တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့သည် ဒေသတွင်း အစိမ်းရောင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို လက်တွဲမြှင့်တင်
2025-10-15 14:40|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက တရုတ်နိုင်ငံ (ယူနန်) - မြန်မာနိုင်ငံ ဂေဟပတ်ဝန်းကျင်ဆိုင်ရာ စွမ်းရည်တည်ဆောက်မှုနှင့် နည်းပညာ အတူစံစားဖလှယ်ပွဲကို ကူမင်းမြို့၌ ကျင်းပခဲ့သည်။
အဆိုပါပွဲသည် "ဆွေမျိုးပေါက်ဖော်" ချစ်ကြည်ရေးကို အဆက်မပြတ် ထိန်းသိမ်းရန်၊ နှစ်ဘက်တို့၏ ဂေဟပတ်ဝန်းကျင်ဆိုင်ရာ အတွေ့အကြုံများနှင့် အလေ့အကျင့်များကို ဝေမျှစံစား ခြင်းအားဖြင့် နားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်ရန်၊ ယူနန်-မြန်မာ ဂေဟပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်ပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ရပ်ကို ထူထောင်ရန် နှစ်ဖက်စလုံး အာရုံစူးစိုက်သော ဂေဟပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို အတူတူ ညှိနှိုင်းဆုံးဖြတ်ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ကြံစည်ပြီး ဒေသတွင်း အစိမ်းရောင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။
ပွဲကျင်းပရာတွင် နှစ်ဘက် ဂေဟပတ်ဝန်းကျင်ဆိုင်ရာ အမှုထမ်းများနှင့် နည်းပညာကျွမ်းကျင်သူများသည် စားပွဲဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြကာ လေထုနှင့် ရေထုညစ်ညမ်းမှု ကြိုတင်ကာကွယ်ရေးနှင့် ပြုပြင်ခြင်း၊ ပတ်ဝန်းကျင် ကြီးကြပ်တိုင်းထွာခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး စသည့် နယ်ပယ်များမှ အတွေ့အကြုံများနှင့် လုပ်ပုံလုပ်နည်းများ၊ အကျိုးရှိသည့် လက်တွေ့ဆောင်ရွက်မှုများကို ဗဟိုပြုပြီး ဝေမျှစံစားခဲ့ကြသည်။ ထို့အပြင် နှစ်ဘက် ဂေဟပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဖလှယ်မှုများ တိုးမြှင့်ခြင်းနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများ ထူထောင်ခြင်းကို နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဤပွဲသည် ယူနန်ပြည်နယ် ဂေဟပတ်ဝန်းကျင်ဆိုင်ရာဌာနမှ ဦးစီးကျင်းပခဲ့၍ ယူနန်ပြည်နယ် ဂေဟပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံခြား ပူးပေါင်းဆောင်ရွက်ရေးစင်တာမှ တာဝန်ယူ ကျင်းပခဲ့သည် ဖြစ်သည်။
近日,中国(云南)—缅甸生态环境能力建设与技术共享交流活动在昆明市举办。
活动旨在赓续“胞波”传统友谊,通过分享双方生态环境领域经验与实践,增进了解与互信,建立滇缅生态环境长期合作机制,在双方共同关切的生态环境议题上,共同商定合作领域,谋划务实合作项目,促进区域绿色可持续发展。
活动期间,双方生态环境领域相关人员与技术专家开展了圆桌对话,围绕大气、水污染防治、环境监测及生物多样性保护等方面的经验做法、有益实践进行了分享和交流。同时,就加强双边生态环境合作与交流、建立长期合作机制进行了深入讨论。
活动由云南省生态环境厅主办,云南省生态环境对外合作中心承办。(云南日报 记者胡晓蓉 通讯员陈克瑶)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- "ကူမင်းမှ စာတစ်စောင်- နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း"၊ တရုတ်နွေဦးပွဲတော် ပါဝင်ဆင်နွှဲရန် ကူမင်းမြို့မှ ကမ္ဘာတစ်ဝှမ်း ဖိတ်ခေါ်
- ရေလက်ကြားနှစ်ဖက်ဒေသ ကျောင်းများအကြား အားကစားမဟာမိတ် ဘေ့စ်ဘောပြိုင်ပွဲကို ကူမင်းမြို့တွင် ကျင်းပခဲ့
- ၂၀၂၆ ခုနှစ် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် နွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲနှင့် နယ်စပ်အရပ်သားဖျော်ဖြေပွဲ ကျင်းပ
- ၁၈ ကြိမ်မြောက် ကူမင်း နွေဦးပွဲတော် ကုန်စည်ပြပွဲကို တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲ စင်တာတွင် ဖွင့်လှစ်ခဲ့၍ ၁၄ ရက်ကြာ ကျင်းပမည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ရှိ နှစ်သစ်ကူးအကြိုပန်းစျေးကွက်တွင် ထောက်ပံ့မှုနှင့် ဝယ်လိုအား နှစ်မျိုးလုံး တိုးတက်နေ
- ယူနန်ပြည်နယ်က နိုင်ငံခြားဆိုင်ရာ ဥပဒေဝန်ဆောင်မှုလှုပ်ရှားမှုစီးရီးများကို စတင်
- တရုတ်-လာအို ရထားလမ်းတွင် ဗဟိုအာရှ နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေးရထား ၄ ကြိမ် ထပ်တိုးပြေးဆွဲ
- တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ယူနန့်ကော်ဖီစေ့ပို့ဆောင်ရေး အထူးရထားသည် လည်ပတ်ပြေးဆွဲ
