ဆောင်းသီးနှံ ထွက်နှုန်းနည်း၍ လာမည့်နှစ် ပဲဈေးကောင်းနိုင်
2015-08-06 17:43|
ပွဲရုံတွင် ပြသထားသော ပဲအမျိုးမျိုး
မြန်မာနိုင်ငံတွင် လယ်မြေဧက များစွာ ရေနစ်မြုပ်နေ သဖြင့် ဆောင်းသီးနှံပဲ စိုက်ပျိုးမှု နောက်ကျပြီး အထွက် နှုန်း နည်းနိုင်၍ လာမည့်နှစ်၌ ပဲဈေး ပိုမြင့်နိုင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည် အသင်း မှ သတင်း ရရှိသည်။
‘‘ပဲက အိန္ဒိယမှာလည်း ရာသီဥတု ဆိုးနေတော့ ဈေးက ကောင်းတယ်။ လက်ကျန်ကလည်း နည်းတော့ လာမယ့်နှစ်မှာလည်း ဈေးက ပိုကောင်းနိုင်တယ်’’ ဟု အထက်ပါ အသင်း အတွင်း ရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။
လက်ရှိတွင် လယ်မြေများ ရေကြီးနစ်မြုပ်မှု ကြောင့် ဆောင်းသီးနှံပဲမျိုး စုံစိုက်ပျိုးမှု နောက်ကျပါက အထွက်နှုန်း လျော့နည်းပြီး အပင်များ ရောဂါ များစွာ ကြုံတွေ့ ရနိုင်သည် ဟု ဆိုသည်။
ယခုနှစ်တွင် ပြည်တွင်း ပဲဈေးကွက်သည် စံချိန်တင် မြင့်တက်လာပြီးနောက် မတ်ပဲ တစ်တန်လျှင် ကျပ် ၁၄ သိန်းကျော်ထိ မြင့်တက်ခဲ့သည်။ ယင်းသို့ဈေး မြင့်တက်ခြင်းသည် ပြည်တွင်းပဲပေါ်ချိန်တွင် အထွက်နှုန်းနည်း ခြင်း၊ အိန္ဒိယနိုင်ငံ၌ ရာသီဥတု ဆိုးရွားခဲ့သဖြင့် အထွက်နှုန်းနည်း ပြီး ဈေးများတိုးပေး၍ ၀ယ်ယူမှုများခြင်း ကြောင့် ဟု ကုန်သည်များ က ပြောသည်။
ပြည်တွင်း၌ ယခုနှစ်ပဲသစ် ပေါ်ချိန်တွင် မတ်ပဲမှာ တစ်နိုင်ငံလုံး စိုက်ပျိုးမှု၏ ၃၀ ရာခိုင်နှုန်း ကျော်၊ ပဲစင်းငုံမှာ လည်း ၄၀ ရာ ခိုင်နှုန်းခန့် အထွက်နှုန်းလျော့ခဲ့ သည်။ ထို့ကြောင့် ယခုနှစ် မကုန် မီမှာပင် ပြည်တွင်း၌ ရှိနေ သော ပဲများ အကုန်တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
လက်ရှိ ပြည်တွင်း ဈေးကွက် တွင် မတ်ပဲနှင့် ပဲစင်းငုံဈေးသည် အိန္ဒိယနိုင်ငံမှ အ၀ယ်ကောင်းနေ ခြင်းကြောင့် ယခုတစ်ပတ်၌ ကျပ်သုံးသောင်း ဈေးမြင့်တက်လာ သည်။ လက်ရှိ ပြည်တွင်းဈေး ကွက်တွင် မတ်ပဲ တစ်တန် လျှင် ကျပ် ၁,၃၃၅,၀၀၀ ခန့်ရှိပြီး ပဲစင်းငုံမှာ ၁,၃၃၀,၀၀၀ ခန့် ဈေးရှိနေသည်။ ယခင်တစ်ပတ်က ပြည်တွင်း ဈေးကွက်တွင် မတ်ပဲ တစ်တန် လျှင် ကျပ် ၁၃ သိန်းခန့်သာရှိပြီး ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၁,၃၁၀,၀၀၀ ခန့်သာ ဈေးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦးက ပြောသည်။ (By ပြည်သိမ်း)
市场上销售的各种豆类
昆明信息港-彩云桥 记者袁思思 近日,缅甸豆类和芝麻贸易商人协会表示,目前,因持续不断的暴雨,缅甸大部分地区的农田已经被洪水淹没,农民无法按时播种冬季作物,此轮作物的产量将会有所下降,而明年豆类价格也将会上涨。
“现在因为印度也遭受水灾,豆类的价格都特别高。剩余的豆类储量也不多了,这样豆类价格将会大幅上涨。” 缅甸豆类和芝麻贸易商人协会秘书吴敏哥乌说道,由于大量的农田被水淹没,冬季作物的播种时间推迟导致产量下降,并且许多作物还会遭受更多的病虫灾害。
今年,价格持续上涨的缅甸国内豆类已经创造了一个新价格纪录。黑麦豆的价格每吨上涨为140万缅币。价格不断上涨,国内豆类产量下降,而正遭受水灾的印度的豆类产量也下降,因此,就出现豆类价格上涨但购买者反而增多的情况。
据悉,今年,在全缅甸范围内,黑麦豆的种植面积占豆类种植面积的30%多、木豆的种植面积占豆类种植面积的40%,两种豆类的产量都有所下降。因此,在今年年底之前,缅甸国内现有的所有豆类都能够卖出去。
据缅甸博莹瑙交易市场的一位豆类买卖商人介绍,现在,缅甸国内豆类市场中,因印度来的黑麦豆和木豆进口价格不高,所以,最近一周,这两种豆类价格每吨上涨了近3万缅币。现在,缅甸国内豆类市场内,黑麦豆价格预计为每吨133.5万缅币,木豆价格为每吨133万缅币。上几周,缅甸国内市场的黑麦豆价格仅为每吨130万,木豆价格为131万。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့