ကားပါကင်ထောက်ခံချက်အတွက် အငှားတင်ပြခြင်းများကို လက်မခံ
2015-07-15 18:49|
ရန်ကုန်မြို့လယ်တစ်နေရာမှ ကားပါကင်ကို တွေ့ရစဉ်
ကားပါကင် ထောက်ခံချက် လျှောက် ထား ရာ တွင် မြေနေရာ ကို အငှားပြ ၍ တင်ပြ ခြင်း များ လက်ခံ ခွင့်ပြု မည် မဟုတ် ကြောင်း စီးပွားရေး နှင့် ကူသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကားပါကင် စိစစ်ရေး အဖွဲ့ မှ သတင်း ရရှိ သည်။
ယခင်က ကဲ့သို့ သန်းခေါင် စာရင်း တွင် နေထိုင် သည့် နေရာ နှင့် ထောက်ခံချက် ရရှိ ရန် ပြင်ပ မှ ငှားရမ်း လာ သည့် မြေနေရာ ကို ပူးတွဲ တင်ပြ ခြင်း များ လက်ခံ ပေးတော့ မည် မဟုတ် ကြောင်း အဆိုပါ အဖွဲ့ မှ အဆင့်မြင့် အရာရှိ တစ်ဦး က ပြော သည်။
ပြင်ပတွင် မြေနေရာကို ငှားရမ်း ပြီး ပါကင် ထောက်ခံချက် များ အလွယ်တကူ ထုတ်ယူ နေ ခြင်း ကို ကန့်သတ် ရန် ယခုကဲ့သို့ လုပ်ဆောင် ခြင်း ဖြစ် ပြီး နောက်ပိုင်း တွင် ကားပါကင် ထောက်ခံချက်ကို အရေအတွက် များများ ထုတ်ပေး မည် မဟုတ်ဘဲ စိစစ်ကြပ်မတ် ပြီး မှသာ ထုတ်ပေး တော့ မည် ဖြစ် ကြောင်း ၎င်းက ဆို သည်။
ရန်ကုန် တွင် ကား ဝယ်ယူ ပါက ပါကင် ထောက်ခံချက် ရရှိ မှသာ တင်သွင်း ခွင့်ပြု သည့် အစီအစဉ် ကို ဇန်နဝါရီ ၁ ရက်က စတင် ခဲ့ပြီး အထိုက်အလျောက် အောင်မြင် နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆို ထား သည်။ အဆိုပါ စီမံချက် စတင် လိုက်ခြင်း ကြောင့် ရန်ကုန် တွင် ယခင် နှစ် များ က ထက် ကားတင်သွင်းမှု ၈၀ ရာခိုင်နှုန်း လျော့ကျ သွား ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြား ထား သည်။
ပါကင်ပါမစ် များ ထုတ်ပေးထားသည့် နေရာ များ တွင် အမှန်တကယ် ကားထားခြင်း ရှိ၊ မရှိ ရှောင်တစ်ခင် ဝင်ရောက် စစ်ဆေး ရန် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း ထား ပြီး မည်သည့် အချိန် တွင် ဝင်ရောက် စစ်ဆေး မည် ကို ထုတ်ပြန် ပြောကြား သွား မည် မဟုတ် ကြောင်း သိရသည်။ ပါကင် ထောက်ခံချက် ဖြင့် ဝယ်ယူ ထားသည့် ကား များ ပါကင် တွင် ထားရှိခြင်းရှိ၊ မရှိ ရှောင်တခင် စစ်ဆေး မည်ဆို၍ ပြင်ပ တွင် ပါကင် ပေါက်ဈေး ကျဆင်း လျက်ရှိသည်။
ထိုဂယက်ကြောင့် အများစုက အရောင်းအဝယ် မပြုလုပ်ဘဲ ရပ်တန့် ထားခြင်း ဖြစ်သည်။ ကားသစ်တင်သွင်း လျှင် ပါကင် ထောက်ခံချက် ပါဝင် ရမည်ဆိုသည့် မူဝါဒသစ် ကြောင့် တစ်ပတ်လျှင် ပါကင် ထောက်ခံချက်၂၀၀မှ ၃၀၀ အထိ ထုတ်ပေး နေပြီး ယခု နောက်ပိုင်း တွင် ထုတ်ပေးသည့် အရေအတွက် တဖြည်းဖြည်း လျှော့နည်း လာ ကြောင်း သိရသည်။
ပါကင် ထောက်ခံချက် တွင် ဖော်ပြ ထားသည့် နေရာ ၌ သက်ဆိုင်ရာက ကွင်းဆင်း စစ်ဆေး စဉ် မှန်ကန်မှု မရှိ ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေအရ ဒဏ်ငွေ နှင့် ထောင်ဒဏ် နှစ်ရပ် စလုံး ကျခံ ရနိုင် ကြောင်း သတင်း ရရှိသည်။
ထို့အပြင် ပါကင် ထောက်ခံချက်ကို ရရှိပြီး တစ်လ အတွင်း ကား တင်သွင်း ရန် လျှောက်ထား ရမည်ဖြစ်ပြီး တစ်လကျော် ပါက ပြန်လည် လျှောက်ထား ရမည် ဖြစ်သည်။ (By မိုးညို)
仰光市区的某个停车场
昆明信息港-彩云桥 记者袁思思 据缅甸商务部的消息可知,现已不再受理停车位租赁申请。
缅甸商务部高级官员表示,现不再受理在缅甸户籍所在地和在其它地方租赁的土地上办理停车证的申请。
现在为杜绝只要在租赁土地后就能很容易获得缅甸停车证的情况发生,以后将控制办理的停车证数量,不再大量发放停车证,相关部门必须在审查后才能颁发停车证。
据悉,仰光市于今年1月1日起实行相关举措,市民只有在获得停车证后,才能购买进口汽车。目前,这一举措实施的很成功。仰光市自实施这一举措以来,汽车进口率相比往年下降到80%。
由于仰光市突击检查拥有停车证的车位上有没有停放着车辆,黑市停车证的售价也下降。
由于上述影响,大部分人都没有买卖车辆而是持观望的态度,自从实施了买车前要先有停车证的新规定,现在,仰光市每周大概要发放200-300个停车证,以后会慢慢减少发放的数量。
据介绍,如果相关部门检查发现不存在停车证上标注的车位的话,将按照仰光市市政委员会的有关法律对停车证持有者进行罚款及拘留。
此外,在获得停车证后的一个月内须向有关部门提交购买车辆申请,如若超出一个月,该份停车证即超期作废,需重新申请停车证方可进口车辆。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့