ပွဲတော်နှစ်ခုအတွင်း ယူနန်၏ ခရီးသွားလုပ်ငန်းသည် ရေပန်းစား၍ ကူမင်း၏ ခရီးသွားလာမှု အမှာစာပမာဏသည် ၁၇ ရာခိုင်နှုန်း တိုးလာခဲ့
2025-10-22 15:31|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ရှုခင်းသာနေရာများ၏ အဝင်လက်မှတ်များ ရောင်းကုန်သွားခဲ့ပြီ၊ ကြိုတင်ချိန်းထားမှုများ ပြည့်သွားခဲ့ပြီနှင့် မြန်နှုန်းမြင့်ရထား ဘူတာရုံများထဲတွင် ခရီးသည်များ ပျားပန်းခတ်စည်ကားခဲ့ကြသည်၊ ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်အတွင်း ယူနန်၏ ခရီးသွားလုပ်ငန်းသည် ရေပန်းစားခဲ့ပါသည်။ ပြည်တွင်းပြည်ပ ခရီးသည်များသည် ဆောင်းဦးရာသီ၏ ချစ်စဖွယ်ရှုခင်းများကို လေ့လာရန်နှင့် ဆောင်းဦး၏ ချမ်းသောလေပြည်နှင့် ကြွယ်ဝသော ရိတ်သိမ်းမှုကို ကြိုဆိုသော ခရီးစဉ်ကို အတူစံစားရန် ယူနန်သို့ လာရောက်ခဲ့ကြသည်။
ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဖြင့် စားသုံးမှုကို မြှင့်တင်ရေး လှုပ်ရှားမှု ၃၂၀ မျိုး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အနုပညာပြပွဲ ၂၈၉ ခု၊ လူထုဆိုင်ရာ ယဉ်ကျေးမှုလှုပ်ရှားမှု အခု ၂၉၀၀ စသည်တို့ အပါအဝင်၊ ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်အတွင်း ယူနန်၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းသည် ထူးခြားချက်ရှိသော လှုပ်ရှားမှုများ၊ ဦးစားပေး အစီအစဉ်များနှင့် ရှုခင်းအလိုက် ရာသီအလိုက် ခရီးသွားလမ်းကြောင်း ထွက်ကုန်များ စီးရီးအား ထုတ်ပြန်ခဲ့ကာ ကောင်းမွန်သော ဝန်ဆောင်မှု အာမခံချက်ပေးရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကာ ဆောင်းဦးရာသီတွင် ပြည်တွင်းပြည်ပ ခရီးသည်များအား ယူနန်သို့ ခရီးသွားလာရန် ဖိတ်ခေါ်ခဲ့ပါသည်။
Ctrip ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်အတွင်း ယူနန်ပြည်နယ်၏ ခရီးသွားလာမှု အမှာစာပမာဏသည် လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၂၀ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ပေကျင်း၊ ချန်ဒူး၊ ရှန်ဟိုင်း၊ ရှန်ကျန်းနှင့် ချုံကင်းတို့သည် ထိပ်တန်းခရီးသည်များ၏ အရင်းအမြစ် ၅ ခု ဖြစ်ပြီး ဟုန်ဟယ်ပြည်နယ်ခွဲ မီလဲ့မြို့ရှိ တုံးဖုန်းယူ့ရှုခင်းသာနေရာ၊ ကျင်ဖျင်တောင်ရှုခင်းသာနေရာ၊ ယူနန်တောရိုင်းတိရစ္ဆာန်ဥယျာဉ်၊ တျန်းချီရေကန်နှင့် လုဖုန်းမြို့ရှိ ကမ္ဘာ့ဒိုင်နိုဆောလျှို ခရီးသွားနေရာတို့သည် ထိပ်တန်းရေပန်းစား ရှုခင်းသာနေရာ ၅ ခု ဖြစ်ကြောင်း၊ ၄င်းတို့အနက်၊ ကူမင်း၏ ခရီးသွားလာမှု အမှာစာပမာဏသည် လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၁၇ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ယူနန်တောရိုင်းတိရစ္ဆာန်ဥယျာဉ်၊ တျန်းချီရေကန်နှင့် ယူနန်တိုင်းရင်းသားကျေးရွာတို့သည် ထိပ်တန်းရေပန်းစား ရှုခင်းသာနေရာ ၃ ခု ဖြစ်ကြောင်း သိရှိရပါသည်။
Fliggy ပလပ်ဖောင်းတွင် ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်အတွင်း အငှားမော်တော်ကားဖြင့် ခရီးသွားကုန်ပစ္စည်းများ၏ ကြိုတင်အမှာစာပမာဏသည် လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၇၈ ရာခိုင်နှုန်းခန့် တိုးလာခဲ့သည် ဖြစ်ကြောင်း၊ ကူမင်း၊ လိကျန်း၊ တာ့လီ၊ ဆစ်ဆောင်ပန်းနားနှင့် ဟုန်ဟယ်တို့သည် ထိပ်တန်းရေပန်းစား ပြည်နယ်ခွဲ (မြို့) ၅ ခု ဖြစ်ကာ ပေါင်ဆန်း၊ ဖူအော်၊ တီချင့်တို့သည် ခရီးသွားလာရေး ကြိုတင်အမှာစာပမာဏ အမြန်ဆုံးတိုးလာသည့် ပြည်နယ်ခွဲ (မြို့) ၃ ခု ဖြစ်သည်။
ကူမင်း၊ လိကျန်း၊ တာ့လီ၊ ဆစ်ဆောင်ပန်းနားနှင့် ဟုန်ဟယ် စသည့် ရေပန်းစား ပြည်နယ်ခွဲ (မြို့)များအပြင် တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်အတွင်း များပြားသော ခရီးသည်များသည် ဖူအော်နှင့် ပေါင်ဆန်း စသည့် ပြည်နယ်ခွဲ (မြို့)များသို့ ဝင်ရောက်ခဲ့ကြကာ ဆောင်းဦးရာသီတွင် အသီးထွက်များသော "ယူနန်ဟုခေါ်သည့်ဘဝတစ်မျိုး"ကို ခံစားခဲ့ကြပါသည်။ Qunar ၏ အချက်အလက်များအရ လူနည်းပြီး ရှုခင်းသာယာသော မြို့များ၏ လေယာဉ်လက်မှတ် ကြိုတင်အမှာစာပမာဏ၏ တိုးနှုန်းသည် အထင်ရှားဆုံး ဖြစ်၍ ယူနန်ပြည်နယ် ဖူအော်မြို့၏ လေယာဉ်လက်မှတ် ကြိုတင်အမှာစာပမာဏသည် လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၇၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့သည် ဖြစ်ကြောင်း သိရှိရပါသည်။
လမုန့်များနှင့် ဆောင်းဦးလယ်ပွဲတော်၏ မီးပုံးများကို ကိုယ်တိုင်ပြုလုပ်ခြင်း၊ ဟန့်ဖူဝတ်စုံ ဝတ်ကြီး လမင်းကို ရှုစားခြင်း စသည်တို့ အပါအဝင်၊ တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်အတွင်း နိုင်ငံရပ်ခြားခရီးသည် အများအပြားသည် ဆောင်းဦးလယ်ပွဲတော်ကို ပါဝင်ဆင်နွှဲရန် တရုတ်နိုင်ငံသို့ လာရောက်ခဲ့ကြ၍ တရုတ်ရိုးရာယဉ်ကျေးမှု၏ ကျက်သရေကို နှစ်မြှုပ်စွာ တွေ့ကြုံခံစားခဲ့ကြသည်။ Qunar ၏ အချက်အလက်များအရ တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်အတွင်း တရုတ် မဟုတ်သော နိုင်ငံကူးလက်မှတ်များကို အသုံးပြုပြီး ကြိုတင်မှာယူသည့် ပြည်တွင်း လေယာဉ်လက်မှတ် အရေအတွက်သည် လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၃၃ ရာခိုင်နှုန်း တိုးလာခဲ့ကာ ရည်မှန်းချက်ပန်းတိုင်များသည် မြို့ပေါင်း ၁၀၀ နီးပါးကို လွှမ်းခြုံထားပြီး ၎င်းတို့အနက် လိကျန်းမြို့သို့ လေယာဉ်လက်မှတ် ကြိုတင်အမှာစာပမာဏသည် လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၅ ဆကျော် တိုးလာခဲ့သည် ဖြစ်ကြောင်း သိရှိရပါသည်။
昆明信息港讯(昆明日报 首席记者李思凡)景区门票售罄、预约已满,高铁站里人头攒动,2025年国庆中秋假期,云南旅游热度居高不下。海内外游客来到云南追秋、赏秋,共赴秋“丰”送爽之旅。
320场文旅促消费活动、289场文旅艺术展演、2900场群众文化活动……2025年国庆中秋假期,云南文旅推出系列特色活动、优惠措施和应景应季的线路产品,并联动相关部门做好服务保障,邀请海内外游客秋游云南。
携程数据显示,2025年国庆中秋假期,云南旅游订单量同比增长20%,北京、成都、上海、深圳、重庆排名客源城市前5位,红河弥勒东风韵景区、锦屏山风景区、云南野生动物园、滇池、禄丰世界恐龙谷景区排名热门景区前5位。其中,昆明的旅游订单量同比增长17%,云南野生动物园、滇池、云南民族村排名热门景区前3位。
在飞猪平台上,2025年国庆中秋假期,云南包车游商品预订量同比增长约78%。昆明、丽江、大理、西双版纳、红河排名热门州(市)前5位,保山、普洱、迪庆排名旅游预订量增速最快州(市)前3位。
除了昆明、丽江、大理、西双版纳、红河等热门州(市),国庆中秋假期,不少游客走进普洱、保山等州(市),感受秋“丰”送爽的“有一种叫云南的生活”。去哪儿数据显示,人少景美的城市,机票预订量增幅最为明显,云南普洱机票预订量同比增长逾七成。
亲手制作月饼、中秋宫灯,穿着汉服赏月……国庆中秋假期,许多海外游客来到中国过中秋,沉浸式体验中国传统文化魅力。去哪儿数据显示,国庆中秋假期,使用非中国护照预订国内航班的机票量同比增长33%,目的地覆盖近百个城市,其中,丽江的机票预订量同比增长超过5倍。
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- "ကူမင်းမှ စာတစ်စောင်- နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း"၊ တရုတ်နွေဦးပွဲတော် ပါဝင်ဆင်နွှဲရန် ကူမင်းမြို့မှ ကမ္ဘာတစ်ဝှမ်း ဖိတ်ခေါ်
- ရေလက်ကြားနှစ်ဖက်ဒေသ ကျောင်းများအကြား အားကစားမဟာမိတ် ဘေ့စ်ဘောပြိုင်ပွဲကို ကူမင်းမြို့တွင် ကျင်းပခဲ့
- ၂၀၂၆ ခုနှစ် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် နွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲနှင့် နယ်စပ်အရပ်သားဖျော်ဖြေပွဲ ကျင်းပ
- ၁၈ ကြိမ်မြောက် ကူမင်း နွေဦးပွဲတော် ကုန်စည်ပြပွဲကို တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲ စင်တာတွင် ဖွင့်လှစ်ခဲ့၍ ၁၄ ရက်ကြာ ကျင်းပမည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ရှိ နှစ်သစ်ကူးအကြိုပန်းစျေးကွက်တွင် ထောက်ပံ့မှုနှင့် ဝယ်လိုအား နှစ်မျိုးလုံး တိုးတက်နေ
- ယူနန်ပြည်နယ်က နိုင်ငံခြားဆိုင်ရာ ဥပဒေဝန်ဆောင်မှုလှုပ်ရှားမှုစီးရီးများကို စတင်
- တရုတ်-လာအို ရထားလမ်းတွင် ဗဟိုအာရှ နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေးရထား ၄ ကြိမ် ထပ်တိုးပြေးဆွဲ
- တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ယူနန့်ကော်ဖီစေ့ပို့ဆောင်ရေး အထူးရထားသည် လည်ပတ်ပြေးဆွဲ
