ကူမင်းမြို့ ကျင့်နင်ရပ်ကွက်မှ Morchella esculenta ကို ဈေးတွင် အများအပြား စတင်ရောင်းချခဲ့
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုရက်များတွင် ကူမင်းမြို့ ကျင့်နင်ရပ်ကွက် အက်ကျေးမြို့နယ် စန်းကျားကျေးရွာမှ Morchella esculenta အမို ၅၀ ကို ဈေးတွင် စတင်ရောင်းချ၍ တစ်ကီလိုဂရမ်လျှင် အယွမ် ၁၂၀ မှ ၁၅၀ဖြင့် ရောင်းချနိုင်ပြီး တစ်မိုလျှင် ထွက်ကုန်အရေအတွက် ကီလိုဂရမ် ၁၅၀ ရှိနိုင်ပြီး ဝင်ငွေ အယွမ် ၁ သောင်းကျော် ရရှိနိုင်ခဲ့ပါသည်။
သိပံ္ပနည်းဖြင့် စိုက်ပျိုးသည့် Morchella esculenta ၏ အလုံးသည် ကြီးပြီး ပုံစံသည် စံမှီပြီး အဆင်းပြင်လျာသည် ကောင်းမွန်၍ ထွက်ကုန်အရေအတွက်သည် မြင့်မားပါသည်။ တမြန်နှစ်မှစ၍ စန်းကျားကျေးရွာမှ ရွာသူရွာသားများသည် Morchella esculenta ကို စိုက်ပျိုးရန် အသုံးမချဘဲ ဘေးချိတ်ထားသည့် မြေယာ ၁၈ မိုကို အသုံးပြုပြီး အောင်မြင်မှု ရရှိခဲ့ပါသည်၊ မနှစ်ကတွင် စိုက်ပျိုးရေးအကျယ်အဝန်းကို တိုးချဲ့၍ စုစုပေါင်း အမို ၅၀ ကို စိုက်ပျိုးပါသည်။ ကျေးရွာထဲမှ ဆင်းရဲသော အိမ်ထောင်စု ၁၀ ခုကျော်သည်လည်း Morchella esculenta စိုက်ပျိုးသည့် ရှေ့အလားအလာများကို တွေ့မိသောကြောင့် တစ်ယောက်ပေါက်စီ ပါဝင်ခဲ့ပါသည်။
စန်းကျားကျေးရွာ၌ ရာသီဥတုအခြေအနေ၏ အားသာမှုများသည် ထင်ရှားလှ သောကြောင့် Morchella esculenta အတွက် ကောင်းမွန်သော ရှင်သန်စေသည့် ပတ်ဝန်းကျင်ကို ပေးပါသည်။ ရှင်သန်ချိန် ၃ လကြာသာ လိုပြီး အုပ်ချုပ်ရန် လွယ်ကူပြီး ရောင်းချရေးပမာဏနှင့် ဈေးနှုန်းသည် တည်ငြိမ်ပြီး မြေဆီလွှာ မာကျစ်ပြီးနေသည့် ပြဿနာကိုလည်း ဖြေရှင်းနိုင်၍ Morchella esculenta စိုက်ပျိုးရေးသည် ကျေးရွာစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေသည့် နည်းလမ်းသစ် ဖြစ်လာ၍ ရွာသူရွာသားများသည် Morchella esculenta စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန် မျှော်လင့်ချက်များအား အပြည့်အဝ ရှိပါသည်။ အခုနှစ်များတွင် အက်ကျေးမြို့နယ်သည် ကျေးရွာအသီးသီး၏ ဆန်းသစ်ဖန်တီးသည့် ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် ထောက်ခံ၍ ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖြင့် လယ်သမားများသည် ချမ်းသာကြွယ်ဝစေ၍ ကျေးရွာများသည် ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော်ပါသည်။
昆明晋宁羊肚菌大量上市 孕育致富新希望
这几天,昆明市晋宁区二街镇三家村的50亩羊肚菌上市,每公斤能卖120~150元,每亩产量150公斤,每亩收入超万元。
人工种植的羊肚菌个头大、形状规整、卖相好、产量高。从前年开始,三家村村民利用18亩闲置土地种植羊肚菌并获得成功,去年扩大种植面积,共种植了50亩。村里10多户建档立卡户也看到了种植羊肚菌的前景,纷纷加入到种植行列中来。
二街镇三家村气候条件优势明显,为羊肚菌提供了优良的生长环境。生长期仅3个月,管理简单,销量和价格稳定,还能解决土壤板结问题,羊肚菌种植成为发展乡村经济的新路子,村民对发展羊肚菌产业充满了希望。近几年来,二街镇全力引导支持各村创新发展,以产业振兴带动农民富裕,实现乡村振兴。