၁၇ ကြိမ်မြောက် ကူမင်း မေပယ်ရွက်ပွဲတော်ကို ဟေလုံထန်ဥယျာဉ်၌ စတင်ကျင်းပ၍ နေ့စဉ် ခရီးသည် ၃ ထောင်ကျော် လာရောက်လည်ပတ်

2021-11-16 16:35 ရောင်စုံတိမ်တံတား

915293_670x670

(ရောင်စုံတိမ်တံတား၊ ခင်ခင်) ကူမင်းဟေလုံထန်ဥယျာဉ်သည် တစ်နှစ်တစ်ကြိမ် မေပယ်ရွက် ကြည့်ရှုရန် အကောင်းဆုံးသော ရာသီချိန်သို့ ဝင်ရောက်ပါပြီ၊ နိုဝင်ဘာလတွင် ၁၇ ကြိမ်မြောက် ကူမင်း မေပယ်ရွက်ပွဲတော်ကို ဟေလုံထန်ဥယျာဉ်၌ စတင်ကျင်းပ၍ အချိန် တစ်လကြာသော လှပသော မေပယ်ရွက်ရှုခင်းများကို လာရောက်လည်ပတ်ရန် ရှင့်ကို စောင့်နေပါသည်။

915296_670x670

ဟေလုံထန်ဥယျာဉ်ထဲမှ ဟုံဖုန်းရိုးမတောင်သည် ၁၉၉၇ ခုနှစ်တွင် တည်ဆောက်ပြီး အနီရောင်မေပယ်ပင် ၁၉၉၇ ပင် စိုက်ပျိုးခဲ့ကြပါသည်။ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာ ပြီးနောက် ဟုံဖုန်းရိုးမတောင် တစ်ခုလုံးသည် ဆောင်းကူးရာသီ ရှုခင်းသာရပ်ကွက် ဖြစ်လာပါပြီ။ Liquidambar formosana Hance၊ Acer saccharum Marshနှင့် အနီရောင်မေပယ်ပင် စသည့် ဆောင်းကူးရာသီထဲမှ အလှစိုက်သစ်ပင် အပင် ၈ ထောင်ကျော် စိုက်ပျိုး ထားပါသည်။

915297_670x670

နှစ်စဉ် အောက်တိုဘာလလကုန်မှ နိုဝင်ဘာလလကုန်အထိ ရိုးမတောင်တစ်ခုလုံးသည် အနီရောင် ဖြစ်လာလျက်ရှိပါသည်။ ဤနှစ်တွင် မိုးရေနှင့် ရာသီဥတု၏ ထိခိုက်မှုကြောင့် မေပယ်ရွက်ကြည့်ရှုရန် အကောင်းဆုံးသော ကာလသည် ဖြည်းဖြည်းနှေးနှေးနှင့် အလာနှောင်း၍ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ၁၀ ရက်ခန့် ရွှေ့ဆိုင်းခဲ့သော်လည်း အရောင်အဆင်းသည် ပိုမိုကြွယ်ဝပါသည်။

915298_670x670

နိုဝင်ဘာလသို့ ဝင်ရောက်ပြီးနောက် နေ့တိုင်း ဟေလုံထန်ဥယျာဉ်ထဲသို့ ဝင်လာသည့် ခရီးသည်၏ လူဦးရေသည် လွန်ခဲ့သည့်လထက် တစ်ဆကျော် တိုးလာပြီး ၃၀၀၀ ကျော် ထိမြောက်ပါသည်၊ ခရီးသည်များသည် နံနက်ပိုင်း ၁၀ နာရီမှ ညနေပိုင်း ၄ နာရီအထိ ဥယျာဉ်ထဲသို့ စုစည်းဝင်ရောက်ကြခြင်း ဖြစ်ပါသည်။ ဟေလုံထန်ဥယျာဉ်သည် ဤရာသီချိန်တွင် ကူမင်းမြို့၌ မေပယ်ရွက်ကြည့်ရှုရန် အကောင်းဆုံးသော နေရာတစ်ခုအနေဖြင့် လုံထန်၏ ဆောင်းကူးရာသီရသဟူသော ခေါင်းစဉ်ဖြင့် ကျင်းပနေသော မေပယ်ရွက်ကြည့်ရှုပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ဆက်လက်ကျင်းပပါမည်။

915299_670x670

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting