ခရီးသွားလာမှု အမှာစာပမာဏသည် ၁၇ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ဤအမျိုးသားနေ့အားလပ်ရက်အတွင်း ကူမင်းသည် အလွန်ရေပန်းစားခဲ့
2025-10-10 15:23|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော်အားလပ်ရက်အတွင်း ယူနန်ပြည်နယ်၏ ခရီးသွားလာမှု အမှာစာပမာဏသည် လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၂၀ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ပေကျင်း၊ ချန်ဒူး၊ ရှန်ဟိုင်း၊ ရှန်ကျန်းနှင့် ချုံကင်းတို့သည် ထိပ်တန်းခရီးသည်များ၏ အရင်းအမြစ် ၅ ခု ဖြစ်ပြီး တုံးဖုန်းယူ့ရှုခင်းသာနေရာ၊ ကျင်ဖျင်တောင်ရှုခင်းသာနေရာ၊ ယူနန်တောရိုင်းတိရစ္ဆာန်ဥယျာဉ်၊ တျန်းချီရေကန်နှင့် ကမ္ဘာ့ဒိုင်နိုဆောလျှို ခရီးသွားနေရာတို့သည် ထိပ်တန်းရေပန်းစား ရှုခင်းသာနေရာ ၅ ခု ဖြစ်ကြောင်း အောက်တိုဘာလ ၈ ရက်နေ့တွင် Ctrip မှ ထုတ်ပြန်သည့် "၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်၏ ခရီးသွားအစီရင်ခံစာတမ်း" အရ သိရှိရပါသည်။
ကူမင်း၏ ခရီးသွားလာမှု အမှာစာပမာဏသည် လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၁၇ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ပေကျင်း၊ ရှန်ဟိုင်း၊ ချန်ဒူး၊ ရှန်ကျန်းနှင့် ချုံကင်းတို့သည် ထိပ်တန်းခရီးသည်များ၏ အရင်းအမြစ် ၅ ခု ဖြစ်ပြီး ယူနန်တောရိုင်းတိရစ္ဆာန်ဥယျာဉ်၊ တျန်းချီရေကန်နှင့် ယူနန်တိုင်းရင်းသားကျေးရွာတို့သည် ထိပ်တန်းရေပန်းစား ရှုခင်းသာနေရာ ၃ ခု ဖြစ်သည်။
မြို့သူမြို့သားများနှင့် ခရီးသည်များသည် ရှုခင်းများကို ရှုစားပြီး အပန်းဖြေကာ နွေဦးမြို့ဟူသော ကူမင်းတွင် ၎င်းတို့၏ အားလပ်ရက်များကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။
အားလပ်ရက်အတွင်း ပျော်ရွှင်မှု ရှာဖွေချင်လျှင် တျန်းချီရေကန်သည် လူအများအတွက် ထိပ်တန်းရွေးချယ်မှုတစ်ခုဖြစ်သည်။ ရိပ်သာလမ်းပေါ်၌ စက်ဘီးစီးခြင်း၊ အညောင်းပြေလမ်းလျှောက်ခြင်းနှင့် ဖြည်းဖြည်းပြေးခြင်း တို့သည် စိတ်အပန်းပြေဆုံး ရွေးချယ်စရာများဖြစ်သည်၊ အသစ်ဖွင့်လှစ်သော စောင်ဟိုင်ဧရိယာရှိ ဖွင့်ပိတ်နိုင်သောဗော့တံတားသည် အားလပ်ရက်အတွင်း လူကြိုက်များသော ကြည့်ရှုရန် နေရာတစ်ခုဖြစ်လာသည်၊ ပန်းအပြည့်ရှိသော "ကုန်းပြင်မြင့်ပုလဲ နံပါတ် ၂" သင်္ဘောဖြင့် တျန်းချီရေကန်ပေါ်တွင် လည်ပတ်ကြည့်ရှုပြီး ဗျိုင်းများ ခပ်ကြော့ကြော့နှင့် ကခုန်ခြင်း၊ ရေအပင်များ ယိမ်းနွဲ့လှုပ်ရှားခြင်းနှင့် တျန်းချီရေကန်ရှိ နေဝင်ခြင်းကို ကြည့်ရှုခြင်း တို့သည့် အမှန်တကယ် ရိုမန်တစ်ဆန်သော ခရီးစဉ်တစ်ခုဖြစ်သည်၊ ရေကန်ဘေးရှိ "ချူယေကျီ"ဈေးကွက်တွင် စစ်မှန်သည့် ယူနန့်အစားအစာများကို မြည်းစမ်းနိုင်ပြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် Jiama၊ Cloisonne နှင့် မူရင်း tie dyeing စသည့် လက်မှုပစ္စည်းများကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါသည်။
တျန်းချီရေကန်၏ ရိုမန်တစ်မှ မြို့ထဲမှ မီးရှူးမီးပန်းများသို့ ပြန်သွား၍ ကူမင်းရှေးဟောင်းလမ်း၊ ကူမင်းတိုင်ပေလမ်းနှင့် ကွမ်းတုရှေးဟောင်းမြို့နယ်တို့တွင် ခရီးသည်များ ကြိတ်ကြိတ်တိုး၍ ကြက်ပျံမကျအောင် စည်ကားလှပြီး စားကောင်းရာ၊ ကစားပျော်ရွှင်ရာ အားလုံးသည် လူများကို အားရနှစ်သိမ့်စွာ ပြန်သွားစေကြသည်။ ဆိတ်ငြိမ်သော သွားမည့်နေရာတစ်ခု ရှာဖွေချင်လျှင် "ပိုင်လီချွင်ချူ" မြို့ပြဧည့်ခန်းသို့ သွားနိုင်ပြီး ကော်ဖီတစ်ခွက်ကို ဖြည်းဖြည်းသောက်ရင်း စာအုပ်ကောင်းတစ်အုပ်ကို ငြိမ်သက်စွာ ဖတ်နိုင်သည်။
မြို့ပြ၏ သက်ဝင်အားသည် စီးပွားရေးဇုန်များတွင် အားမာန်ပြည့်ဖြိုးပြီး လှုပ်ရှားသည်။ ဖက်ရှင်ကျသော အထင်ကရနေရာတစ်ခု အဖြစ် ရွှန့်ချန်ဈေးဝယ်စင်တာတွင် ဈေးဝယ်ရန်နှင့် အပန်းဖြေရန် လူစီးဆင်းမှုကို စုစည်းပြီး စားသုံးသည့် စိတ်အားထက်သန်မှုနှင့် ပြည့်နှက်သည်။ ဟိုင်လည့်စီကျေ ဈေးဝယ်စင်တာရှိ အင်တာနက်တွင် ရေပန်းစားသော တံတားသည် ၎င်း၏ ထူးခြားသော ဗိသုကာပုံစံဖြင့် လူငယ်များ ဓာတ်ပုံရိုက်ရန် နှစ်သက်သောနေရာတစ်ခု ဖြစ်လာခဲ့သည်။
ရွှေဆောင်းဦးရာသီဖြစ်သော်လည်း မြို့၏ လမ်းကြီးလမ်းငယ်များတွင် သာမက ဥယျာဉ်များတွင်ပါ ဆောင်းဦးဂန္ဓမာပန်းများ၊ ခြောက်လပန်းများနှင့် သရက်ထည်ပန်းများ စသည့် အရောင်မျိုးစုံ ပန်းများကို ရှုစားနိုင်၍ ၄င်းသည် မြို့သူမြို့သားများနှင့် ခရီးသည်များအား "နွေဦးမြို့၏ နေရာတိုင်းတွင် ပန်းရှိသည်" ဟူသော ကောင်းမွန်လှပမှုကို အမှန်တကယ် ခံစားစေနိုင်သည် ဖြစ်သည်။
昆明信息港综合整理 10月8日,携程发布的《2025国庆中秋双节旅游报告》显示,国庆中秋假期,云南旅游订单量同比去年增长20%,北京、成都、上海、深圳、重庆排名客源地前5位,东风韵景区、锦屏山风景区、云南野生动物园、滇池、世界恐龙谷旅游区排名热门景区前5位。
从昆明来看,整体旅游订单量同比去年增长17%,北京、上海、成都、深圳、重庆排名客源地前5位,云南野生动物园、滇池、云南民族村排名热门景区前3位。
市民、游客出游赏景、放松休闲,在春城昆明乐享假日时光。
假期寻趣,滇池是不少人的首选。在绿道上骑行、散步、慢跑是最休闲的方式;才开放的草海开合浮桥成了假日里最火的打卡点;乘坐布满鲜花的“高原明珠2号”游船畅游滇池,看鹭鸟翩跹、水草摇曳,慢赏滇池落日熔金,是一趟名副其实的浪漫之旅;在湖畔的“秋野集”品尝地道的云南小吃,还有非遗甲马、掐丝珐琅、原生态扎染等手工艺品让人挑花了眼。
从滇池的浪漫,回归到城里的市井烟火,昆明老街、昆明台北街、官渡古镇游人如织,好吃、好玩,让人尽兴而归。想寻一处宁静的去处,可以到“百里春秋”城市会客厅,点上一杯醇香的咖啡慢品,再选一本好书静读。
城市活力在商圈中澎湃涌动。顺城购物中心作为时尚地标,汇聚着购物与休闲的人流,满满的消费热情。海乐世界的网红桥,则以其独特的建筑风格,成为年轻人拍照打卡点。
尽管是金秋时节,但无论是城市的大街小巷,还是各大公园都能赏到秋菊、绣球、海棠等各色鲜花,让市民、游客真正感受到“春城无处不飞花”的美好。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံများ ယဉ်ကျေးမှုနှင့် အနုပညာပွဲတော်ကို အောက်တိုဘာလ ၁ ရက်နေ့တွင် ဆစ်ဆောင်ပန်းနား၌ စတင်ကျင်းပမည်
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ယူနန်မုရွှေဟွာ တောရိုင်းမှိုရောင်းဝယ်ရေးစင်တာ၌ Collybia albuminosa ကို စတင်ရောင်းချ၍ တစ်ကီလိုဂရမ် အယွမ် ၂၅၀၀ မှ ၂၈၀၀ အထိဖြစ်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းသည် အရှေ့တောင်အာရှ ဒူးရင်းသီးများကို တရုတ်ဈေးကွက်တွင် အရောင်းကောင်းစေ
- လာအိုနိုင်ငံမှ သရက်သီးများကို တရုတ်-လာအို ရထားလမ်းဖြင့် တရုတ်နိုင်ငံသို့ ရောင်းချခဲ့
- ယူနန်ပြည်နယ်တွင် ပထမဆုံး ရောနှောတင်ဆောင်ရထားသည် မြန်မာနိုင်ငံသို့ ခုတ်မောင်းသွားခဲ့
- မေလမှစ၍ တရုတ်-လာအို ရထားလမ်းမှ သစ်သီးဝလံများ သယ်ယူပို့ဆောင်ရေး ပမာဏသည် နေ့စဉ်ပျမ်းမျှအားဖြင့် တန်ချိန် ၂၀၀၀ ကျော်ရှိ










