ကူမင်းဧရိယာအပိုင်း အခွန်ဌာနသည် လုပ်ငန်းကုမ်ပဏီများ၏ အခက်အခဲများကို ဖြေရှင်းစေရန် အခွန်နှင့် စရိတ်လျှော့ပေး
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ပေါင်းစပ်ပုံ အခွန်ပံ့ပိုးမှုမူဝါဒကို ဆောင်ရွက်ခြင်း၊ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပြီး အခက်အခဲများ ဖြေရှင်းစေခြင်း စသည့် မူဝါဒများကို ပြည့်စုံစေခြင်းတို့ဖြင့် တစ်နှစ်ပတ်လုံးတွင် အယွမ် ၂.၅ ထရီလီယံ အခွန်ပြန်ပေး၊ အခွန်လျှော့မည်ဟု ခန့်မှန်းထားကြောင်း ယခုနှစ် "အစိုးရ လုပ်ငန်းအစီရင်ခံစာ"ထဲတွင် ရေးသားထားပါသည်။
တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်) အခွန်ဌာနသည် အွန်လိုင်းနှင့် အော့ဖ်လိုင်း ဘက်စုံဝန်ဆောင်မှုများကို တက်ကြွစွာ ပေးပြီး အခွန်နှင့် အခကြေးငွေများ လျှော့ချရေး မူဝါဒကို ဆောင်ရွက်ကျင့်သုံးပြီး အခွန်လျှော့ချရေးနှင့် အခွန်ကင်းလွတ်ခွင့် ပေးခြင်း စသည့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် ရင်ဆိုင်သည့် အခက်အခဲများနှင့် ပိတ်ဆို့ချက်များကို လုပ်ငန်းကုမ်ပဏီများနှင့် ချိတ်ဆက်ကြပါသည်။
"တစ်ဦးမှတစ်ဦး" အမှုကိစ္စကို ကြိုတင်ချိန်ထားပြီး ဆောင်ရွက်ပေးခြင်း၊ လူသိစေခြင်းနှင့် အကြံဉာဏ်ပေးခြင်း၊ အခွန်နှင့် စရိတ်လျှော့ရန် အထူးခန်းမကို တိုးချဲ့ခြင်းစသည့် နည်းလမ်းများဖြင့် လုပ်နိုင်စွမ်း ကောင်းမွန်သော၊ ခိုင်မာသော မူဝါဒများရှိသော ဝန်ထမ်းများကို ရွေးချယ်ပြီး လုပ်ငန်း ကုမ်ပဏီများအတွက် ပြည့်စုံသော ဝန်ဆောင်မှု ပေးပြီး အခက်အခဲများကို ထိရောက်စွာ ဖြေရှင်းပေးကာ လက်တွေ့ကျသည့် ကိစ္စများကို လုပ်ဆောင်ပေးပါသည်။
中国(云南)自贸区昆明片区(昆明经开区)税务局减税降费助企纾困
今年《政府工作报告》提出,实施组合式税费支持政策、完善减负纾困等政策,预计全年退税减税2.5万亿。
中国(云南)自贸区昆明片区(昆明经开区)税务局主动提供线上线下全方位服务,落实落细减税降费政策,对接企业在办理减税、免税、缓税降费过程中的难点、堵点。
通过“一对一”预约受理和宣传辅导、拓展减税降费申报专厅等方式,选派业务精、政策强的人员对企业开展全流程服务,切实为企业解难题、办实事。