缅币,普通柴油价格跌至每升700缅币,高级柴油价格跌至每升730缅币;8月8日,92号汽油价格降至每升700缅币,95号汽油为每升800缅币,普通柴油价格跌至每升660缅币,高级柴油价格跌至每升700缅币。
缅甸商人吴敖觉梭介绍说,一般来说,一到雨季缅甸汽油价格就会下跌。现在又由于国际油价下跌,缅甸油价跌幅更大了。
“汽油公司储存的汽油是以原来的价格进口来的,现在,虽然国际油价大幅下跌,缅甸国内油价也会下降,但不可能马上大幅下降,价格应该会缓慢下降。” 仰光汽柴油店老板吴尼吞表示,目前,缅甸由于遭受洪水灾害,汽柴油销售行业都不景气。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့