၂၀၂၅ ခုနှစ် တရုတ်-ဘင်္ဂလားဒေ့ရှ် Think Tank ဖိုရမ်ကို ကူမင်းမြို့၌ ကျင်းပခဲ့

2025-10-08 15:01|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ယခုတလော၊ ၂၀၂၅ ခုနှစ် တရုတ်-ဘင်္ဂလားဒေ့ရှ် Think Tank ဖိုရမ်ကို ကူမင်းမြို့၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လာသည့် ကျွမ်းကျင်ပညာရှင်များသည် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု၊ မဟာဗျူဟာ ပူပေါင်းဆောင်ရွက်ရေးနှင့် စီးပွားကုန်သွယ်မှု ပူပေါင်းဆောင်ရွက်ရေးတို့၏ တိုးချဲ့မှုနှင့် ဆန်းသစ်တီထွင်မှု၊ လူမှုရေးဖလှယ်မှုနှင့် အပြန်အလှန်သိရှိနားလည်မှုတို့၏ နက်ရှိုင်းစေခြင်း စသည့် အကြောင်းအရာများကို ဗဟိုပြု၍ နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု" အတူတကွ တည်ဆောက်ရေး အဆိုပြုချက်ကို ပါဝင်သည့် ပထမဆုံး တောင်အာရှနိုင်ငံတစ်ခု ဖြစ်ကာ "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု" အတူတကွ တည်ဆောက်ရေး အဆိုပြုချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ "၂၀၄၁ ခုနှစ် မျှော်မှန်းချက်"နှင့် "ရွှေရောင်ဘင်္ဂလားဒေ့ရှ်" အိပ်မက်နှင့် အလွန်ကိုက်ညီ၍ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ အစ်ဂျစ်တယ်စီးပွားရေး၊ ပညာရေး၊ ဆေးကုသရေး ကျန်းမာရေး၊ အခြေခံအဆောက်အအုံနှင့် အစိမ်းရောင် ကာဗွန်လျော့နည်း စသည့် ကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်မှုများကို ဘက်ပေါင်းစုံ နက်ရှိုင်းစေခဲ့သည်။ ကမ္ဘာ၏ အပြောင်းအလဲများ၊ ခေတ်ကာလ၏ အပြောင်းအလဲများနှင့် သမိုင်း၏ အပြောင်းအလဲများကို ရင်ဆိုင်သည့်အခါ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်ကို အစပြုသည့်အချက်အဖြစ်၊ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီချက်များကို မဟာဗျူဟာ လမ်းညွှန်အဖြစ်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံ (GCI)နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) တို့ကို ပူးတွဲဖော်ဆောင်၍ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပြီး လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေးကို တွန်းအားပေးဆောင်ရွက်မည် ဖြစ်ကြောင်း အားလုံးက ပြောကြားခဲ့ကြသည်။

ဤအကြိမ် ဖိုရမ်သည် တရုတ်လူမှုသိပ္ပံအကယ်ဒမီ အာရှ-ပစိဖိတ်နှင့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ သုတေသနဌာန၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာနှင့် မဟာဗျူဟာ လေ့လာရေးဌာနနှင့် ယူနန်မင်ဇူတက္ကသိုလ်တို့မှ ပူးတွဲ ဦးစီးကျင်းပခဲ့သည် ဖြစ်သည်။

日前,2025年中孟智库论坛在昆明举办。来自中国、孟加拉国的专家学者围绕政治互信与战略合作、经贸合作的扩展与创新、人文交流与相互理解的深化等议题进行深入交流。

与会嘉宾认为,孟加拉国是第一个加入共建“一带一路”倡议的南亚国家,共建“一带一路”倡议与孟加拉国“2041年愿景”和“金色孟加拉”梦想高度契合,全面深化了中孟两国在贸易投资、数字经济、教育、医疗卫生、基础设施、绿色低碳等领域的合作。大家表示,面对世界之变、时代之变、历史之变,中孟双方要以两国建交50周年为新起点,以两国领导人重要共识为战略引领,携手践行全球发展倡议、全球安全倡议、全球文明倡议、全球治理倡议,促进“全球南方”国家合作,推动构建人类命运共同体。

本次论坛由中国社会科学院亚太与全球战略研究院、孟加拉国国际与战略研究所和云南民族大学共同主办。(云南日报 记者朱海 韩成圆) 

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်