နိုင်ငံခြားမီဒီယာမှ သတင်းထောက်များသည် ယူနန်ပြည်နယ်၏ အလှအပများကို လက်တွေ့ခံစားခဲ့

2020-12-14 09:45 ရောင်စုံတိမ်တံတား

2020121402_res03_attpic_brief

(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ အွန်လိုင်းပြပွဲ၏ နိုင်ငံခြားသတင်းထောက် အကဲခတ်အဖွဲ့သည် ချီစိုင်ယူနန်- ကူတိန်မြင်ချိန်သို့ လာရောက်ခဲ့ကြပါသည်။ "အရမ်းလှပတဲ့နေရာပါ"ဟု UNESCO Courier ၏ တာဝန်ခံအယ်ဒီတာ Raphael သည် ကားပေါ်မှ ဆင်းလာချိန်တွင် တွေ့မြင့်ရသည့်ရှုခင်းကို ချီးကျူးပြောဆိုခဲ့ပါသည်။

"ယူနန့်ကုမ္ပဏီများက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို အတူတူ ကြည့်ရှုစောင့်ရှောက် နိုင်ပါတယ်၊ ဒါက သိပ်တော်တဲ့ အောင်မြင်မှု တစ်ရပ် ဖြစ်ပါတယ်၊ နိုင်ငံအသီးသီးက လုပ်ငန်းကုမ္ပဏီများက လေ့လာသင်ယူ သင့်ပါတယ်။ "ဟု ပီကင်းအခြေစိုက် ကိုရီးယား CBS ၏ အထူးခန့်အရာရှိ အန်ချိန်ရုံသည် ကူတိန်ကျင်းဖျင်စိုစွတ်မြေသို့ ဝင်ရောက်ပြီး တိန်ချီးကန်၏ လှပသော ရှုခင်းကို ကြည့်ရှုရာတွင် ပြောခဲ့ပါသည်။

စိုစွတ်မြေတွင် နိုင်ငံခြားသတင်းထောက်များသည် ကူမင်းမြို့သို့ ဆောင်းရာသီကူးလာသည့် Larus ridibundus နှင့် လူတွေနှင့် Larus ridibundus ပြေပြစ်စွာ အတူယှဉ်တွဲ နေထိုင်သည့် အခြေအနေကို တွေ့မြင့်ခဲ့ကြပါသည်။ Larus ridibundus ကို ထိန်းသိမ်း သည့်အတွက် ကူမင်းမြို့ပြည်သူ့အစိုးရမှာ ကျွေးမွေးအစာ အထူးထုတ်လုပ်၍ မြို့သူမြို့သားများနှင့် ခရီးသည်များသည် ဤအစာဖြင့် Larus ridibundus ကို ကျွေးမွေးရန် အားပေးသည်ဟု ဝန်ထမ်းက မိတ်ဆက်ပေးခဲ့ပါသည်။

"ဒီကိစ္စအပေါ် ကျွန်မက လူတွေရဲ့ အချစ်တွေ့မြင် ရုံသာမက ဒေသခံအစိုးရ ရေးဆွဲချမှတ်တဲ့ သိပ္ပံနည်းကျတဲ့၊ ကျွမ်းကျင်တဲ့ တိရိစ္ဆာန်များထိန်းသိမ်းရေး ဆောင်ရွက်နည်းများကိုလဲ ပိုမိုတွေ့မြင်နိုင်ပါတယ်၊ Larus ridibundus အတွက်ဆိုရင် ကူမင်းမြို့ကို ဆောင်းရာသီကူးလာခြင်းက နေသာထိုင်သာဖြစ်တဲ့ အလုပ်ပိတ်ရက်ကာလ တစ်ခုကို ကူးသလို ဖြစ်ပါတယ်။" ဟု China Report ASEAN အင်ဒိုနီးရှား သတင်းထောက် ချိန်စူဖန်က ချီးကျူးပြောဆိုခဲ့ပါသည်။

ချီစိုင်ယူနန်- ကူတိန်မြင်ချိန်မှ အငြိမ်းစားယူစင်တာထဲတွင် သတင်းထောက်များသည် ကျန်းမာရေးဆေးစစ်စင်တာ၊ သက်ကြီးရွယ်အိုတက္ကသိုလ်၊ စာကြည့်တိုက်နှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ရန်အခန်း စသည့် အဆောက်အအုံများကို လည်ပတ်ကြည့်ရှု၍ ဆေးကုအငြိမ်းစားယူခြင်းနှင့် အပန်းဖြေခြင်း အချင်းချင်း ပေါင်းစပ်သည့် ကျန်းမာရေးနှင့် ကျင့်ကြံအားထုတ်ခြင်းစနစ်ကို သေချာစွာ သိရှိနားလည် ခဲ့ကြပါသည်။ "ဒီမှာက အငြိမ်းစားယူစနစ်က သိပ်ထူးခြားပါတယ်၊ ကောင်းမွန်တဲ့ ဝန်ဆောင်မှု ရှိရုံသာမက စံချိန်မြင့်တဲ့ အခြေခံအဆောက်အအုံလဲ ရှိပါတယ်၊ ယူနန့် အငြိမ်းစားလုပ်ငန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု မြန်နှုန်းက အံ့သြစရာ ကြီးပါတယ်။" ဟု ဂျပန် Yomiuri Shinbun သတင်းထောက် ကြီကန်မေရှင်က ပြောဆိုခဲ့ပါသည်။

ထိုနောက်၊ သတင်းထောက်များသည် ကူမင်း အပြည်ပြည်ဆိုင်ရာ ပန်းမန်များ လေလံတင်ရောင်းဝယ်ရေးစင်တာသို့ ရောက်ရှိ၍ မိုးဆန်းပန်းများ လေလံတင်ရောင်းခြင်းကို လက်တွေ့ကြည့်ရှု ခဲ့ကြပါသည်။ " ဗီယက်နမ် လင်ထုံပြည်နယ် တာ့လယ့်မြို့က ကူမင်းမြို့နဲ့ သိပ်တူပါတယ်၊ မိုးဆန်းပန်းထွက်များတဲ့ ကုန်းပြင်မြင့်မြို့ ဖြစ်ကြပါတယ်၊ ဒါပေမယ့် ကူမင်းပန်းမန်လုပ်ငန်းကတော့ ပိုမိုခေတ်မီပါတယ်။ ကျွန်မက ကူမင်း အပြည်ပြည်ဆိုင်ရာ ပန်းမန်များ လေလံတင်ရောင်းဝယ်ရေးစင်တာရဲ့ ဖွံ့ဖြိုးတိုးတက်မှုစနစ်ကို သေသေချာချာ သတင်းပို့လိမ့်မယ်၊ ဗီယက်နမ်အတွက် မှတ်ယူခြင်း ပေးနိုင်တယ်လို့ မျှော်လင့်ပါတယ်။" ဟု ဗီယက်နမ် Báo Nhân Dân သတင်းထောက် ဒေါ်ဝေစာ ပြောခဲ့ပါသည်။

 

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်