ယူနန်လူသားဆိုင်ရာ ဖလှယ်ရေးပြခန်းကို စတုတ္ထကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပို့ကုန်ပြပွဲတွင် ပြသ

2021-11-04 16:31 ရောင်စုံတိမ်တံတား

00304270336_c41c14af

(ရောင်စုံတိမ်တံတား၊ ခင်ခင်) နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ စတုတ္ထကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပို့ကုန်ပြပွဲ(CIIE)ကို ရှန်ဟိုင်းမြို့တွင် ကျင်းပတော့မည်၊ ထိုအခါရောက်လျှင် နိုင်ငံနှင့် ဒေသ ၁၂၇ ခုမှ စီးပွားရေးကုမ္ပဏီပေါင်း ၃ထောင် နီးပါးသည် ကုမ္ပဏီပြပွဲကို ပါဝင်ကြပါမည်။ CIIE ကို ၄ ကြိမ် ဆက်တိုက်ပါဝင်သော ယူနန်ပြည်နယ်သည် ဤနှစ်တွင် “ရောင်စုံယူနန်၊ ထောင်နှစ်ချီသော ယူနန့်ရသ” ခေါင်းစဉ်ကို အခြေခံပြုပြီး ယူနန်လူသားဆိုင်ရာ ဖလှယ်ရေးပြခန်းကို ထူထောင်ပါမည်။

00304270337_d9edc4e7

ယူနန်လူသားဆိုင်ရာ ဖလှယ်ရေးပြခန်းထဲတွင် တမူထူးခြားသော ယူနန်ပြည်နယ်ရှိ တရုတ်နိုင်ငံ ရှေးဟောင်းနာမည်ကျော်တံဆိပ် ကုမ္ပဏီ ၁၆ ခုနှင့် ယူနန်ပြည်နယ်ရှိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ကုမ္ပဏီ ၉ ခုကို ပါဝင်၍ အစားအစာ၊ တရုတ်ရိုးရာတိုင်းရင်းဆေး၊ လက်ဖက်ခြောက်၊ မျက်မှန်၊ ယဉ်ကျေးမှု၊ လက်မှုအနုပညာ၊ ပန်းချီပညာ စသည့လုပ်ငန်းများနှင့် မြေထည်ပြုလုပ်ခြင်း၊ ရိုးရာ ကျောက်စာအနုပညာ၊ လက်ဖက်အနုပညာ စသည့် အစီအစဉ်များကို ပါဝင်ထားကြပါသည်။ တစ်ကမ္ဘာလုံး ကြီးကျယ်ခမ်းနားသော ကုန်သွယ်ရေးပြပွဲဖြစ်သည့် CIIE ဖြင့် ပြည်တွင်းပြည်ပမှ ဧည့်သည်များကို ယူနန်ပြည်နယ်ရှိ တရုတ်နိုင်ငံ ရှေးဟောင်းနာမည်ကျော် တံဆိပ်များ၏ ကြီးမားလေးနက်သော သမိုင်းယဉ်ကျေးမှု အကြောင်းစုံနှင့် ထူးခြားသော ညှို့နိုင်စွမ်းများအား စုစည်းပြသ၍ လူ့အလွှာအသီးသီးနှင့် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ချိန်တွင် ယူနန်ပြည်နယ်ရှိ တရုတ်နိုင်ငံ ရှေးဟောင်းနာမည်ကျော် တံဆိပ်များနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လုပ်ငန်းများကို စွမ်းအားရယူစေပြီး ပိုများသော စီးပွားရေးအခွင့်အလမ်းများကို ရရှိစေနိုင်မည် မျှော်လင့်ပါသည်။

00304270338_2589584e

00304270339_0b1397c2

00304270365_973f639c

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်