နွေဦးရာသီတွင် ယူနန်ပြည်နယ်၌ တောရှိုင်းပန်းများနှင့် တောရှိုင်းဟင်းသီးဟင်းရွက်များကို စားနိုင်
2025-03-19 17:15|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယခုရက်များတွင် ကူမင်း တာ့ကွမ်းဇွန့်ရှင်းလယ်ယာထွက်ကုန်ပစ္စည်းစျေး၌ တောရှိုင်းပန်းများနှင့် တောရှိုင်းဟင်းသီးဟင်းရွက်များကို များစွာ စတင်ရောင်းချသည့် အချိန်ကာလကို ကြိုဆိုလာနေ၍ ရွက်မွှေးသစ်ကတိုးများ၊ ကျောက်ခက်ပင်များ၊ Dendrobium nobile ပန်းများ၊ Parochetus communis ပန်းများ၊ Pyrus xerophila ပန်းများ စသည်တို့ အမျိုးမျိုးအဖုံဖုံရှိ၍ မြို့သူမြို့သားများနှင့် ခရီးသည်များသည် "နွေဦး၏ အရသာ"ကို ၎င်းတို့၏ ခြင်းတောင်းများထဲသို့ ထည့်သွင်းရန် အပြိုင်အဆိုင် လာရောက်နေကြသည်။
တောရှိုင်းပန်းများနှင့် တောရှိုင်းဟင်းသီးဟင်းရွက်များသည် ယူနန်ပြည်နယ်၌ တမူထူးခြားသော "သဘာဝဟင်းသီးဟင်းရွက်များ" ဖြစ်၍ တောရှိုင်းပန်းများနှင့် တောရှိုင်းဟင်းသီးဟင်းရွက်များ မြည်းစားခြင်းသည် ယူနန်လူမျိုးများအတွက် "နွေဦးရာသီစား"ရန် ထူးခြားသော နည်းလမ်းတစ်ခု ဖြစ်သည်။ ယခုလက်ရှိတွင် တောတောင်ရှိ နွေဦးအရသာ ပေါများကြွယ်ဝ၍ မြို့သူမြို့သားများသည် စမ်းကြည့်ရန် စိတ်အားထက်သန် နေကြသည်။
အမျိုးမျိုးအဖုံဖုံရှိသော တောရှိုင်းဟင်းသီးဟင်းရွက်များသည် အခြားနေရာများမှ ခရီးသည်များ၏ မျက်စိထဲမှ လှပသော ရှုခင်းတစ်ကွယ် ဖြစ်လာနေပြီ။ နေပူချိန် ပြန်လည်မြင့်လာသည် နှင့်အမျှ စျေးတွင် ရောင်းချသည့် တောရှိုင်းဟင်းသီးဟင်းရွက်များ ပိုများလာပြီး စျေးတွင် ထောက်ပံ့သည့် အရေအတွက်သည်လည်း တိုးပွားလာသောကြောင့် စျေးနှုန်းသည် ထပ်မံ ကျဆင်းသွားမည် ဖြစ်သည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ





