စိတ်ချရနိုင်တဲ့ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကုန်ပို့ကုမ္ပဏီကို ထောက်ခံအကြံပေးပါ

2020-09-27 10:27 ရောင်စုံတိမ်တံတား

User ခိုင်ခိုင်၏မေးခွန်း။ မင်္ဂလာပါ၊ ကျွန်မက ကူမင်းမြို့နေတာ သိပ်မကြားသေးတဲ့ မြန်မာနိုင်ငံ မန္တလေးသူ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) အဆုတ်ရောင်ရောဂါ ပျံ့နှံ့ကူးစက်နေလို့ ကျွန်မက တရုတ်နိုင်ငံမှာ Mask နဲ့ ပိုးသတ်ဆေးများကို ဝယ်ပြီး မိသားစုအတွက် မြန်မာနိုင်ငံကို ပို့ချင်ပါတယ်၊ ဒါပေမယ့် တရုတ်ကုန်ပို့ကုမ္ပဏီတွေကို သိပ်မသိပါဘူး။ ဒါကြောင့်၊ စိတ်ချရနိုင်တဲ့ နယ်စပ်ဖြတ်ကုန်ပို့ကုမ္ပဏီကို ထောက်ခံအကြံပေးလို့ ရပါသလား။

အယ်ဒီတာ၏အဖြေ။ မင်္ဂလာပါ၊ ကျွန်မက ယွင့်တာကုမ္ပဏီနဲ့ ရွှင်ဖုံကုမ္ပဏီတို့ကို သုံးဖို့ ထောက်ခံအကြံပေးပါတယ်။ ဒီကုမ္ပဏီနှစ်ခုက တရုတ်-မြန်မာ နိုင်ငံတကာ နယ်စပ်ဖြတ် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးပြီး အာမခံချက် ပိုရှိပါတယ်။ ကျွန်မက သက်ဆိုင်ရာ တာဝန်ရှိသူရဲ့ Wechat အကောင့် ရှင်ကို မျှဝေပေးပါမယ်၊ ရှင်က သူတို့ရဲ့ သတ်မှတ်ချက်အလိုက် လုပ်ရင် ရပါပြီ။ ဘာသာပြန်အလိုရှိရင် ကျွန်မတို့နဲ့ ဆက်သွယ်လို့ ရပါတယ်ရှင်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting