





中国(云南)自由贸易试验区 China (Yunnan) Pilot Free Trade Zone
အခုတလော ယူနန်စိမ်နုံကုမ္ပဏီအုပ်စုသည် ရှန်ဟိုင်းအစုရှယ်ယာရောင်းဝယ်ရေးဌာန၌ စတော့ရှယ်ယာ စတင်ရောင်း၍ တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်း စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန်နယ်) မှ စတော့ရှယ်ယာဈေးကွက်တွင် စတော့ရှယ်ယာရောင်းသော လုပ်ငန်းသည် ၆ ခုအထိ တိုးလာခဲ့ပါသည်၊ စုစုပေါင်း ဈေးကွက်တွင်ရှိတန်ဖိုးမှာ အယွမ် ၃၉.၅ ဘီလီယံလောက် ရှိပါသည်။
ပိုများသော အုပ်ချုပ်ရေး ကိစ္စရပ်များကို နောက်နောင်တွင် တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း၌ ဆောင်ရွက်နိုင်မည်။ ထိုနေ့မှစ၍ ကူမင်းဧရိယာအပိုင်း အထွေထွေဝန်ဆောင်မှုစင်တာသည် ပြည်နယ်နှင့် မြို့မှ အောက်ခြေသို့ အခွင့်အာဏာအချို့ လွှဲအပ်ပေးသည့် ပထမအသုတ် ကိစ္စရပ် ၁၂၁ ရပ်ကို အနှစ်သာရအားဖြင့် စာတမ်းလက်ခံပြီး စစ်ဆေးအတည်ပြုနိုင်မည် ဖြစ်ကြောင်း ဟု ကူမင်းဧရိယာအပိုင်းမှာ မတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် သတင်းရှင်းလင်းပွဲတွင် ထုတ်ပြန်ကျေညာ ခဲ့ပါသည်။
တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းသည် ပထမဦးဆုံးအသုတ် စနစ်အဆန်းထွင်မှု အမှုပုံစံ ၃ ရပ်ကို သုံးလေးငါးရက်တုန်းက ထုတ်ပြန်ခဲ့ပါသည်။ ၄င်းအနက်၊ ကူမင်းလျှပ်စစ်ဓာတ်အား ရောင်းဝယ်ရေးစင်တာသည် ထုလုပ်ခဲ့သည့် နယ်စပ်ကျော် လျှပ်စစ်ဓာတ်အားဝယ်ခြင်း စံပြပုံစံမှာ တစ်နိုင်ငံလုံးအတွင်း ပထမဦးဆုံး တီထွင်ဖန်တီးခဲ့သည့် အပြုအမူဖြစ်၍ အခု လာအို၊ ဗီယက်နမ်၊ မြန်မာ ၃ နိုင်ငံ မှလာသည့် လျှပ်စစ်ဓာတ်အား ရောင်းဝယ်ရေးကုမ္ပဏီ အခု ၁၀၀ ကျော်သည် အရောင်းအဝယ်ပြုရန် စင်တာသို့ ဝင်ရောက်ပါပြီ။
အခုတလော၊ ယူနန်ပြည်နယ်အခြေစိုက် လမ်းပန်းဆက်သွယ်ရေးဘဏ်ခွဲသည် တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း၌ YUNTIANHUA ပူးတွဲကုန်သွယ်ရေးကုမ္ပဏီမှ ပြည်ပလက်အောက်ခံကုမ္ပဏီအတွက် ယူနန့် ပထမဆုံး လွတ်လပ်သောကုန်သွယ်ရေးဇုန်မှ NRA ဘဏ်အကောင့် ဆင့်ပွားပစ္စည်းလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့၍ NRA ဘဏ်အကောင့်၏ ငွေရေးကြေးရေး ဝန်ဆောင်မှု အစွမ်းသတ္တိကို တစ်ဆင့်တိုးပြီး တိုးချဲ့ပေးခဲ့ပါသည်။
ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP နဲ့ပတ်သက်တဲ့ အသိပညာရဲ့ အသိုင်းအဝိုင်းက ကျယ်ပြန့်ပြီး တွေးခေါ်မှုက ရှေ့ပြေးပါတယ်၊ တရားဝင် လက်မှတ်ရေးထိုး ပြီးနောက် အားလုံးက စာသင်ပြီး ပိုင်နိုင်တတ်မြောက်အောင် အချိန်ကို မိမိရရအသုံးချ ကြနေပါတယ်၊ အချိန်က လူ့ကိုမစောင့်၊ ကူမင်းဧရိယာအပိုင်းက အခါမလင့် ကြံစည်ရမယ်၊ အရှိန်ယူပြီး RCEP ပါဝင်ရမယ်၊ ရှေ့ပြေးအခွင့်အလမ်း အမြန်လက်ရ သိမ်းယူရမည်၊ RCEP ရဲ့ အကျိုးအမြတ် ရရှိဖို့ ဆန္ဒအလျောက် ဆောင်ရွက်ရမယ်။