ရွှေဈေးကျသော်လည်း အရောင်းအ၀ယ် ပုံမှန်သာရှိ
2015-07-30 10:33|
ရွှေဈေး ကျဆင်းနေသော်လည်း ဈေးကွက်အတွင်း ရွှေဝယ်လိုအား တက်လာခြင်းမရှိဘဲ ပုံမှန်သာ အရောင်းအ၀ယ်ရှိနေ ကြောင်း သတင်းရရှိသည်
‘‘မိုးရာသီလည်းဖြစ်နေပြီး နယ်ဘက်တွေမှာ ပွဲတော်မလုပ်ကြတော့လို့ ရွှေဝယ်လိုအား တက်မလာတာပါ’’ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး(၄) ဦးအုန်းမြိုင်က ပြောသည်။
ယခုလ ၁၃ ရက်တွင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာလဲ လှယ်နှုန်းကိုကျပ် ၁,၂၀၀ ကျော် သတ်မှတ် လိုက် ပြီးနောက် ပြင်ပ ၀ယ်၊ ရောင်းဈေးကွက်တွင် ဒေါ်လာ ဈေးမြင့်တက်သွား ၍ ရွှေဈေး များလည်း ဆက်တိုက် တက်သွားကာ အမြင့်ဆုံး အခေါက်ရွှေတစ် ကျပ်သားလျှင် ကျပ် ၇၅၀,၀၀၀ အထိ ရှိခဲ့သည်။ ၂၄ ရက်တွင် ဒေါ်လာဈေး ပြန်လည်တည်ငြိမ်သွားပြီး ကမ္ဘာ့ရွှေဈေး ကျဆင်းခြင်းကြောင့် အခေါက်ရွှေ တစ်ကျပ်သား လျှင် ကျပ် ၇၂၆,၅၀၀ အထိ ပြန်လည်ကျ ဆင်းလာကြောင်း ပြည်တွင်းရွှေဈေးကွက်မှ သိရသည်။ ယနေ့ဖြစ်ပေါ်နေသော အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၇၃၅,၅၀၀ ဖြစ်ကြောင်း သိရသည်။
‘‘ဒီလကုန်အထိကို ရွှေဈေးက လက်ရှိဖြစ်ပေါ်နေတဲ့ဈေးအတိုင်းပဲရှိမယ်လို့ ခန့်မှန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်လာဈေးလည်းတည်ငြိမ်သွားပြီး ကမ္ဘာ့ ရွှေဈေးကျဆင်းနေတာကြောင့် ပါ’’ ဟု မြန်မာနိုင်ငံ ရွှေ လုပ်ငန်း ရှင်များ အသင်း တွဲဖက်အတွင်း ရေးမှူး(၄) ဦးအုန်းမြိုင်ကသုံးသပ် ပြောကြားသည်။ (By ခင်မျိုးလှိုင်)
昆明信息港-彩云桥 记者文丽荣 据介绍,虽然缅甸黄金价格下跌,但是消费者对黄金的购买力并没有增强,而是维持正常水平。
“现在缅甸雨季来临,各地区也没有举办节日盛会,人们对黄金的需求量自然不会上涨。”缅甸黄金企业家协会第四副书记吴温迈说道。
据悉,在缅甸中央银行在7月13日规定美元汇率为1200多缅币之后,国外交易市场的美元价格上涨,黄金价格也连续涨价,成色最好的黄金的价格上涨为每缅斤75万缅币。7月24日,由于美元价格趋于稳定,国际金价也随之下跌,在缅甸,成色最好的黄金价格下降为每甲(16.6克)72.65万。现在,成色最好的黄金价格为每甲(16.6克)73.55万缅币。
据缅甸黄金企业家协会第四副书记吴温迈的分析指出,预计到7月末,黄金价格也不会有明显涨跌趋势,因为美元价格趋于平稳,国际金价也在下跌。
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
