တရုတ်-လာအို ရထားပေါ်တွင် "သီချင်းဆိုခြင်းနှင့် ချစ်ခြင်းမေတ္တာ" ဟူသော နယ်စပ်ဖြတ်ကျော် နွေဦးပွဲတော် ပဒေသာကပွဲကို ကျင်းပခဲ့
2025-01-16 15:05|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နွေဦးပွဲတော် ခရီးသည်ပို့ဆောင်ရေး၏ ပထမနေ့ဖြစ်သည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကူမင်းမြို့မှ ဗီယင်ကျန်းသို့ သွားသည့် D87 ရထားပေါ်တွင် "သီချင်းဆိုခြင်းနှင့် ချစ်ခြင်းမေတ္တာ၊ တရုတ်-လာအို ရထားလမ်းမှ နွေဦးပွဲတော် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှု"ကို ကျင်းပခဲ့သည်။
ရထားထဲတွင် တရုတ်-လာအို ရထားလမ်း၏ မျက်မြင်သက်သေ၊ အကျိုးရရှိသူနှင့် ခံစားသူများသည် စုစည်း၍ အဆိုအက တင်ဆက်ပြသခြင်း၊ တူရိယာတီးမှုတ်ခြင်း၊ မျက်လှည့်ပညာနှင့် ဘားဂျွမ်းအနုပညာ တင်ဆက်ပြသခြင်းနှင့် တွေ့ဆုံမေးမြန်းမှု စသည်တို့ဖြင့် ဤချမ်းမြေ့သာယာသောလမ်း၊ ဖွံ့ဖြိုးရေးလမ်းနှင့် ချစ်ကြည်ရေးလမ်းပေါ်မှ ကြည်နူးစရာကောင်းသည့် ပုံပြင်များကို ပြောပြခဲ့ကြသည်။ စုစုပေါင်း ၄ နာရီကျော်ကြာ ဆက်လက်ကျင်းပခဲ့သည့် ဤတင်ဆက်ပြသပွဲသည် ခရီးသည်များ၏ လက်ခုပ်သြဘာသံနှင့် ရယ်မောသံများကို အဆက်မပြတ် ရရှိခဲ့ကြသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် တရုတ်-လာအို ရထားလမ်းတစ်လျှောက်တွင် လူမှုရိုးရာဓလေ့ထုံးစံနှင့် သဘာဝအခြေအနေများ ထူးခြားပြီး ခရီးသွားအရင်းအမြစ် ပေါများကြွယ်ဝ၍ ရွှေခရီးသွားလမ်း တစ်လိုင်း ဖြစ်သည်။ ယခုအထိ တရုတ်-လာအို ရထားလမ်းတွင် နိုင်ငံတကာ ခရီးသည်တင်ရထား အစီး ၁၅၀၀ ကျော်ကို ခုတ်မောင်းခဲ့ပြီ ဖြစ်၍ နိုင်ငံနှင့် ဒေသ အခုပေါင်း ၁၀၀ ကျော်မှ ခရီးသည် ယောက်ပေါင်း ၄ သိန်းခန့်အတွက် နယ်စပ်ဖြတ်ကျော် ခရီးသွားဝန်ဆောင်မှုများကို ထောက်ပံ့ပေးခဲ့ပြီ ဖြစ်သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ












