တရုတ်အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း ကူမင်းမြို့ရှိ ထိုင်ပေလမ်းသည် ရေပန်းစားခဲ့၊ လမ်းတစ်ခုသည် ရေလက်ကြားနှစ်ဖက်ကမ်းကို ဆက်သွယ်ထား
2025-10-14 14:31|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) တရုတ်အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း ကူမင်းရှိ ညဈေးသည် ရေပန်းစားလာခဲ့သည်။ ကူမင်းမြို့ရှိ နန်ချမ်လမ်း၌ တည်ရှိသော ထိုင်ပေလမ်းသည် ၁၃၈ မီတာသာ ရှည်သော်လည်း ထိုင်ဝမ်၏ စစ်မှန်သော အစားအစာ အမျိုးအစား ဒါဇင်ပေါင်းများစွာကို စုစည်းထားပြီး ခရီးသည်အများအပြားကို ထိုင်ဝမ်အစားအစာများ မြည်းစမ်းကြည့်ရန် ဆွဲဆောင်ခဲ့သည်။
"ထိုင်ပေမြို့ ဝန့်ဟွာရပ်ကွက်မှာ နှစ် ၇၀ ကြာတဲ့ ဇာတိရပ်ရွာ လွမ်းဆွတ်တမ်းတခြင်းဆိုင်ရာ သတိရချက်တွေကို ဝန်တင်ထားတဲ့ ကူမင်းလမ်းတစ်ခု ရှိပြီး ထိုင်ဝမ် ရိုးရာသရေစာတွေရဲ့ စုစည်းရာနေရာတစ်ခု ဖြစ်ပါတယ်။ နွေဦးမြို့လို့ခေါ်တဲ့ ကူမင်းမြို့မှာတော့ ယခုအချိန် ခေတ်သစ်က ရေလက်ကြားနှစ်ဖက်ကမ်းကို ဆက်သွယ်တဲ့ နှောင်ကြိုးဖြစ်တဲ့ ကူမင်းမြို့ရှိ ဒီထိုင်ပေလမ်း ရှိခဲ့ပါတယ်။" ကူမင်းတွင် ဤညဈေးကို တည်ထောင်ရန် ၎င်းတို့၏ ရည်မှန်းချက်မှာ ထိုင်ဝမ်ညဈေး အစစ်အမှန်ကို ပုံတူကူးချရန် ဖြစ်ကြောင်း၊ ရောင်းချသူအားလုံးသည် ထိုင်ဝမ်မှလာသည် ဖြစ်ပြီး စစ်မှန်သော ထိုင်ဝမ်အစားအစာ DNA ကို ကူမင်းသို့ ကူးဆက်ယူဆောင်လာရန်၊ အစားအစာများ မှတစ်ဆင့် ရေလက်ကြားနှစ်ဖက်ကမ်း ယဉ်ကျေးမှုဖလှယ်မှုကို ဆောင်ရွက်ရန် ကတိကဝတ်ပြုထားသည် ဖြစ်ကြောင်း ထိုင်ပေလမ်း စီမံကိန်း၏ တာဝန်ခံသူ၊ ထိုင်ဝမ်ကုန်သည်ဖြစ်သူ ချမ်ချီဇန်က မိတ်ဆက်ပေးခဲ့သည်။
ကူမင်းမြို့ရှိ ထိုင်ပေလမ်းနှင့် ထိုင်ပေမြို့ရှိ ကူမင်းလမ်းတို့သည် ထူးခြားသော "လမ်းအကြား အချင်းချင်း ဆက်စပ်လျော်ညီခြင်း" အခြင်းအရာကိုလည်း ဖြစ်ပေါ်လာခဲ့သည်။ "ထိုင်ပေမြို့မှာ ငါ့အိမ်က ကူမင်းလမ်းမှာ ရှိတယ်၊ ကူမင်းမှာ ငါတို့က အိမ်ကို တိုင်ပေလမ်းမှာ ချတယ်။" ဤ အချင်းချင်း ဆက်စပ်လျော်ညီသော ဆက်ဆံမှုသည် ရေလက်ကြားနှစ်ဖက်ကမ်း၏ ဘုံယဉ်ကျေးမှုဇစ်မြစ်အတွက် သမိုင်းဝင်သက်သေခံချက်တစ်ခု ဖြစ်လာသည် ဖြစ်ကြောင်း ချမ်ချီဟန်က ပြောခဲ့သည်။ ချမ်ချီဟန်သည် ယခင်က ထိုင်ဝမ် Monga ညဈေးအသင်း၏ ဥက္ကဌ ဖြစ်ဖူးကာ ယခုအခါ ၎င်း၏အဖွဲ့ကို ဦးဆောင်ပြီး ကူမင်းမြို့ရှိ ထိုင်ပေလမ်း၌ အမြစ်သွယ်နေပြီ ဖြစ်သည်။
ကူမင်းမြို့ရှိ ထိုင်ပေလမ်း၌ ထိုင်ဝမ်ညဈေး၏ ဂန္တဝင်အစားအစာများကို တွေ့နိုင်ရုံသာမက ရေလက်ကြားနှစ်ဖက်ကမ်း ယဉ်ကျေးမှုများ၏ နက်ရှိုင်းသော ရောနှောပေါင်းစပ်မှုကိုလည်း ခံစားနိုင်သည်။ ညဈေးတွင် မီးပုံးများပေါ်တွင် ယူနန်လက်ရေးလက်သားအတတ်ပညာရှင် ရေးသော တရုတ်အက္ခရာ "ဖူ (ကောင်းချီး)" ဟူသော စကားလုံးသည် နွေဦးမြို့၏ ကောင်းချီးမင်္ဂလာများကို ကမ်းလှမ်းပေးနေသည်။ သရေစာလမ်းရှိ ဗဟိုစင်မြင့် နှစ်ဘက်ဘေးမှ ရောင်စုံပန်းချီနံရံသည်လည်း ဇာတိရပ်ရွာ လွမ်းဆွတ်တမ်းတခြင်းကို ဖော်ပြနေသည်။
ညမိုးချုပ်သည်နှင့်အမျှ ကူမင်းမြို့ရှိ ထိုင်ပေလမ်း၏ ကောင်းကင်ယံထဲတွင် တရုတ်အက္ခရာ "ဖူ"ဟူသော စကားလုံးပါသော ရာနှင့်ချီသော မီးပုံးများသည် လေနှင့် လှုပ်ရှားနေကြသည်။ အလင်းနှင့် အရိပ်များ စီးဆင်းနေသည့်အခါ မီတာ ၁ ရာကျော်သာရှိသည့် ဤတိုတောင်းသော လမ်းသည် မြို့နှစ်မြို့၏ မီးရှူးမီးပန်းများကို ချိတ်ဆက်ပေး ရုံသာမက ရေလက်ကြားနှစ်ဖက်ကမ်းရှိ တစ်မိသားစု၏ နှလုံးသားကိုလည်း နွေးထွေးစေသည်။
国庆假期,昆明夜市人气飙升。位于昆明南强街巷的台北街,尽管全长只有138米,却汇聚了数十种正宗台湾美食,吸引大量游客到此品尝台湾特色美食。
台北街项目负责人、台商陈启展介绍:“在台北万华区,有一条承载了70年乡愁记忆的昆明街,是台湾传统小吃的集中地之一;而在春城昆明,现在有了这条属于新时代的两岸情缘纽带的昆明台北街。”他们在昆明搭建这样一个夜市,就是想把原汁原味的台湾夜市复刻到昆明。而所有商户都来自台湾,也是致力于将真正的台湾美食DNA完整地移植到昆明这片土地上,也想借由美食来承载两岸文化的交流。
据了解,昆明台北街与台北市的昆明街,还形成了独特的“街道对应”现象。“在台北,我家就在昆明街;在昆明,我们安家在台北街。”陈圻涵感慨道。这种对应关系,成为两岸文化同源的历史见证。陈圻涵曾是台湾艋舺夜市协会理事长,如今带着团队在昆明台北街扎根。
在昆明台北街,不仅能看到台湾夜市经典美食,还能感受到两岸文化的深度融合。夜市里,灯笼上云南书法家写下的“福”字,传递着春城的祝福。小吃街中央戏台两侧的彩绘墙,也诉说着乡愁。
夜幕降临,昆明台北街上空数百盏“福”字灯笼随风摇曳。光影流转间,这条短短一百多米的街道不仅串起了两座城的烟火,更暖了两岸一家人的心。(掌上春城 记者陈若男)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- "ကူမင်းမှ စာတစ်စောင်- နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း"၊ တရုတ်နွေဦးပွဲတော် ပါဝင်ဆင်နွှဲရန် ကူမင်းမြို့မှ ကမ္ဘာတစ်ဝှမ်း ဖိတ်ခေါ်
- ရေလက်ကြားနှစ်ဖက်ဒေသ ကျောင်းများအကြား အားကစားမဟာမိတ် ဘေ့စ်ဘောပြိုင်ပွဲကို ကူမင်းမြို့တွင် ကျင်းပခဲ့
- ၂၀၂၆ ခုနှစ် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် နွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲနှင့် နယ်စပ်အရပ်သားဖျော်ဖြေပွဲ ကျင်းပ
- ၁၈ ကြိမ်မြောက် ကူမင်း နွေဦးပွဲတော် ကုန်စည်ပြပွဲကို တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲ စင်တာတွင် ဖွင့်လှစ်ခဲ့၍ ၁၄ ရက်ကြာ ကျင်းပမည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ရှိ နှစ်သစ်ကူးအကြိုပန်းစျေးကွက်တွင် ထောက်ပံ့မှုနှင့် ဝယ်လိုအား နှစ်မျိုးလုံး တိုးတက်နေ
- ယူနန်ပြည်နယ်က နိုင်ငံခြားဆိုင်ရာ ဥပဒေဝန်ဆောင်မှုလှုပ်ရှားမှုစီးရီးများကို စတင်
- တရုတ်-လာအို ရထားလမ်းတွင် ဗဟိုအာရှ နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေးရထား ၄ ကြိမ် ထပ်တိုးပြေးဆွဲ
- တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ယူနန့်ကော်ဖီစေ့ပို့ဆောင်ရေး အထူးရထားသည် လည်ပတ်ပြေးဆွဲ





