ယူနန်တက္ကသိုလ်ထဲမှ ထမင်းစားခန်း၌ နှင်းဆီပန်းဟင်းလျာအသစ်ကို စတင်ရောင်းချခဲ့

2021-05-07 14:59 ရောင်စုံတိမ်တံတား

139909784_16195722653161n

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော ယူနန်တက္ကသိုလ် ကျောင်းဝင်းထဲမှ နှင်းဆီပန်း အမို ၃၀ ကျော်သည် ဝေဝေဆာဆာ ပွင့်ဖူးသည့် အချိန်ကာလသို့ ဝင်ရောက်၍ အရောင်သည် ထွန်းလင်းတောက်ပ ရွှန်းလဲ့တင့်ဆန်းပြီး မွှေးရနံ့သည် နှာခေါင်းထဲ တိုးဝင်လာနေပါသည်။ အမို ၃၀ ကျော် ကျယ်ဝန်းသည့် ပန်းစိုက်လယ်မြေထဲတွင် စိုက်ပျိုးနေသည့် ပန်းစလုံးသည် စားသုံးနိုင်သည့် နှင်းဆီပန်းများ ဖြစ်ကြ၍ နေ့တိုင်း ဆွတ်ခူးသည့် မိုးဆန်းပန်းများကို ထမင်းစားခန်းသို့ တိုက်ရိုက်ပို့ပေး ပြီးနောက် ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများ အတွက် နှင်းဆီပန်းဟင်းလျာများကို ချက်ပြုတ်ပါသည်။ ဤနှစ်ချက်ပြုတ်သည့် နှင်းဆီပန်းဟင်းလျာသည် စုစုပေါင်း ၂၅ မျိုး ရှိ၍ နှင်းဆီပန်းနှင့် Nicandra physaloides အစေ့များဖြင့် ချက်ပြုတ်သည့် ဖျော်ရည်၊ နှင်းဆီပန်းမှုန့်၊ နှင်းဆီပန်းဖြင့် ချက်ပြုတ်သည့် ဆယ့်နှစ်မျိုးကောက်ညှင်းပေါင်း စသည့် ယနန့် ရိုးရာစားသုံးနည်းများ အပြင် နှင်းဆီပန်းကြော်၊ နှင်းဆီပန်းနှင့် ကြက်ဥကြော်သည့် ဆန် စသည့် အဆန်းထွင်ဖန်တီးသည့် ဟင်းလျာများလည်း ရှိ၍ ကြည့်၍ကောင်းပြီး စား၍လည်းကောင်းကာ ဈေးနှုန်းလည်း အလွန်သက်သာပြီး ၂ ယွမ်မှ ၄ ယွမ်အတွင်း ရှိနေ၍ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများသည် အလွန်နှစ်သက်ခံပါသည်။

139909784_16195722655581n

139909784_16195722656491n

139909784_16195722657331n

139909784_16195722658331n

139909784_16195722659441n

139909784_16195722660341n

139909784_16195722662201n

139909784_16195722662991n

139909784_16195722663811n

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်