ယူနန်ပြည်နယ် မန်ဇီမြို့သည် Vaccinium Spp လုပ်ငန်းကို အားသွန်ခွန်စိုက်စွာ ဖွံ့ဖြိုးတိုးတက်စေ
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုနှစ်များတွင် ယူနန်ပြည်နယ် ဟုံဟယ် ဟာနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်ဇီမြို့မှာ မိမိ၏ ကုန်းပြင်မြင့်ထူးခြားချက်ရှိသည့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အားသာချက်များကို ခြေချ၍ ခေတ်မီ လယ်ယာစိုက်ပျိုးရေးကုမ္ပဏီများကို သွင်းယူပြီး Vaccinium Spp စိုက်ပျိုးရေး၊ အဆင့်မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ခြင်း၊ ဂိုဒေါင်တွင် သိုလှောင်ထားခြင်းနှင့် တာရှည်ခံအောင် ထိန်းပေးခြင်း၊ အပူရှိန်နိမ့် ကုန်စည်စီးဆင်းမှု စသည့် ကွင်းဆက်များကို ပြည့်စုံကောင်းမွန်စေ ခြင်းအားဖြင့် Vaccinium Spp လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေး၍ ဒေသခံ လယ်သမားများ၏ အလုပ်ရခြင်းနှင့် ဝင်ငွေတိုးလာခြင်းတို့ကို ထိထိရောက်ရောက် အားဖြည့်ပေးပြီး ကျေးရွာကို ဖွံ့ဖြိုးတိုးတက်စေရန် ထောက်ခံပါသည်။