ယူနန်ပြည်နယ် ချူကျင့်မြို့တွင် တရုတ်ဆီးပန်းများသည် ဝေဝေဆာဆာပွင့်ဖူးနေ
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) နှစ်သစ်ခါစတွင် ယူနန်ပြည်နယ် ချူကျင့်မြို့ ဇိုင်းယိရပ်ကွက် ယိလင်ရင်ပြင်မှ တရုတ်ဆီးပန်းများသည် ဝေဝေဆာဆာပွင့်ဖူးနေ၍ အသွေးအရောင်စုံစွာ လှပတင့်တယ်လှသော တရုတ်ဆီးပန်းများသည် ဆောင်းရာသီထဲမှ နေရောင်ခြည်အောက်တွင် အတိုင်းထက် အလွန်လှပသောကြောင့် မြို့သူမြို့သားများအား ခေတ္တရပ်နားပြီး ကြည့်ရှုရန် ဆွဲဆောင်ပါသည်။ ပန်းများထဲမှ ငှက်များသည် အော်ခြင်း၊ အစာရှာခြင်း၊ ကစားခြင်း ပြုလုပ်နေပြီး ငှက်သည် သာယာစွာရင့်ကျူး၊ ပန်းသည် သင်းပျံ့စွာပွင့်ဖူးသည့် ရှုခင်းကို သရုပ်ပေါ်လာ၍ နှစ်သစ်အတွက် ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော အခြေအနေများ ထည့်သွင်းသည့်အခါ ချူကျင့်မြို့၏ နွေဦးရာသီသည်လည်း တိတ်တိတ်ဆိတ်ဆိတ် နီးလာပါပြီ။
云南曲靖:梅花盛开
新年伊始,云南省曲靖市沾益区玉林广场的梅花盛开,姹紫嫣红的梅花在冬日的阳光下显得格外漂亮,吸引市民驻足观赏。花间小鸟在鸣叫、觅食、嬉戏,呈现一派鸟语花香,为新年增添了喜庆氛围的同时,曲靖的春天已在悄然临近。