Chrysolophus amherstiae အကောင် ၅၀၀ ကျော်သည် ယူနန် ညန့်ရေကန်၌ စုစည်းနေ

2021-01-19 10:57 ရောင်စုံတိမ်တံတား

734234

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန်ပြည်နယ် ဟွေ့ဇယ်ခရိုင် Grus nigricollis နိုင်ငံတော်အဆင့် သဘာဝ ထိန်းသိမ်းရေးဇုန် ထဲမှ Chrysolophus amherstiae ၏ ပမာဏသည် တစ်နှစ်ထက်တစ်နှစ် တိုးလာ၍ ဤနှစ် အများဆုံးရှိပြီး အကောင် ၅၀၀ ကျော်အထိ ရှိရောက်သည် ဟု ကြပ်မတ်တိုင်းတာ ခြင်းအားဖြင့် တွေ့ရှိခဲ့ပါသည်။ Chrysolophus amherstiae သည် နိုင်ငံတော် II အဆင့် အရေးပေး ထိန်းသိမ်းသည့် ငှက်မျိုး ဖြစ်၍ ငှက်ဖိုသည် စုစုပေါင်းအရှည် စင်တီမီတာ ၁၄၀ ခန့် ရှိပြီး ငှက်မသည် စင်တီမီတာ ၆၀ ခန့် ရှိ၍ လယ်ယာစိုက်ပျိုးရေးသီးနှံများ၊ မြက်စေ့များ၊ ဝါးမျှစ်များ၊ ပိုးမွှားကောင်များဖြင့် အစာဖြစ်ပါသည်။

734236

734235_670x670

“ငါတို့က ငှက်များကြည့်ပြီး ဓာတ်ပုံရိုက်ဖို့ နှစ်တိုင်း ညန့်ကန်ကို လာရောက်လေ့ရှိတယ်၊ အထူးသဖြင့် ဒီရာသီမှာ Grus nigricollis ကို ရိုက်တဲ့အပြင် နောက်က တောင်ပေါ်မှာ Chrysolophus amherstiae ကို ရိုက်နိုင်ပါတယ်။” ဟု ချုံချင့်မြို့မှ လာသည့် ငှက်များကို ကြည့်ရန် နှစ်သက်သူ မစ္စတာဇန်းမှာ ပြောဆိုခဲ့ပါသည်။

734237_670x670

734241

အခုနှစ်များတွင် ထိန်းသိမ်းရေးဇုန်၏ စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ စွမ်းအားသည် အဆက်မပြတ် တိုးဖြည့်ပေးခြင်း နှင့်အမျှ ဒေသခံ ဇီဝပတ်ဝန်းကျင်သည် များများကောင်းလာပြီး ပြည်သူလူထု၏ ငှက်မျိုးချစ်သည့်၊ ငှက်မျိုး ထိန်းသိမ်းသည့် အယူဝါဒသည် အဆက်မပြတ် တိုးမြှင့်၍ ငှက်မျိုး နေထိုင်သည့် ပတ်ဝန်းကျင်သည် အဆင့်တိုးပြီး ကောင်းလာ၍ ထိန်းသိမ်းရေးဇုန်ထဲမှ ငှက်၏ အမျိုးအစားနှင့် အရေအတွက်သည်လည်း အဆက်မပြတ် တိုးတက်လာပါသည်ဟု ဟွေ့ဇယ်ခရိုင် Grus nigricollis နိုင်ငံတော်အဆင့် သဘာဝ ထိန်းသိမ်းရေးဇုန်မှ အမှုဝန်ထမ်းမှာ ပြောပြခဲ့ပါသည်။

734242

 

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်