ကျောက်စိမ်းရိုင်း ရောင်းချပွဲ လုံးခင်း ကျောက်စိမ်း တူးဖော်ရေး ဌာနတွင် ကျင်းပ
2015-07-30 11:25|
ကျောက်စိမ်းရိုင်း (ပယ်ကျောက်)များ ရောင်းချပွဲကို ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း)တွင် သြဂုတ် ၁၈ မှ ၂၀ ရက်အထိ သုံးရက်ကြာကျင်းပပြု လုပ်မည်ဟု သတ္တုတွင်း ဝန်ကြီး ဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။
တင်ဒါစနစ်ဖြင့် ရောင်းချ ပေးမည့် ကျောက်စိမ်းရိုင်း (ပယ် ကျောက်) ရောင်းချပွဲသို့ နိုင်ငံ တော်နှင့်အကျိုးတူ ကျောက်စိမ်း ကျောက်မျက် တူးဖော်ရေးလုပ် ကိုင်နေသည့် ကုမ္ပဏီများ၊ ပုဂ္ဂ လိကကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများမှ မန်နေဂျင်းဒါရိုက် တာ၊ ဒါရိုက်တာနှင့် ဒါရိုက်တာ အဖွဲ့ဝင်များကို တက်ရောက် ဝယ်ယူ ခွင့်ပြုမည် ဟု မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ် ငန်းက သတင်းထုတ်ပြန်သည်။
‘‘ပယ်ကျောက် ဆိုတာက တော့ ကျောက်စိမ်းအညံ့ပေါ့။ ကုမ္ပဏီတွေကနေ ဖြတ်ထားပြီး ပယ်ထားတဲ့ ကျောက်တွေ။ အခု ရောင်းမယ်ဆိုတာကလည်း လော့တွဲတွေ တွဲပြီးရောင်းမှာ မဟုတ် ဘူး။ အလေးချိန်တန်နဲ့ချီပြီးတော့ ပေါ့။ အဲဒါမျိုးရောင်းမှာ။ နေပြည် တော်မှာလုပ်တဲ့ ပြပွဲတွေနဲ့ မတူ ဘူး။ ဒါက လုံးခင်း ကျောက်စိမ်း တူးဖော်ရေးဌာနက လက်ကျန် ရှင်းတဲ့သဘောနဲ့ ရောင်းပေးတာ’’ ဟု မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး တိုင်းဒေသကြီး)ဥက္ကဋ္ဌဦးမြင့်ဟန် ကပြောသည်။
ကျောက်စိမ်းရိုင်း (ပယ် ကျောက်)ရောင်းချပွဲသည် ကျောက်စိမ်းကျောက်မျက် အရောင်းအဝယ် ဈေးကွက် အပေါ် များစွာရိုက်ခတ်မှုမရှိသကဲ့သို့ အချောထည်ထုတ်လုပ်သူအချို့မှ လွဲ၍ကျောက် ကုန်သည်အများစုက စိတ်ဝင်စားမှုမရှိကြဟု မန္တလေးမြို့ခံကျောက်ကုန်သည် အချို့က ပြောကြားသည်။
ပြီးခဲ့သည့် ဇွန်လကုန်နှင့် ဇူလိုင် လဆန်းပိုင်းက နေပြည် တော်တွင် ယူရိုငွေဖြင့် ရောင်းချ သည့် ကျောက်မျက် ပြပွဲ ပြုလုပ် ခဲ့သည်။
မန္တလေး ဈေးကွက်တွင်မူ ကျောက်စိမ်းကျောက်မျက် အရောင်းအဝယ်မှာ ကောင်းမွန် လာခြင်း မရှိသေးဘဲ ကျဆင်းနေ ဆဲဖြစ်သည်ဟုဆိုသည်။
‘‘တရုတ်ဧည့်သည်ကလည်း အလာနည်းတယ်။ ပြပွဲက ကျောက်တွေကလည်း ဈေးကွက်ထဲ မရောက်သေး တော့ သိပ်မထူးပါဘူး။ အရောင်းအဝယ်ကတော့ အေးနေတုန်းပဲ။ တက်မလာသေး ဘူး’’ ဟု မန္တလေး မဟာ အောင်မြေ ကျောက်ဝိုင်းမှ ကျောက်ကုန် သည်တစ်ဦးကပြောသည်။
ကျောက်စိမ်း တူးဖော်ရေး ဌာန(လုံးခင်း)တွင် ကျင်းပပြုလုပ် မည့် ကျောက်စိမ်းရိုင်း (ပယ် ကျောက်) ရောင်းချပွဲ သို့ တက် ရောက် ဝယ်ယူလိုသူများသည် သတ်မှတ် အာမခံ စပေါ်ငွေကို မြန်မာ့စီးပွားရေးဘဏ်ခွဲ (ဖားကန့် မြို့) သို့ ပေးသွင်းရမည်ဖြစ်ပြီး ရောင်းချပွဲသို့တက်ရောက်ဝယ်ယူ ခွင့်ဆိုင်ရာ ကိစ္စများကို သြဂုတ် ၁ မှ ၁၅ ရက်အတွင်း ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) ၌ ဆောင်ရွက်ပေးမည်ဖြစ်သည်။ (By မောင်တာ)
昆明信息港-彩云桥 记者袁思思 据缅甸矿业部缅甸珠宝贸易业消息可知,缅甸将于8月18至20日在缅甸龙钦玉石开采局举办为期3天的玉石毛料(摒弃的石头)交易会。
缅甸珠宝贸易业发布消息指出,按照投标规定,允许与国家互利发展的玉石珠宝开采公司、珠宝开采私人公司的总经理、董事长以及董事会成员参加此次交易会。
据曼德勒省省长吴敏瀚介绍,摒弃的石头是指品相最差的玉石毛料,是玉石开采公司丢弃的玉石毛料,这样一块毛料重达一吨,其实,龙钦玉石开采局是想通过举办此次交易会来清理这些剩下的玉石毛料。
曼德勒当地某些玉石商人表示。正如玉石毛料(摈弃的石头)交易会对珠宝玉石市场毫无冲击力一样,除了玉石加工者以外,大部分的商人对玉石毛料都不感兴趣。
曼德勒玛哈昂珠宝市场的一位商人表示,前来购买珠宝玉石的中国商人也在不断减少。珠宝玉石展览会上的玉石在交易市场上卖不出去也不足为奇。珠宝玉石贸易额下滑,短时间内有所不会增长。
据介绍,缅甸于6月底至7月初在内比都举办了用欧元进行交易的珠宝玉石展览会。目前,曼德勒珠宝玉石交易市场内,珠宝玉石生意萧条,交易量也在不断减少
据悉,前来参加在龙钦玉石开采局举办的玉石毛料交易会的购买者要先到缅甸经济银行存储规定数额的保证金。此外,关于在交易会上玉石毛料的购买权事宜,龙钦玉石开采局将在8月1日至18日对此进行受理。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
