ဤသည် ရောင်စုံယူနန်၏ သာယာလှပသော ဟန်အမူအရာဖြစ်

2021-06-24 16:33 ရောင်စုံတိမ်တံတား

139961486_16216055260451n

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဤသည် တစ်နိုင်ငံလုံး ဇီဝမျိုးစုံမျိုးကွဲ အများဆုံးသော ရောင်စုံယူနန် ဖြစ်ပါသည်။ ဤသည် “တိရိစ္ဆာန်ဘုရင့်နိုင်ငံ” “ရုက္ခပင်ဘုရင့်နိုင်ငံ” “ကမ္ဘာ့ပန်းခြံဥယျာဉ်” ဖြစ်ပါသည်။ ဤ ဆန်းချယ်ပြီး အံ့ဖွယ်ကောင်းသော မြေကြီးပေါ်တွင် အသက်သည် ရွှန်းတင့်ဆုံးသော ဟန်အမူအရာကို ပြသထားပါသည်။

139961486_16216055261441n

139961486_16216055261871n

ယူနန်သည် အဖြူရောင်ဖြစ်ပါသည်၊ ဆီးနှင်းတောင်များ ဖြူဖွေးဖွေးခြင်း၊ ဗျိုင်းဖြူများ ပတ်ချာလည် အကကခြင်း၊ Ottelia acuminata var. acuminate သွဲ့သွဲ့နွဲ့နွဲ့ခြင်း၊ တစ္ဆေဖြစ်သည့် Larus ridibundus သည်လည်း နွေဦးမြို့(ကူမင်းမြို့)နှင့် ၃၆ နှစ်ကြာသော မပြောင်းသည့် ချစ်ကြည်ရေးကို အတူတူနက်ရှိုင်းစွာ စိုက်ပျိုးပါသည်။

139961486_16216055262651n

139961486_16216055263251n

ယူနန်သည် အပြာရောင်ဖြစ်ပါသည်၊ ကောင်းကင်ပြာပြီး ရေသန့်ရှင်း၍ တောင်ကောင်းပြီး ရေကောင်းပြီး လေလည်းကောင်းပါသည်။ သတ္တဝါပျော်ပိုက်ရာရိပ်မြုံထဲတွင် မျက်ပြင်သစ်ပြင် ကြွယ်ဝပေါများ၍ ငါးဆူဝပြီး ရေကြည်လင်၍ ငှက်မျိုးစုံစွာ တဖွဲဖွဲလွင့်ပျံပြီး နေပါသည်။

139961486_16216055263751n

139961486_16216055264381n

ယူနန်သည် အစိမ်းရောင်ဖြစ်ပါသည်၊ တောင်ကုန်းတောမြိုင် စိမ်းညိုပြီး မိုသစ်တော ဆိတ်ငြိမ်ပြီး စိုစွတ်မြေ စိမ်းစိုဝေဆိုင်း၍ အရေအတွက်များပြားသော ရုက္ခပင်များသည် ထုထယ်ကြီးမားသော အစိမ်းရောင်ပန်းချီကား တစ်ချပ်ကို အတူတူ ရေးဆွဲပါသည်။

139961486_16216055265011n

139961486_16216055265931n

ယူနန်သည် အနီရောင်ဖြစ်ပါသည်၊ လေးကြောင်းမှ ကြည့်လျှင် မြေနီသည် ကြီးမားသော ဆီးဆေးပန်းချီ တစ်ချပ်နှင့်မခြား၍ ခေါင်းမော့လျှင် စိန်ပန်းများ ပွင့်ဖူးနေပြီး ဆည်းဆာကဲ့သို့ ထွန်းလင်းတောက်ပ၍ အသံရှာလျှင် Carpodacus sipahi သည် သစ်ခက်အပေါ် လှုပ်ရှားနေခြင်းကို ကြည့်နိုင်၍ သဘာဝ၏ ထူထပ်သော သံယောဇဉ်သည် မျက်နှာပေါ်သို့ သုတ်ဖြူးဆော်သွေးလာ လျက်ရှိသည်။

139961486_16216055267071n

139961486_16216055267921n

 ယူနန်သည် ခရမ်းရောင်ဖြစ်ပါသည်၊ Jacaranda mimosifolia D. Don ၏ စိတ်ကူးယဉ်ဖွယ် ဆန်းကျယ်ခြင်း၊ Allium giganteum Regel ၏ အလှအပများ၊ ရေမွှေးပင်၏ အမွှေးတိုင်ရနံ့၊ ချာလည်ပတ်လည်ရုံးစုသော ဆွဲဆောင်ခြင်းသည် လူတွေကို မျှော်မှန်းတမ်းတစေပါသည်။

139961486_16216055268401n

139961486_16216055269521n

ယူနန်သည် အဝါရောင်ဖြစ်ပါသည်၊ မုန်ညင်းစိမ်းပန်းစိုက်ခင်း၏ အမွှေးကို အကျယ်အဝန်း အလီ ၁၀၀ ထဲတွင် နမ်းရှုနိုင်၍ ဂျင်ဂိုရွက် တစ်ရွက်ရွက်သည် ရွှေဝါရောင်ဖြစ်၍ ပျံသန်းသည့် ပိုးစုန်းပြူးများသည် များပြားသော ကြယ်များနှင့်မခြား၍ ငှက်များ၏ အတောင်အမွေးသည် ရောင်စုံပါသည်။

139961486_16216055270381n

139961486_16216055271371n

ရောင်စုံယူနန်၏ အရောင်တစ်မျိုးတိုင်းသည် လူသားနှင့် သဘာဝလောကကြီးတို့ ပြေပြစ်စွာ တူယှဉ်တည်ရှိသည့် ကောင်းမွန်လှပသော ရှုခင်းဖြစ်ပါသည်။ သတ္တဝါ၏ အလှသည် စက်ဝိုင်းကဲ့သို့ အဆုံးအစမရှိထပ်ခါတလဲလဲ ပတ်ပတ်လည်၍ နေပါသည်။

 

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်