ရန်ကုန်မြို့နယ်အချို့တွင် လုပ်ငန်းလုပ်ကိုင်ရန် အခန်းငှားကြေးတိုးလာ
2015-07-15 14:15|
စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရန်ကုန်မြို့ အတွင်းပိုင်း မြို့နယ်များရှိ အချက်အချာ နေရာများကို ယခု ရက်ပိုင်းအတွင်း ကျပ်သိန်းရာကျော် ပေး၍ ငှားရမ်းနေကြကြောင်း သတင်းရရှိသည်။
ကျောက်တံတား၊ လသာ၊ လမ်းမတော၊ သာကေတ၊ ဒေါပုံ နှင့် လှိုင်သာယာမြို့နယ်များ၌ တည်ရှိသော အဆောက်အအုံ ဆောက်ဆင့်မှ ကုန်ဆိုင်များ၏ အငှားခ အလွန် ဈေးကြီးသည်။ စားသောက်ဆိုင်၊ အဝတ်အထည်ဆိုင် ဖွင့်လှစ်ရန် အဓိက ငှားရမ်းနေရပြီး လမ်းမကြီးတန်း အချက်အချာ ကျသည့် နေရာများကို တစ်လလျှင် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ ခန့်အထိ ဈေးကောင်းပေး ငှားရမ်း ဖွင့်လှစ် လာခြင်း ဖြစ်သည် ဟု အောင်စည်ဟိန်းအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးမြတ်ဝင်းမင်းက ပြောသည်။ “ဒီရက်ပိုင်း မြို့ထဲ ဘက်မှာ ကိုးကန့်ဘက်က ရှမ်းတရုတ်တွေ ဟန်းဆက်ဆိုင် ဖွင့်ဖို့ တစ်လကို သိန်း ၁၀၀ လောက်ထိ သုံးပြီး ငှားနေကြတယ်။ အရောင်းဈေးကွက် ငြိမ်နေချိန်မှာ အငှား ဈေးကွက်ကတော့ ကောင်းနေတုန်းပဲ”ဟု ၎င်းက ဆိုသည်။
ထို့ပြင် လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ရာ အတွင်း အဆင့်မြင့် လုံးချင်းတိုက် ခန်းများကို တစ်လလျှင် ကျပ်သိန်း ၃၀ မှကျပ်သိန်း ၄၀ အထိ ဈေးကောင်းပေး ငှားရမ်း နေထိုင်ကြကြောင်း လှိုင်သာယာမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြားသည်။ "လှိုင်သာယာထဲက အိမ်ရာတွေ ကတော်ရုံ မြန်မာ နိုင်ငံသား မငှားနိုင်ဘူး။ ဒီရက်ပိုင်း ဒလ နဲ့ တွံတေးဘက်က မြေတွေ လာကြည့်ဖို့ ကီုးရီးယားတွေကို တော်တော်လေး ငှား နေရတယ်" ဟု အထက်ပါ အကျိုးဆောင် က ပြောသည်။
အဆင့်မြင့် အိမ်ရာများ အတွင်း မှ ပေ ၄၀×ပေ ၁၀၀ လုံးချင်းတိုက်ခန်းများ အဓိက ငှားရမ်း နေရပြီး ယခု တစ်ပတ် အတွင်း ပန်းလှိုင်အိမ်ရာ မှ အိမ်လုံးချင်း နှစ်လုံးကို ကျပ်သိန်း ၃၀ ဝန်းကျင်ဖြင့် အငှားဈေးကွက် ဖြစ်ပေါ်ခဲ့ကြောင်း လှိုင်သာယာ အိမ်ခြံမြေ ဈေးကွက် မှ စုံစမ်း သိရသည်။ နိုင်ငံခြားသား အများစု က အိမ်လုံးချင်းများကို ငှားရမ်း ရာတွင် အိမ်ထောင် ပရိဘောဂ အစုံ၊ ပစ္စည်း အစုံအလင် ပါသည့်အဆင့်မြင့် လုံးချင်းတိုက်ခန်းများကို ပိုမို စိတ်ဝင်စား ကြပြီး အဆိုပါ ပစ္စည်းများ ပါဝင် ပါက ငှားရမ်းခကို အိမ်ရှင်များဘက်က ပိုမို တိုးမြှင့် ရယူကြကြောင်း သိရသည်။
ထို့ပြင် တန်ဖိုးကြီး မြေကွက် နှင့် အိမ်ကြီး အိမ်ကောင်း များ အရောင်းအဝယ် ဈေးကွက် မှာလည်း ယခင်က လောက် အလုပ် မဖြစ်ဘဲ ငြိမ်နေကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင် ပိုင်ရှင် ဦးစိုင်းခွန်နောင်က ပြောကြားသည်။ ရောင်းချသူများသည် ဈေးကွက် အခြေအနေကို ထပ်မံ မစောင့်နိုင်တော့သဖြင့် ရောင်းချခြင်း ဖြစ်သည် ဟု အကျိုးဆောင်များက သုံးသပ်ကြသည်။ မြန်မာနိုင်ငံတွင် ယခုနှစ်၌ ရွေးကောက်ပွဲ ရှိသဖြင့် လာမည့်နှစ်တွင် စီးပွားရေး အခြေအနေ ကောင်းလာပြီး အိမ်ခြံမြေမှာလည်း အရောင်းအဝယ် ပြန် ကောင်းလာနိုင်သည် ဟု အကျိုးဆောင်အချို့က မျှော်လင့် နေကြသည်။ (By မိုးညို)
昆明信息港-彩云桥 记者袁思思 由于经济不断发展,目前仰光市的镇区房屋租赁价已达上百万缅币。
现在,位于皎丹达、拉达、览马朵、答哥达、朵崩、莱达亚镇区的大楼底层的商铺租金价格非常高。
商铺主要是租给开餐馆、服装店和手机店的人,如果是主干道旁边的地段,一个月的租金大概是500万到1000万缅币。仰光市敖喜哼房屋中介公司老板吴咩温敏说道。“最近,果敢地区的华人在市中心开手机店,一个月的租金大约1000万缅币,商铺的卖价很一般,但是租的话租金很高。”
莱达亚镇区班莱小区的高级大楼的房屋租金每个月约为300万至400万。莱达亚镇区的房屋中介公司一位负责人介绍说,“莱达亚镇的房屋现在一般不租给缅甸人,最近这个月来看房子的韩国人特别多。”
记者调查了莱达亚镇区的房屋租金,现在人们主要是租高级住宅区内40 英尺x 100英尺(约为371.61平方米)的房子,最近这一周,班莱小区两套房子的租金大概是300万缅币。而对于外国人来说,他们更愿意租带家具家电的一整套房子。带全套家具家电的房子,房主一般都会把租金标得很高。
“价格高的地块和面积大又好的房屋的售价没有以前那么高,价格很平稳。” 赛空瑙房屋中介公司老板吴塞空瑙说道。因为做房屋销售的人不能再等到楼市回暖,因此现在大量销售房屋。
据悉,缅甸有些房屋中介公司的负责人看好未来的缅甸房屋市场,他们表示说,由于今年缅甸有总统大选活动,经济发展缓慢,明年缅甸的经济发展情况将会好转,房屋市场的经济也会重新发展起来。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
