ကမ္ဘာ့ဈေး နှင့် ပြည်တွင်းဈေး ကျဆင်း ပြီး ရော်ဘာ အရောင်းအ၀ယ် ပုံမှန်ရှိ

2015-08-07 08:45|၇ရက်နေ့စဉ်သတင်းစာ

ကမ္ဘာ့ဈေးကွက်တွင် ရော်ဘာဈေးကျဆင်းမှုနှင့်အတူ ပြည်တွင်းရော်ဘာဈေး လိုက်ကျ လာပြီး အရောင်းအ၀ယ် ပုံမှန် အခြေအနေသာရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူ များအသင်းမှ သတင်းရရှိသည်။

‘‘မိုးတွင်းမှာ ဈေးကောင်း တာ ခြံသမားတွေအတွက် အကျိုး မရှိဘူး။ အခုဈေးကလည်း ပြန်ကျ တာ နှစ်ပတ် လောက် ရှိနေပြီ’’ဟု အထက်ပါအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးခိုင်မြင့်ကပြော ကြားသည်။

တရုတ်နိုင်ငံမှ အစုရှယ်ယာ ဈေးကွက်ဂယက်ဖြင့် ရော်ဘာ ၀ယ်လိုအား လျော့နည်းသွားမှု ကြောင့် ကမ္ဘာ့ ဈေးကွက်တွင် ရော်ဘာ ဈေးသည် တစ်တန်လျှင် ကန် ဒေါ်လာ ၅၀၀ ခန့် ပြန်လည်ကျ ဆင်းလာသည်။ ဇူလိုင်လလယ် ပိုင်းတွင် ကန်ဒေါ်လာ ၂,၀၀၀ ခန့်ရှိသော ရော်ဘာဈေးနှုန်းသည် ဇူလိုင် ၃၁ ရက်တွင် တစ်တန် လျှင် ကန်ဒေါ်လာ ၁,၅၀၀ သို့ ပြန်လည် ကျဆင်းလာကြောင်း ဦးခိုင်မြင့်က ပြောသည်။

‘‘အခု ဈေးလောက်ဆိုရင် တော့ လုပ်နိုင်ပါတယ်။ အစေးလှီး ချိန်တုန်းက အရမ်း ဈေးနည်း တော့ အလုပ်သမား ခနဲ့ မကိုက်လို့ရပ်ခဲ့ ရတယ်’’ ဟု ဘီလင်းမြို့နယ်မှ ရော်ဘာခြံပိုင်ရှင် တစ်ဦးက ပြော ကြားသည်။

လက်ရှိ ပြည်တွင်း ဈေးကွက် တွင် ကမ္ဘာ့ ဈေး နှင့်အတူ ဈေးကျ ဆင်းလာ သော်လည်း ငွေလဲနှုန်း မြင့်မားမှု ကြောင့် Rss-3 အမျိုးအစားရော်ဘာ တစ်ပေါင်လျှင် ကျပ် ၇၆၀ ခန့် ဈေး ရှိနေသည်။ ယင်းရော်ဘာ အမျိုး အစား ဈေးနှုန်းသည် ဇူလိုင်လလယ်က တစ် ပေါင်လျှင် ကျပ် ၈၅၀ ခန့်ရှိသည်။

ရော်ဘာဈေးနှုန်းသည် မတ် လက ကမ္ဘာ့ဈေးကွက်တွင် တစ် တန်လျှင် ကန်ဒေါ်လာ ၁,၇၀၀ ခန့်ရှိချိန်၌ ပြည်တွင်းတွင် Rss-3 အမျိုးအစား တစ်ပေါင်လျှင် ကျပ် ၅၅၀ ခန့်သာရှိသည်။ ထိုအချိန်က ငွေလဲနှုန်းသည် ကန်တစ်ဒေါ်လာ လျှင် ကျပ် ၁,၀၀၀ ခန့်သာရှိပြီး ဇူလိုင် ၃၁ ရက်တွင် ကျပ် ၁,၂၄၀ ခန့်ထိ မြင့်တက်လာသည်။

ပြည်ပသို့ရော်ဘာတင်ပို့မှု သည် အစေးလှီးရာသီရောက်ချိန် တွင် တစ်ပေါင်လျှင်ကျပ် ၉၀၀ မှ ၁,၀၀၀ ကြား ဈေးရှိပါက ယခုနှစ် အတွက် တန်ချိန် တစ်သိန်းခန့် တင်ပို့ နိုင်မည်ဟု ဦးခိုင်မြင့်ကပြော ကြားသည်။ (By ပြည်သိမ်း)

昆明信息港-彩云桥 记者袁思思 据缅甸橡胶种植生产者协会介绍,受国际市场的橡胶价格不断下跌的影响,目前,缅甸国内市场的橡胶价格也正下跌,但国内橡胶贸易未受价格下跌的影响,而是平稳发展。

“雨季的时候,就算橡胶价格上涨,对种植橡胶林所有者来说,也没有什么好处。现在,近两周内橡胶价格都在持续下跌。” 缅甸橡胶种植生产者协会秘书长吴凯敏说道,受中国股票市场的影响,橡胶的购买力减弱,国际市场的橡胶价格下跌为每吨500美元。7月中旬,橡胶价格为每吨2000美元,到7月31日,下跌为每吨1500美元。

缅甸毕林市的一位橡胶林所有者介绍说,“现在这样的价格还能接受了。之前在割胶的那段时间里,橡胶价格非常低,那种价格都不够付工人的工资。”
虽然,缅甸国内橡胶价格受国际市场橡胶价格下跌的影响,但由于美元兑换缅币的汇率上涨,Rss-3类橡胶价格约为每磅760缅币,而7月中旬时,这个品种的橡胶价格为每磅850缅币。

据悉,3月,国际市场橡胶价格为每吨1700美元,缅甸国内市场橡胶价格为每磅550缅币。此时,美元兑换缅币的汇率约为1比1000,而到7月31日,汇率上涨为1比1240。

据吴凯敏介绍,在割胶的季节,橡胶的出口价格为每磅900缅币至1000缅币,预计今年橡胶的出口量能达10吨。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်