ပေါင်စန်းမြို့ လုံလင်ခရိုင်တွင် Tricholoma matsutake များ၏ မွှေးရနံ့ အပြည့်ရှိပြီး အရသာကောင်းသော ဟင်းလျာများဖြင့် ဧည့်သည်များကို ကြိုဆို
2024-10-29 10:43|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) လက်ရှိအချိန်တွင် ယူနန်ပြည်နယ်မှ နေရာအများအပြား၌ တောရိုင်းမှိုများ ဆွတ်ခူးရန် နောက်ဆုံးအချိန်ကာလ တဖြည်းဖြည်း ရောက်ရှိနေပြီ ဖြစ်၍ ပေါင်စန်းမြို့ လုံလင်ခရိုင် ဖျင်တာမြို့နယ် ဟုန်လျံဟယ်ရွာမှ Tricholoma matsutake နောက်ဆုံးအသုတ်လည်း တိတ်တိတ်ဆိတ်ဆိတ် ထွက်ပေါ်လာပြီး လယ်သမားများမှာ ဧည့်သည်များဧည့်ခံရန် အရသာကောင်းသော ဟင်းလျာများကို ဖြစ်လာကြသည်။
နံနက်စောစောတွင် ဟုန်လျံဟယ်ရွာရှိ ရွာသား ယူဇုံဖုသည် သူ့တူ နှင့်အတူ Tricholoma matsutake ဆွတ်ခူးရန် တောင်ပေါ်သို့ သွားပြီး "Tricholoma matsutakeက မြေသြဇာထက်သန်တဲ့ နေရာတွေမှာ မထွက်ဘဲ၊ သစ်ပင်အောက်ရှိ မြေပါးတဲ့ နေရာတွေမှာပဲ ထွက်တယ်"ဟု ယူဇုံဖုသည် လမ်းလျှောက်ရင်း သူ့တူအား Tricholoma matsutake ရှာဖွေရန် တတ်ကျွမ်းမှုများကို သင်ကြားပေခဲ့သည်။ စည်စည်ဝေဝေ ပြွတ်ပြွတ်သိပ်သိပ်ရှိ သစ်တောများထဲ၌ Tricholoma matsutakeများကို ရှာဖွေရန် ထက်မြက်သော အမြင်စွမ်းရည်သာမက ကြွယ်ဝသောအတွေ့အကြုံလည်း လိုအပ်ကြသည်။
ဒေသခံများသည် Tricholoma matsutakeဖြင့် ဧည့်သည်များကို ဧည့်ခံလေ့ရှိကြသည်။ Tricholoma matsutake အများအပြား ထွက်ပေါ်လာသည့် အချိန်ကာလတွင် ရိုးဖြောင့်ဖော်ရွေသော ရွာသူရွာသားများသည် သစ်တောများမှ ဆွတ်ခူးရသည့် Tricholoma matsutake များကို ဝင်ငွေတိုးနိုင်ရန် ရောင်းချတတ်သည့်အပြင် အရသာကောင်းသော ဟင်းလျာများကိုလည်း အလှိုက်တလှဲ ချက်ပြုတ်ပြီး ဧည့်သည်များအား ဧည့်ခံလေ့ရှိကြသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ








