MPT ဖုန်းခေါ်ဆိုခများ ၂၃ကျပ်သို့ လျော့ချ
2015-07-15 18:59|
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းMPT၏ဖုန်းခေါ်ဆိုခနှုန်းထားများကို ဇူလိုင်၈ရက်၀၀:၀၀:၀၁နာရီမှစ၍ ၂၃ ကျပ်ဖြင့် ခေါ်ဆိုနိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေးက ယနေ့ထုတ်ပြန်လိုက်သည်။
ဆွေသဟာအစီအစဉ်ဖြင့် ခေါ်ဆိုခသည် မူလ ၃၅ကျပ်ဖြစ်ပြီး ဇူလိုင်လ၈ရက်တွင်မူ ၂၃ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ် သည်။ ယင်းအပြင် ယခင်တစ်မိနစ် ၅၀ကျပ်ဖြင့်သုံးစွဲနေသည့် CDMA450/800ဖုန်းများလည်း အကျုံးဝင်မည်ဖြစ်သည်ဟု ထုတ်ပြန် ထားသည်။
CDMA450/800ကိုသုံးစွဲသူများအတွက်လည်း ဖုန်းခေါ်ဆိုခ ယခင်တစ်မိနစ်လျှင် ၅၀ကျပ်မှ ယခုတစ်မိနစ် ၂၃ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းMPTက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ယင်းအပြင် ဈေးနှုန်းသစ်သတ်မှတ်သည့်အထိမ်းအမှတ်အဖြစ် ဇူလိုင် ၅ရက်မှ ၇ရက်အတွင်း MPTဖုန်းငွေ ဖြည့်ကတ်ဖြည့်သူများ အတွက် အပိုဆောင်းငွေ ၅၀ရာခိုင်နှုန်းအထိ ထပ်ဆောင်းပေးမည် ဖြစ်သည်။ ယင်းအပို ဆောင်းငွေကို ဇူလိုင်၃၁ရက်မတိုင်မှ MPဖုန်းအချင်းချင်းခေါ်ဆိုမှုနှင့်အင်တာနက်ပါအသုံးပြုနိုင် မည်ဖြစ်သည်။
昆明信息港-彩云桥 记者文丽荣 缅甸电信业近日发布消息指出,缅甸电信业的电话费价格从 7月8日00点00分01秒开始下调为23缅币。
缅甸电信业规定,使用穗达哈应用程序的手机,电话费为35缅币,从7月8日开始,下调为23缅币。此外,下调的资费也包括每分钟为50缅币的CDMA450/800电话卡的资费。
据悉,缅甸电信业已规定,CDMA450/800电话卡的电话费从原来的每分钟50缅币下调为现在的每分钟23缅币。
此外,为纪念新价格的公布,从7月5日到7月7日,缅甸电信与通讯部给予充话费者50%的额外补助。这些额外补助在7月30日之前可以用于电信电话卡用户之间互打电话以及上网。
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့