တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို သွားပြီး စိန်ပန်းပြာများကို ကြည့်ရှုခံစားခြင်း

2023-05-06 17:34|ရောင်စုံတိမ်တံတား

8d1c067afb32ce474d22e386fce419b

ဖူရှင်အမှတ် D887 ရထားသည် ချစ်ကြည်ရေးလိုဏ်ခေါင်းထဲမှ ထွက်လာခဲ့ပါပြီ

(ရောင်စုံတိမ်တံတား ကိုကိုမောင်၊ ခင်ခင်တရုတ်-လာအိုမီးရထားလမ်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၌ စတင်လည်ပတ်ကတည်းက အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးလမ်းမကြီးအဖြစ် စွမ်းဆောင်နိုင်မှု တနေ့တခြား ထင်ရှားလာနေ၍ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသော စွမ်းအားများကို ဖြည့်တင်းပေးလျက်ရှိသည်။ ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထား စတင်လည်ပတ်ခြင်းကမူ လာအိုနိုင်ငံ ဗီယင်ကျန်းမှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရထားဖြင့် နေ့ချင်းပေါက် ရောက်နိုင်ပါသည်။ နှစ်နိုင်ငံပြည်သူများ သွားလာရေးအတွက် ပိုမိုလွယ်ကူအဆင်ပြေလာစေခဲ့ပါသည်။

တရုတ်-လာအိုမီးရထား၏ တရုတ်နိုင်ငံအတွင်းမှ ဂိတ်စဖြစ်သည့် ယူနန်ပြည်နယ် ကူမင်းမြို့သည် ကောင်းမွန်သော သဘာဝအခြေအနေနှင့် တစ်နှစ်ပတ်လုံး နွေဦးရာသီကဲ့သို့သော ရာသီဥတု ရှိသောကြောင့် ကူမင်းမြို့ကို နွေဦးမြို့ဟု ခေါ်ဝေါ်ကြသည်။ အောက်ပါအကြာင်းအရာများသည် စာဖတ်သူအတွက် ကူမင်းမြို့ ဝူဟွာရပ်ကွက်တွင် အချိန်၃၉ နှစ်ကြာ နေထိုင်လျက်ရှိသည့် စိန်ပန်းပြာကို မိတ်ဆက်သွားရမည် ဖြစ်၍ နွေဦးမြို့ရှိ ပန်းများ၏ညို့နိုင်စွမ်းကို ခံစားကြရစေမည်ဖြစ်ပါသည်။

907bbc59cb9d64ff053dbe34cb9c899

ကျောက်ချန်အလယ်လမ်းဘေးတွင် ပွင့်ဖူးနေသောစိန်ပန်းပြာများ

နွေဦးမြို့တွင် နေရာအနှံ့ ပန်းများ ပွင့်ဖူးပြီး နှစ်စဉ်နှစ်တိုင်း နွေဦးကုန်၊ နွေရာသီအစပိုင်းကာလ ရောက်လျှင် မြို့တစ်မြို့ကို ဆည်းဆာကဲ့သို့သော စိန်ပန်းပြာများဖြင့် ခရမ်းပြာရောင် ဆေးဆိုးစေ၍ မြို့သူမြို့သားများနှင့် ခရီးသည်များကို ပန်းပွင့်အောက်တွင် ရပ်နားကြည့်ရှုရန် ဆွဲဆောင်ထားကြသည်။

စိန်ပန်းပြာ၏ ပန်းပွင့်ဖူးချိန်သည် နှစ်စဉ်နှစ်တိုင်း ဧပြီလမှ ဇွန်လအထိ ဖြစ်သည်။ ကူမင်းမြို့မှ စိန်ပန်းပြာသည် ၁၉၉၇ ခုနှစ်၌ သွင်းယူခဲ့သည် ဖြစ်၍ ၂၀၂၀ ခုနှစ်၌ ကျောက်ချန်အလယ်လမ်းဘေးတွင် စိန်ပန်းပြာ အပင် ၂၅၀ ကို စိုက်ပျိုးထားသည့် အခြေခံပေါ်တွင် အပင် ၃၀၁ ပင် ကို ထပ်စိုက်ခဲ့ကာ စိန်ပန်းပြာဥယျာဉ်ကို တည်ဆောက်ခဲ့သည်။ နှစ်ပေါင်းများစွာ ဂရုတစိုက် ထိန်းသိမ်းခြင်းဖြင့် ယခုအချိန်တွင် ကျောင်ဆန်အလယ်လမ်းတွင် စိန်ပန်းအပြာ အပင်ပေါင်း ၅၅၁ ပင် စိုက်ပျိုးထား၍ နွေဦးမြို့မှ ပန်းမြို့ထူးခြားချက် ရှိသည့် ရှုခင်းရှုကွက်တစ်ခု ဖြစ်လာကာ မြို့သူမြို့သားများနှင့် အခြားနေရာမှ ခရီးသည်များ နှစ်သက်ကြသည့် နေရာတစ်ခု ဖြစ်လာသည်။

2f4c39aa2eec14f51787f2c5f467630

ကျောက်ချန်အလယ်လမ်းဘေးတွင် ပွင့်ဖူးနေသောစိန်ပန်းပြာများ

စိန်ပန်းပြာများ အလွန်လှပသော်လည်း ပန်းပွင့်ချိန် တိုတောင်းသည်။ ၂လ ၃ လအတွင်း လေအလာတွင် ဝေဝေဆာဆာ ပွင့်ဖူးနေသည့် ပန်းပွင့်များသည် ကြွေကျလေ့ရှိပါသည်။ ထို့ကြောင့် မကြာသေးမီနှစ်များတွင် ဝူဟွာရပ်ကွက်သည် စိန်ပန်းပြာကို ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ထုတ်ကုန်များ၊ ယဉ်ကျေးမှုတို့နှင့် ပေါင်းစပ်စေ၍ ကြွေမကျသည့် စိန်ပန်းပြာကို ထုလုပ်ထားကာ နွေဦးမြို့အတွက် အရောင်နှင့် တက်ကြွမှုများကို တိုးဖြည့်ပေးသည်။

ac730598189cd68ca024ab545c9b196

ကျောက်ချန်အလယ်လမ်းဘေးတွင် ပွင့်ဖူးနေသောစိန်ပန်းအပြာများ

နှစ်စဉ်နှစ်တိုင်း ဧပြီလမှ မေလအထိ ကူမင်းမြို့ ဝူဟွာရပ်ကွက်၌ တည်ရှိသည့် ကျောက်ချန်အလယ်လမ်းသည် ထွန်းလင်းတောက်ပသော စိန်ပန်းပြာများဖြင့် အလှဆင်ထားပြီး ခရမ်းပြာရောင်ဖြစ်သည့် ပန်းပင်လယ်ကဲ့သို့ ဖြစ်သည်။ ထို့ပြင် ဖန်လုံမြစ်ကမ်းပေါ်တွင် လှပသော စိန်ပန်းပြာများ ပွင့်ဖူးနေပြီး ရေပြင်ပေါ်တွင် ထပ်ဟပ်နေသော ပြောင်းပြန်အရိပ်များသည် မြစ်ရေနှင့် အုပ်အုပ်ဆိုင်းဆိုင်း ဝေဝေစည်စည် ရှိသည်။ စိန်ပန်းပြာများ ဝေဝေဆာဆာ ပွင့်ဖူးချိန်တွင် ဝူဟွာရပ်ကွက် လျန်ဟွာလမ်းရုံးဌာနသည် စိန်ပန်းပြာဆိုင်ရာ ယဉ်ကျေးမှုနှင့် အနုပညာပွဲတော်ကို ၅ နှစ် ဆက်တိုက်ကျင်းပခဲ့သည်။ စိန်ပန်းပြာရေခဲမုန့်၊ စိန်ပန်းပြာစတစ်ကာ၊ စိန်ပန်းပြာLollipop ကဲ့သို့သော ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ထုတ်ကုန်များ အဆက်မပြတ်ထွက်ပေါ်နေပြီး ကူမင်းမြို့နှင့် စိန်ပန်းပြာ၏ အပြန်အလှန်ဆက်ဆံရေးတွင် မြို့သစ်အမှတ်တံဆိပ်ကို ထူထောင်နိုင်စေကာ တစ်ချိန်တည်းမှာပင် အနုပညာ၊ ယဉ်ကျေးမှုနှင့် ပညာရေး၊ ဖျော်ဖြေရေး၊ ပြည်သူ့သက်သာချောင်ချိရေး၊ သိပ္ပံပညာရေပန်းစားလာမှုနှင့် ဖက်ရှင်တို့ကို ပုံစံမျိုးစုံဖြင့် တင်ဆက်ထားသောကြောင့် ယဉ်ကျေးမှုနှင့် ရှုခင်းများ ပေါင်းစည်းနိုင်စေရန် နက်နဲသော အဓိပ္ပါယ်ရှိပါသည်။

9dfa6cf61af8f7d68d9209d8f100bb8

စိန်ပန်းပြာယဉ်ကျေးမှုနှင့် အနုပညာပွဲတော် ယဉ်ကျေးမှုဆန်းသစ်တီထွင်မှုဆိုင်ရာထုတ်ကုန်များ

၂၀၂၃ခုနှစ် ကူမင်းမြို့ ပဉ္စမမြောက် စိန်ပန်းပြာယဉ်ကျေးမှုနှင့် အနုပညာပွဲတော်ကို ဧပြီလ ၂၈ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ကျောက်ချန်လမ်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အနုပညာပွဲတော်အတွင်း ဝူဟွာရပ်ကွက်သည် ဒေသဆိုင်ရာလက္ခဏာများဖြင့် ယဉ်ကျေးမှုခရီးသွားလုပ်ငန်း၏ ပုံရိပ်အမှတ်တရကို ဆက်လက်ခိုင်မာစေပြီး "ရောင်စုံ ဝူဟွာရပ်ကွက်" စိန်ပန်းပြာ ဂီတပွဲတော်၊ "ရောင်စုံ ဝူဟွာရပ်ကွက်" ပြပွဲ၊ လမ်းအမြန်လျှောက်ခြင်း၊ စကိတ်စီးပြိုင်ပွဲများကဲ့သို့သော အွန်လိုင်းနှင့် အော့ဖ်လိုင်းလှုပ်ရှားမှုများကို စတင်ခဲ့ပြီး "စိန်ပန်းပြာယဉ်ကျေးမှုနှင့် အနုပညာပွဲတော်"၏ အမှတ်တံဆိပ်တန်ဖိုးကို စဉ်ဆက်မပြတ်မြှင့်တင်ကာ စိန်ပန်းပြာယဉ်ကျေးမှုအမှတ်တံဆိပ်၏ အဓိပ္ပါယ်ကို နက်နက်ရှိုင်းရှိုင်းရှာဖွေကာ "ယဉ်ကျေးမှု + တီထွင်ဖန်တီးနိုင်မှု" "ယဉ်ကျေးမှု + ဂေဟဗေဒ" နှင့် "ယဉ်ကျေးမှု + စားသုံးမှု" တို့၏ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်မြှင့်တင်ရန်နှင့် စိန်ပန်းပြာကို ကူမင်းမြို့၏ ထူးခြားသော မြို့အဆင့် ယဉ်ကျေးမှု IP အဖြစ် နွေဦးမြို့ အတွက် ထူးခြားသော ပန်းများ၏ညို့နိုင်စွမ်းကို အကြမ်းဖျင်းဖော်ပြပါသည်။

စိန်ပန်းပြာများဖြင့် ဒီဇိုင်းထုတ်ထားသော IP ပုံ "လန်ယင်ယင်"သည် အနုပညာပွဲတော်တွင် ထွက်ပေါ်လာပြီး နွေဦးမြို့ကို ကိုယ်စားပြုကာ အဝေးမှ ဧည့်သည်များကို ကြိုဆိုလျက် စိန်ပန်းပြာများကို  အတူတကွကြည့်ရှုခံစားပါသည်။

e11b2b0c10072693ef3aedb3385101c

ကျောက်ချန်အလယ်လမ်း စိန်ပန်းပြာလမ်းမြင်ကွင်း

စိန်ပန်းပြာလမ်းမကြီး၏ လူကြိုက်များမှု တိုးမြင့်လာသည်နှင့်အမျှ ခရီးသွားဧည့်သည် အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် တိုးလာကာ ပန်းကြည့်ခရီးသွားလုပ်ငန်း၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရုံသာမက ပတ်ဝန်းကျင်ဈေးကွက်များတွင် စားသုံးမှုတိုးပွားလာမှုကိုလည်း လှုံ့ဆော်ပေးပါသည်။ ၂၀၂၂ ခုနှစ်တွင်  လူ အယောက် (၄)သိန်းခန့်သည် ဝူဟွာရပ်ကွက် ကျောက်ဆန်အလယ်လမ်းတွင် ပန်းများလာရောက်ခံစားကြပြီး "စတုတ္ထမြောက် စိန်ပန်းပြာ ယဉ်ကျေးမှုနှင့် အနုပညာပွဲတော်နှင့် စားသုံးမှုရာသီ"၏ ဦးဆောင်မှုဖြင့် ဝူဟွာရပ်ကွက်သည် မေလအတွင်း ခရီးသွားပေါင်း (၆.၄)သိန်း နီးပါးကို လက်ခံကြိုဆိုခဲ့ပြီး စုစုပေါင်း ခရီးသွားဝင်ငွေ ယွမ် ၄၄၄ သန်း ရရှိခဲ့ပါသည်။ လက်ရှိတွင် " စိန်ပန်းပြာ ယဉ်ကျေးမှုနှင့် အနုပညာပွဲတော်"သည် ကနဦးတွင် သတ်မှတ်ထားသော အမှတ်တံဆိပ်တန်ဖိုးကို ပိုင်ဆိုင်ထားပြီး နွေဦးမြို့ဖြစ်သည့် ကူမင်းမြို့၏ လှပသောမြို့တော်ပို့စကတ်တစ်ခု ဖြစ်လာခဲ့ပါသည်။

နွေရာသီအစောပိုင်းတွင် စိတ်ကူးယဉ်မှုအပြည့်ရှိသော စိန်ပန်းပြာများအပြင် ကူမင်းမြို့၏  ဝူဟွာရပ်ကွက်တွင် နွေဦးမြို့၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပြည့်နေသည့်  စိမ်းမြကန်သာ (Green Lake) ကန်နှင့် မီးရှူးမီးပန်းများနှင့် ညမီးများပြည့်နေသော နန်ချန်လမ်းလည်း ရှိပါသည်။ ယခုနွေရာသီတွင် သင်သည် တရုတ်-လာအိုမီးရထားလမ်းဖြင့် ကူမင်းမြို့သို့ လမ်းလျှောက်ထွက်ကာ ဝူဟွာရပ်ကွက်ရှိ  ကျောက်ချန်လမ်းသို့ စိန်ပန်းပြာများကို  ကြည့်ရှုခံစားပြီး အပြာရောင်နဲ့ ခရမ်းရောင်ပန်း မိုးရေချိုးပြီး ယူနန်လို့ခေါ်တဲ့ ဘဝတစ်ခုကို ခံစားလိုက်ပါ။


8d1c067afb32ce474d22e386fce419b

D887次“复兴号”列车驶出友谊隧道

中老铁路自2021年12月开通以来,国际物流黄金大通道作用日益凸显,为区域经济发展注入了强劲动能。而2023年4月13日国际客运的开通则实现万象至昆明乘火车当日通达,两国民众往来更加便利。

作为中老铁路北向终点的云南省昆明市因其优越的自然条件和四季如春的气候,被称为“春城”。今天将带大家走进5月的昆明,认识在昆明五华区生活了39年的花之精灵——蓝花楹,领略独属于春城的“花式浪漫”。

907bbc59cb9d64ff053dbe34cb9c899

教场中路蓝花楹街景

春城无处不飞花,每年进入春末夏初的春城,都会被如烟似霞的蓝花楹染上梦幻的蓝紫色,吸引市民和游客在随风摇曳的花朵下驻足观赏。

蓝花楹花期为每年的4至6月。昆明的蓝花楹于1997年引种,2020年,在教场中路原有250株蓝花楹的基础上,通过补种、增值蓝花楹树301株,并建成蓝花楹主题公园。经过多年精心养护,现教场中路蓝花楹总数量已达到551株,形成具有鲜明春城花都特色的一街一景,也成为备受昆明市民和外地游客喜爱的网红打卡地。

2f4c39aa2eec14f51787f2c5f467630

教场中路蓝花楹街景

一花一世界,蓝花楹虽如梦似幻般美丽,花期却较为短暂,短短两三个月,迎风盛开的蓝紫色花朵便从花开走向花落。因此,近年来昆明五华区持续探索以花为媒,将蓝花楹与文旅、文创、文化相结合,着力打造“开不败”的蓝花楹,为春城花都增添别样的色彩和活力。

ac730598189cd68ca024ab545c9b196

教场中路蓝花楹街景

每年4至5月,位于昆明市五华区的教场中路被绚烂多姿的蓝花楹装点成一片蓝紫色的花海;盘龙江畔,秀丽的蓝紫色花朵倒映在水面上,与盘龙江的一池碧水相映成趣。借蓝花楹盛放之势,五华区莲华街道已连续5年举办“蓝花楹文化艺术节”。蓝花楹雪糕、蓝花楹压花贴、蓝花楹棒棒糖等一系列文创产品不断问世,让昆明在与蓝花楹的互动中打响新的城市品牌,同时也将艺术、文教、娱乐、公益、科普、时尚进行多形式呈现,让文化融于景,让景观有深意。

9dfa6cf61af8f7d68d9209d8f100bb8

蓝花楹文化艺术节文创产品

据悉,2023年昆明第五届蓝花楹文化艺术节于4月22日至6月30日在教场路蓝花楹主题街区举办。艺术节举办期间,五华区持续强化具有区域特色的文旅形象记忆,推出“花YOUNG五华”蓝花楹主题音乐节、“花YOUNG五华”专题SHOW场、健步走、滑板赛等一系列线上线下主题活动,不断提升“蓝花楹文化艺术节”的品牌价值、深入挖掘蓝花楹文化的品牌内涵,持续推动“文化+创意”“文化+生态”“文化+消费”融合发展,将蓝花楹打造为独属于昆明的城市级文化IP,勾勒出独属于春城的“花式浪漫”。

值得一提的是,以蓝花楹为元素设计的IP形象“蓝楹楹”现身艺术节,代表春城欢迎远道而来的宾客,共赴一场蓝花楹之约。

e11b2b0c10072693ef3aedb3385101c

教场中路蓝花楹街景

随着蓝花楹大道的知名度不断攀升,游客逐年增多,不仅带动赏花旅游经济发展,也有效拉动周边市场消费增长。2022年,前来五华区教场中路赏花的人数达40余万人次;在“第四届蓝花楹文化艺术节&消费季”的带动下,五一期间五华区共接待游客近64万人次,实现旅游综合收入4.44亿元。当前,“蓝花楹文化艺术节”已初步具备一定品牌价值,日益成为春城昆明一张靓丽的城市名片。

除了充满初夏浪漫色的蓝花楹外,昆明五华区还有满载春城文脉底蕴的翠湖和极具烟火夜色的南强街巷等。这个夏天,不妨乘中老铁路到昆明走一走,去五华区教场路赴一场鲜花之约,淋一场蓝紫色花雨,体验一种叫云南的生活。


အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်