တုန်ချွမ်ရပ်ကွက်၏ ထူးဆန်းသော တွေ့ကြုံခံစားခွင့်ရ ခရီးသွားလုပ်ငန်းသည် ခရီးသည်များကို ဆွဲဆောင်

2020-12-11 16:57 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ခင်ခင်) အခုလောက နှင်းတစ်ကြိမ်ကျခြင်းသည် ကျောက်ဇီဆီးနှင်းတောင်သည် မရေမတွက်နိုင်သော ခရီးသည်များကို ဆွဲဆောင်စေခဲ့ပါသည်။ ကိုယ်ပိုင် ကားမောင်းခရီးစဉ်နှင့် ကျေးလက်ခရီးစဉ်၏ ထူးခြားသောအရင်းအမြစ်များကြောင့် တုန်ချွမ်ရပ်ကွက်သည် ကူမင်းမြို့မှ ထူးဆန်းသော တွေ့ကြုံခံစားခွင့်ရ ခရီးသွား ရည်မှန်းချက်ပန်းတိုင် ဖြစ်လာပါပြီ။

တုန်ချွမ်ရပ်ကွက်သည် ကူညူတောင်၏ ကုလားအုတ်ဘို့ကဲ့သို့သော လေကြောင်းလိုင်း၊ ဘာသာရေးယဉ်ကျေးမှု၊ Paragliding အားကစားလှုပ်ရှားမှု အခြေခံစခန်း၊ သဘာဝ အောက်ဆီဂျင်ဓာတ် ကြွယ်ဝသောနေရာနှင့် အရည်အသွေးကောင်းသော ရေပူကန် စသည့် အရင်းအမြစ်များ ပေါင်းစပ်၍ ကူညူတောင် ကောင်းကင်ယံတွင် ခပ်နိမ့်နိမ့်ပျံသန်းခြင်း အခြေခံစခန်းနှင့် ဖန်ဖြင့် ဆောက်လုပ်သည့် ကမ်းပါးစောက်ပျဉ် ခင်းလမ်းကျဉ်း စသည့် ခရီးသွားလုပ်ငန်းရပ်များကို ရှေ့သို့ တွန်းတင်ကာ ကျောက်ဆောင်တက်ခြင်းနှင့် လူသူမနီးသောနေရာသို့ သွားရောက်စုံစမ်းလေ့လာခြင်း၊ တောင်တက်ခြင်းလေ့ကျင့်ခန်း၊ ကျောက်ပြားနေအိမ်ထဲတွင် ကျေးလက်ထုံးစံကို ခံစားခြင်း၊ နိမ့်သောလတ္တီတွဒ်ဒီဂရီပေါ်မှ ကုန်းပြင်မြင့်ပေါ်တွင် အနာရောဂါကင်းဝေး၍ ကျန်းကျန်းမာမာရှိအောင် ကျင့်ကြံအားထုတ်ခြင်း၊ တောင်ပေါ်မှ အမိုသောင်းကျော်ကျယ်သော မြက်ခင်း ခရီးသွာခြင်းနှင့် အိမ်ပြင်လေ့ကျင့်ခန်း စသည့် တွေ့ကြုံခံစားခွင့်ရ ခရီးသွားလုပ်ငန်းရပ်များကို ထုတ်ဖော်ဆောင်ရွက် ကြပါသည်။

အခု တည်ဆောက်နေသည့် လုပ်ငန်းရပ်များအပြင် ကျောက်ဇီဆီးနှင်းတောင်၊ မြေနီနှင့် ထိုင်ရန်ချိုင့်ဝှမ်း စသည့် ရှုခင်းသာနေရာများသည် ခရီးသည် အများအပြား လာရောက်လည်ပတ်သော၊ နာမည်ကျော်ကြားသော ရှုခင်းရှုကွက် ဖြစ်လာပါသည်။ လက်ရှိအချိန်တွင် တုန်ချွမ်ရပ်ကွက်သည် တုန်ချွမ်ခေါက်ဆွဲ၊ အသားနီသော နဂါးမောက်သီး၊ ကျင်ကျန် ငှက်ပျောသီးလေး၊ အာလူးနှင့် ပိုင်ဟွာမက်မွန်သီး စသည့် ကုန်းပြင်မြင့်ပေါ်မှ ထူးခြားမှုရှိသော သဘာဝစိုက်ပျိုးရေးတံဆိပ်များကို အဓိကထုလုပ်၍ တုန်ချွမ်မှ " လက်ထွက်ပစ္စည်းနှင့် ခရီးသွားလုပ်ငန်း"၏ အမြုတေတန်ဖိုးနှင့် ယဉ်ကျေးမှုအတွင်းသဘောများကို တူးဖော်ကာ ကျန်းမာသော စိုက်ပျိုးရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နေပါသည်။

၂၀၂၁ ခုနှစ်တွင် တုန်ချွမ်ရပ်ကွက်သည် ထူးခြားမှုရှိသော တွေ့ကြုံခံစားခွင့်ရ ခရီးသွားရန် တွေ့ကြုံခံစားနိုင်သည့် ဒေသကို ဆက်လက်ထုလုပ်၍ ခရီးသွားလုပ်ငန်းအား မြို့ပြ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးထဲမှ အရေးကြီးသော အစားထိုးလုပ်ငန်းနှင့် မဟာဗျူဟာဆိုင်ရာ အမာခံလုပ်ငန်း ဖြစ်လာစေမည်။ နောက်နောင်တွင် တုန်ချွမ်ရပ်ကွက်မှာ ပိုများသော ကူမင်းခရီးသည်များသည် အားလပ်ရက်တွင် အပန်းဖြေရန် ရွယ်ချယ်သည့် နေရာတစ်ခု ဖြစ်လာမည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်