ငွေစက္ကူသစ်အတွက် ဗဟိုဘဏ်က ပွင့်လင်းမှုများ ယခုထက်ပိုမိုရှိရန်လိုအပ်
2015-07-15 16:28|
လုံခြုံမှုအားကောင်းသောပုံစံအသစ်ဖြင့် ဇူလိုင်လ ၁ ရက်နေ့တွင် ထွက်ပေါ်လာမည့် ကျပ်၁၀,၀၀၀တန် ငွေစက္ကူ သစ်အတွက် လွန်ခဲ့သည့်လအနည်းငယ်ကပင် လူထုက စိုးရိမ်စိတ်များခဲ့ပြီး ကုန်ဈေးနှုန်းမြင့်တက် ခြင်းမှာလည်း အဆိုပါဂယက်များကြောင့်ဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင်များက အကြောင်းပြချက်ပေး ထားသည်။
မူလ ၂၀၁၂ ခုနှစ်က ထုတ်ဝေခဲ့သောဒီဇိုင်းဖြင့်ရှိနှင့်ပြီးသောငွေစက္ကူများမှာ အတုများဖမ်းဆီးမိသည့် သတင်းများ ထွက်ပေါ်ပြီးနောက်ပိုင်းတွင် ဗဟိုဘဏ်က ယခုဒီဇိုင်းတွင် လုံခြုံမှုကောင်းအောင်ဆောင်ရွက် ထားကြောင်း ယခင်လက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စီးပွားရေးပညာရှင် ဦးလှမောင်က ငွေစက္ကူ အတုဖမ်းဆီးမိသည့် သတင်းများကြားရပြီး မကြာမီဗဟိုဘဏ် ဘက်က လုံခြုံရေး အတွက် ငွေရိုက်နှိပ်ခြင်းကြောင့် လူထုက သံသယဖြစ်စေကြောင်း ပြောသည်။ လက်ရှိတွင် အစိုးရဘတ်ဂျက်လိုငွေမှာလည်း ၂၀၁၅-၁၆ဘဏ္ဍာနှစ်တွင် ကျပ်သုံးထရီလျံကျော်ရှိနေ ပြီး ၀န် ထမ်းလစာတိုးပေးခြင်း၊ ပညာရေးအသုံးစားရိတ်များမြှင့်တင် ပေးခြင်းကြောင့် ၀င်ငွေရလမ်းနည်း နေချိန်ဖြစ်သည်။ "ဒီနေရာမှာ ဗဟို ဘဏ်က မီဒီယာကို အသုံးပြုပြီးပဲဖြစ်စေ၊ ငွေစက္ကူအသစ်ကြောင့် လက်ရှိငွေသားလှည့် လည်စီးဆင်းမှုကို ထိခိုက်မှုမဖြစ်စေပါဘူး လို့လူထုသိအောင်ဖြေရှင်းပေးသင့်တယ်။ လူတွေက တိကျတဲ့ သတင်းတွေဘာမှ မသိရတဲ့အတွက် ပွင့်လင်းမြင်သာမှုရောတာဝန်ခံမှုပါအားနည်း နေတယ်လို့မြင်တယ်" ဟု၎င်းက ပြောသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒုတိယညွှန်ကြား ရေးမှူးချုပ် အငြိမ်းစားဦးစိုးသိန်းက နိုင်ငံတကာတွင် လုံခြုံမှုအားကောင်းသောစနစ်ဖြင့် ရိုက်နှိပ်သောငွေစက္ကူအသစ် များ ထွက်ပေါ်နေပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကလည်း မိမိငွေကြေးကို လုံခြုံမှုကောင်းအောင် လုပ်ဆောင်သင့်ကြောင်း ပြောသည်။
"ပိုက်ဆံရိုက်တာ ပြဿနာမဟုတ်ဘူး။ဗဟိုဘဏ်အနေနဲ့က လည်း လုပ်သင့်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကုန်ဈေးနှုန်းတွေက လည်းတက် နေတယ်။ စီးပွားရေးက အားမကောင်းဘူးဆိုတော့ ပိုက်ဆံရိုက်ထုတ်တာ က အခြေအနေအရ ချိန်သားကိုက်မှုမရှိဘူး" ဟု ၎င်းကပြောသည်။ ဗဟိုအစိုးရ၏ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းမှုအတွက် ချေးငွေရှာရာတွင် ဘဏ္ဍာရေးဝန်ကြီးဌာနကကာလရှည်၊ ကာလတိုငွေတိုက် လက်မှတ်များထုတ်ရောင်းနေခြင်းဖြစ်သည်။
သီတင်းနှစ်ပတ်လျှင် တစ်ကြိမ်ဗဟိုဘဏ်ကြားခံ ရောင်းပေးနေသည့် ကာလတို ငွေတိုက်လက်မှတ်များကို ပြည်တွင်းဘဏ်များက ၀ယ်ယူမှုရှိသော်လည်း အတိုးနှုန်းအရ နည်းမှု၊ ငွေပိုငွေလျှံအားနည်းမှုတို့ကြောင့် လက်တွေ့ တွင် အစိုးရရောင်းချသည့် ပမာဏလောက် ၀ယ်ယူနိုင်ခြင်းမရှိပေ။ ဈေးကွက်လိုအပ်ချက်အရ ဗဟိုဘဏ်၏ဥပဒေ တွင် ငွေစက္ကူအသစ်ရိုက်ခွင့်ရှိကြောင်းပါဝင်ပြီး ဗဟိုဘဏ်၏တာဝန်မှာ ငွေလှည့်ပတ်မှု ပမာဏကို ငွေကြေးတန်ဖိုး အပြောင်းအလဲပေါ်မူတည်ပြီး ချိန်ညှိပေးရန်ဖြစ်သည်။ သို့သော် ဗဟိုဘဏ်သည် ဘဏ္ဍာရေးမူဝါဒအောက်ရှိ လုပ်ငန်းစဉ်များကိုပါ ပါဝင်လုပ်ဆောင်ရသလို ဖြစ်နေကြောင်း ဦးစိုးသိန်းက ပြောသည်။ "ပြည်သူကလည်း ငွေစက္ကူ ဒီဇိုင်းအသစ်နဲ့ ထွက်လာလို့သာ ငွေတွေထပ်ရိုက်တယ်လို့ သိနိုင် တာလေ။ အဟောင်းကို ရိုက်ထုတ်တာ လူကမသိဘူး။ ဒီအချိန်မှာ မီးလောင်ရာ လေပင့်တာက လူတွေက စိုးရိမ်ကြောင့်ကြတာကြောင့် ဈေးနှုန်းက လိုက်တက်လာတယ်။ ဒါကရေတိုလည်းဖြစ်နိုင်ပါတယ်။ နောက်ပိုင်း ကျရင်တော့ အသားကျသွားမှာပဲ"ဟု ၎င်းက ပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်ကဗဟိုဘဏ်၏ ရည်ရွယ်ချက်အရ လုံခြုံမှုအားကောင်းအောင်ဆောင်ရွက် ခြင်းဖြစ်သော်လည်း အများစုက စိုးရိမ်စိတ်ဖြင့် နားလည်မှုလွဲမှားပြီး ကုန်ဈေးနှုန်းမြင့်တက်လခြင်းဖြစ် ကြောင်း ပြောသည်။
"ကြေညာချက်မှာတုန်းက ငွေစက္ကူအသစ်ထုတ်မယ်လို့ ပြောလိုက်တာနဲ့ကို တစ်မျိုးဖြစ်သွားတယ်။ အရင် အဟောင်းနဲ့ တဖြည်းဖြည်းချင်း ပြန်လဲသွားမယ်လို့ပဲ နားလည်ထားပါတယ်။ လူထုကလည်း ဒီလိုယုံကြည်ဖို့ လိုတယ်။ ဒါဆို ကုန်ဈေးနှုန်းမြင့်တက်တဲ့အကျိုးသက်ရောက်မှုတွေ မဖြစ်တော့ ဘူးပေါ့" ဟု ၎င်းက ပြော သည်။
သို့သော် ယခုတစ်ကြိမ်တွင် မူဗဟိုဘဏ်၏ငွေစက္ကူအသစ်များကြောင့် ဈေးကွက်အတွင်းငွေတိုးပွားမလာ ကြောင်း သိရသောကြောင့် ရွှေဈေးကို မူအပြောင်းအလဲဖြစ်စေမည်မဟုတ်ကြောင်းပြောသည်။ (By အေးသီတာကျော်)
昆明信息港-彩云桥 记者袁思思 7月1日即将发行价值1万元的缅币,此次发行的新版缅币是用防伪性更高的版本印制的。对于发行的新版缅币,除了极少数的人以外,大部分人都担心物价会因此上涨。
在公布了查获以2012年版本制作的假缅币的消息后,这个月再次发布的消息内指出,缅甸中央银行制作了现在这批防伪性更高的纸币版本。
缅甸经济学家吴拉貌表示,人们在得知查获假币的消息后,怀疑不久前缅甸中央银行为确保缅币安全而印制的新缅币的真假性。2015-2016财政年截至目前,缅甸政府财政预算赤字为3万亿缅币。由于要为公务员加工资以及增加教育经费,现在政府的收入来源不断地减少。“这里,央行仅仅只是通过媒体告知人们新版缅币的有关情况,而不想去破坏现有缅币的流向,央行应该向人们解释这件事情,因为人们根本不知道真实、可信的消息,这就可以看出央行对于缅币的真假性没有做到开诚布公。”财政部副司长吴梭登指出,在国际上用防伪性更高的手段印制新版纸币并且发行之后,缅甸国家中央银行随后也采用防伪性更高的手段来印制自己的纸币。
“印制缅币没多大问题,作为中央银行,本来就应当用防伪性更高的手段来印制缅币,但是,目前物价在不断上涨,经济发展缓慢,所以还没有必要再印制新的缅币。” 吴梭登表示。为了解决中央政府的财政赤字状况,在需求贷款的同时,财政部也正在发行长期和短期国债。
吴梭登指出,缅甸国内银行现在都在购买中央银行半个月发行一次的短期国债,但是,由于国债增长率低、增长幅度小,因此目前很多人都不会大量购买国债。中央银行的法律规定,按照市场需求,有权印发新的纸币,中央银行要依据纸币的价值变化,来调整纸币的流通数量。
“人们知道国家制作的新版纸币的样式,还知道国家要再次印发纸币,但却不知道国家在印发旧版纸币,现在,一有风吹草动,人们就开始担心,并且都纷纷前去购买商品,所以物价因此被提高,这样的情况,短时间内是有可能发生的,但就以后而言,肉价会便宜的。” 缅甸经济和贸易部顾问貌敖博士指出,中央银行的目标是确保纸币的安全性,但是,人们的顾虑却会造成物价飞涨。随后,貌敖博士又表示,“国家发布通告说要发行新版缅币,这样旧版缅币就会逐渐被取代,而这也是人们需要相信的,这不是物价上涨带来的影响。”
据仰光市的昂德玛金店市场总经理吴貌嘎推测,一旦新版缅币被发行,大家会因为担心物价飞涨纷纷涌入金店购买金饰品。
据悉,最近一次金价没有因为中央银行的新版缅币以及未升值的缅币有任何变化。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့