ယူနန်ပြည်နယ် ဟွေ့ဇယ်ခရိုင်ထဲမှ ညန့်ရေကန်သည် အလွန်လှပ
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ညန့်ရေကန်သည် ယူနန်ပြည်နယ် ချူကျင့်မြို့ ဟွေ့ဇယ်ခရိုင်ထဲတွင် တည်ရှိနေ၍ ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၂၅၀၀ ခန့်ရှိပါသည်။ ဆောင်းရာသီတွင် ညန့်ရေကန်၏ ဒိုးရိုပေါက်မြင်နိုင်လောက်အောင် ကြည်လင်သော ရေများနှင့် ရေမြက်ပင်များ၊ သစ်ပင်များ၊ တောတောင်များ၊ တောရွာများတို့သည် လှပသော ပန်းချီကားလိပ်တစ်ချပ်ကို ဖြစ်လာပါသည်။