ယူနန်ပြည်နယ် အန်နင်မြို့တွင် “အိတ်ဆောင်ဥယျာဉ်” အခု ၃၀ ကို တည်ဆောက်ပြီးစီး
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) “အိတ်ဆောင်ဥယျာဉ်” ဆိုသည်မှာ အငယ်စားဥယျာဉ်လည်း ဟုခေါ်၍ ပမာဏ အလွန်သေးငယ်သော ဥယျာဉ် ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် ယူနန်ပြည်နယ် အန်နင်မြို့သည် “အိတ်ဆောင်ဥယျာဉ်” တည်ဆောက်ခြင်းကို တစ်နှစ်တာ အဓိက ပြည်သူလူထု၏ နေထိုင်မှုဘဝဆိုင်ရာ တကယ့်ကိစ္စ ၁၀ခုထဲသို့ ထည့်သွင်းခဲ့၍ မြို့တစ်ခုလုံး၌ “အိတ်ဆောင်ဥယျာဉ်” ၃၀ ခုကို တည်ဆောက်ပြီးစီးသွားပြီး အကြီးစား ညွန့်ပေါင်းဥယျာဉ် ၅ ခုကို သစ်လွင်တည်ဆောက်ပြီး အဆင့်မြှင့်တင်၍ တည်ဆောက်ရေးနေရာသည် အဓိကအားဖြင့် နေထိုင်ရာရပ်ကွက်များ ပတ်လည်နားနှင့် အိမ်ရာစီမံခန့်ခွဲမှု မရှိသော ရှေးဟောင်းရပ်ကွက်များထဲ၌ ဧရိယာ စတုရန်းမီတာ သုံးလေးငါးရာမှ စတုရန်းမီတာ သုံးလေးငါးထောင်အထိ ကျယ်ဝန်းသော မြေအလွတ် သို့မဟုတ် ဆောက်လုပ်ရေးအမှိုက် စွန့်ပစ်လယ်မြေ စသည့် အစအနဖြစ်သည့် တစ်ပိုင်းတစ်စ အသုံးဝင်နေရာများ ဖြစ်ပါသည်။ ထို့ပြင် မြို့ထဲမှ အဆောက်အအုံဖြိုချပြီး ဖယ်ထွက်သည့် မြေပြင်များ၊ အကျယ်အဝန်း ၃ ဧကအောက်မှ မြေပြင်များ၊ စွန့်ပစ်ရာမြေပြင်များ၊ အသုံးမချဘဲ ဘေးချိတ်ထားသည့် မြေပြင်များကို အပြည့်အဝ အသုံးပြုခြင်းအားဖြင့် မြို့တစ်ခုလုံးတွင် တစ်နှစ်တာ ဥယျာဉ်နှင့် သစ်ပင်စိုက်ပျိုးမှုဧရိယာ ဟက်တာ ၃၀ တိုးလာ၍ “မီတာ ၅၀ ကွာဝေးလျှင် အစိမ်းရောင် မြင်ခြင်း၊ မီတာ ၅၀၀ ကွာဝေးလျှင် ဥယျာဉ် မြင်နိုင်ခြင်း”ကို အကောင်အထည်ဖော် ခဲ့ပါသည်။
云南安宁建成30个“口袋公园”
“口袋公园”也称袖珍公园,是指规模很小的城市开放空间。2021年云南省安宁市将“口袋公园”建设纳入年度十件重点民生实事范畴,在全市建成30个“口袋公园”、新建提升5个大型综合公园,建设地块主要为居住小区周边及无物管的老旧小区内,等面积为数百平方米至几千平方米的空地或建筑垃圾弃土场等碎片式的零星用地。此外,充分利用城市拆迁腾退地和边角地、废弃地、闲置地,全市年度新增公园绿地30公顷,实现“50米见绿、500米见园”。(李浩摄影报道)