COP15 ကို ကြိုဆိုရန်“ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းဖို့ ကိုယ့်မှစတင်ခြင်း”ဟူသော ခေါင်းစဉ်ဖြစ်သည့် ပန်းချီများပြပွဲကို ကျင်းပ

2021-01-20 10:13 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း (Convention on Biological Diversity - CBD) ၁၅ ကြိမ်မြောက် စာချုပ်ချုပ်ဆိုသောနိုင်ငံများညီလာခံ (COP15)ကို ကူမင်းမြို့၌ ကျင်းပမည်အား ကြိုဆိုရန် ဝူဟွာရပ်ကွက် ဝူချမ်ပညာရေးအုပ်စုသည် “ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းဖို့ ကိုယ့်မှစတင်ခြင်း” ဟူသော ခေါင်းစဉ်ဖြစ်သည့် ပန်းချီများပြပွဲကို ကျင်းပ၍ စာသင်နှစ်တန်း အသီးသီးမှ ကျောင်းသူကျောင်းသား အယောက် ၁ ရာခန့်သည် ဆန်းကျယ်ပြီး အံ့ဖွယ်ကောင်းသော တိရိစ္ဆာန်များနှင့် ရုက္ခပင်များ၏ လောက၊ လူသားနှင့် သဘာဝ၏ ပြေပြစ်သော နေအိမ်ခြံမြေများကို ရောင်စုံကလောင်များဖြင့် သရုပ်ဖော်၍ ရောင်စုံရွှန်းတင့်သော ယူနန့် ဇီဝမျိုးစုံမျိုးကွဲများ ရှုခင်းများကို ပျဉ်ချပ်ပေါ်တွင် ပေါ်လာခဲ့ပါသည်။ ထို့ပြင်၊ ကျောင်းသူကျောင်းသားများ၏ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးကို ပါဝင်သည့် တွေးခေါ်ယူဆမှုများအား တိုးမြှင့်သည့်အတွက် ကျောင်းခွဲအသီးသီး၌ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး နှင့်ပတ်သက်သည့် ပေါ်ပြူလာသိပံ္ပ လှုပ်ရှားမှုများကိုလည်း စီစဉ်ကျင်းပခဲ့ပါသည်။

734973

 

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်

ပထမအကြိမ် ယူနန်-ရှန်ဟိုင်း ထွက်ကုန်ပစ္စည်းပွဲကို ကျင်းပ၍ ယူနန့် အရည်အသွေးကောင်းသော ထွက်ကုန် ၈၇ မျိုးသည် မိတ်ဆက်ဖြန့်ချီခံ