တာ့ရွှေရထားလမ်းမှ ဆန်ရမ်လိုဏ်ခေါင်း တစ်ဆက်တည်းရှိလာ၍ တာ့လီ-ဘောင်ဆန်းအပိုင်း ဤနှစ်၌ စတင်လည်ပတ်
(ရောင်စုံတိမ်တံတား၊ ခင်ခင်) မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တည်ဆောက်သူများ ၁၄ နှစ်ကြာ ကြိုးကြိုးစားစား တည်ဆောက်ထားခြင်းဖြင့် တရုတ်-မြန်မာ အပြည်ပြည်ဆိုင်ရာ ပေါက်ရောက်ရာလမ်းကြီး၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည့် ယူနန်ပြည်နယ် တာ့(တာ့လီ) ရွှေ(ရွှေလီ) ရထားလမ်းမှ ဆန်ရမ်လိုဏ်ခေါင်း လုံခြုံစွာ တစ်ဆက်တည်း ရှိလာပြီးနောက် တာ့ရွှေရထားလမ်း၏ တာ့လီ- ဘောင်ဆန်းအပိုင်းရှိ လိုဏ်ခေါင်း ၂၁ ခုတို့သည် တစ်ဆက်တည်းရှိလာကြ၍ တာ့လီ- ဘောင်ဆန်းအပိုင်း၏ အစောပိုင်း လမ်းပေါက်ခြင်းနှင့် လည်ပတ်ခြင်းအတွက် အုတ်မြစ် ချပေးပါသည်။
တာ့ရွှေရထားလမ်းသည် စုစုပေါင်း အရှည် ကီလိုမီတာ ၃၃၀ ရှိ၍ တံတားနှင့် လိုဏ်ခေါင်း အချိုးကျနှုန်း ၇၆.၅ ရာခိုင်နှုန်း ဖြစ်ကာ တရုတ်နိုင်ငံ တာလတ်နှင့် တာရှည် ရထားလမ်းကွန်ယက် စီမံကိန်းထဲတွင် ရထားလမ်းကွန်ယက် အခင်းအကျင်း ပြည့်စုံကောင်းမွန်အောင်၊ အနောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သည့် အရေးကြီးသော လုပ်ငန်းရပ် ဖြစ်ပါသည်။ ရထားလမ်း တစ်ခုလုံးသည် တာ့လီ- ဘောင်ဆန်း အပိုင်းနှင့် ဘောင်ဆန်း- ရွှေလီအပိုင်း ခွဲခြား တည်ဆောက်သော စနစ်ကို အသုံးပြု၍ ဤအနက် အစောပိုင်း တည်ဆောက်သည့် တာ့လီ- ဘောင်ဆန်း အပိုင်းသည် ဆန်ရမ်လိုဏ်ခေါင်း တစ်ဆက်တည်း ရှိလာသည်နှင့်အမျှ ဤနှစ်၌ စတင်လည်ပတ်အောင် အကောင်အထည်ဖော် နိုင်ပါမည်။ ထိုအချိန်တွင် တာ့လီမှ ဘောင်ဆန်းသို့ ၁ နာရီခန့်သာ လိုအပ်၍ ယူနန်ပြည်နယ် ဘောင်ဆန်းမြို့သည် ရထားမရှိသော သမိုင်းကို အဆုံးသတ်မည် ဖြစ်ပါသည်။
大瑞铁路杉阳隧道贯通 大理至保山段年内开通运营
3月28日上午,经过建设者14年的艰苦奋战,中缅国际大通道重要组成部分,云南大(理)瑞(丽)铁路杉阳隧道安全贯通,至此大瑞铁路大理至保山段21座隧道全部贯通,为大理至保山段先期开通运营奠定了基础。
大瑞铁路全长330公里,桥隧比76.5%,是我国《中长期铁路网规划》中完善路网布局和西部开发重要项目,全线采取大理至保山、保山至瑞丽分段建设模式,其中,先期开工建设的大理至保山段随着杉阳隧道的攻克,有望今年内开通运营,届时大理至保山仅需1小时左右,云南保山将结束不通火车的历史。