၂၀၂၀ပြည့်နှစ် ယူနန်ပြည်နယ် ဝှာတင်ဇာတ်နှင့် အော်ပရာဇာတ် အနုပညာရက်သတ္တပတ်ကို ယွမ်မိုခရိုင်၌ ကျင်းပခဲ့

2020-11-18 17:16 ရောင်စုံတိမ်တံတား

00302806022_42b917ff

(ရောင်စုံတိမ်တံတား၊ ခင်ခင်) တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန၊ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဦးစီးဌာန၊ ယူနန်ပြည်နယ် စာပေအနုပညာရှင်များ သမဂ္ဂနှင့် ယူနန်အသံနှင့် ရုပ်မြင်သံကြားဌာနတို့ ကြီးမှူးကျင်းပသော ၂၀၂၀ပြည့်နှစ် ယူနန်ပြည်နယ် ဝှာတင်ဇာတ်နှင့် အော်ပရာဇာတ် အနုပညာရက်သတ္တပတ်ကို နိုဝင်ဘာလ ၁၆ ရက်နေ့ည ယူနန်ပြည်နယ် ယွမ်မိုခရိုင်၌ စတင်ကျင်းပခဲ့ပါသည်။ ဤအကြိမ် အနုပညာရက်သတ္တပတ်၏ အဓိက အကြောင်းအရာများသည် ဖွင့်ပွဲအခမ်းအနားနှင့် "အိမ်ပြန်ခြင်း" အော်ပရာဇာတ် အထူးကပြပွဲ၊ အရည်အသွေးကောင်းသော ဇာတ်များ ကပြပွဲ၊ ဝှာတင်ဇာတ်နှင့် အော်ပရာဇာတ် လူငယ်များ သီချင်းဆိုပြိုင်ပွဲ၊ ဇာတ်သဘင်များကို ကျောင်း၊ ကွန်မြူနီတီနှင့် ကုမ္ပဏီများထဲတွင် ကပြပွဲ၊ ယွမ်မို ဒေသခံ ဇာတ်သဘင်များ အထူးကပြပွဲ၊ ကပြပြိုင်ပွဲ နှင့်ပတ်သက်သည့် ကျွမ်းကျင်သူသုံးသပ်ပွဲ၊ ရုပ်သိမ်းခြင်းအခမ်းအနားနှင့် ဆုချီးမြှင့်ခြင်း ညပွဲစသည်တို့ ပါဝင်ပါသည်။

00302806026_6a285a52

တစ်ပြည်နယ်လုံးမှ ကိုယ်စားလှယ်အဖွဲ့ ၁၆ ဖွဲ့၊ ဝှာတင်ဇာတ် ၂၃ ဇာတ်၊ အော်ပရာဇာတ် ၁၂ ဇာတ်နှင့် ဝှာတင်ဇာတ် အဆိုအက ၁၅ ခုသည် ပါဝင်ကပြ၍ တင်ဆက်ပြသသူ ၅၂ ယောက်သည် လူငယ်သီချင်းဆိုပြိုင်ပွဲကို ပါဝင်ပြီး တင်ဆက်ပြသသူ စုစုပေါင်း အယောက် ၈၀၀ ကျော်သည် ဝှာတင်ဇာတ်နှင့် အော်ပရာဇာတ် အနုပညာရက်သတ္တပတ်၏ ကပြပွဲအခုခုကို ပါဝင်ခဲ့ကြပါသည်။

00302806028_ff25aef2

ဝှာတင်ဇာတ်နှင့် အော်ပရာဇာတ် အနုပညာရက်သတ္တပတ်သည် ယူနန်ပြည်နယ်၏ အရေးကြီးသော လူထုကောင်းစားရေး၊ လူထုပါဝင်ခြင်း၊ စံနမူနာပြခြင်းနှင့် သက်ဆိုင်သော ယဉ်ကျေးမှုလှုပ်ရှားမှုတံဆိပ် ဖြစ်၍ ကျင်းပသည့် ရည်ရွယ်ချက်မှာ ဇာတ်သဘင်များအား လူထုများထဲသို့ ဝင်ရောက်စေပြီး ပြည်သူလူထုအား ယဉ်ကျေးမှုအကျိုးကျေးဇူးများ ရရှိစေကာ ပြည်သူလူထု၏ ယဉ်ကျေးမှုဘဝကို အဆက်မပြတ် ကြွယ်ဝပြည့်စုံစေ၍ အရည်အသွေးကောင်းသော ဝှာတင်ဇာတ်များနှင့် အော်ပရာဇာတ်များကို တင်ပြ၍ ဒေသခံ ဇာတ်သဘင်အနုပညာ ဖွံ့ဖြိုးတိုးတက်စေ၍ အရည်အသွေးကောင်းသော ရိုးရာယဉ်ကျေးမှုများကို ဆက်ခံစေခြင်း ဖြစ်ပါသည်။ ဤလှုပ်ရှားမှု ကျင်းပကတည်းက ကူမင်း၊ ယိုရှီ၊ ဆူရှုံ၊ တာ့လီ၊ ချူကျင့်၊ ဝင်စန်နှင့် ဟုံဟယ်စသည့် ပြည်နယ်ခွဲနှင့် မြို့များတွင် ရှေ့စဉ်နောက်ဆက် ကျင်းပခဲ့ပါသည်။

00302806031_2497b2cc

00302806034_44a678e8

00302806038_cf5a5448

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်