COP15 ကြိုဆိုရန် ဝါဒဖြန့်လှုပ်ရှားမှုများကို ကမင်းမြို့၌ စတင်ဆောင်ရွက်ခဲ့

2020-11-17 15:37 ရောင်စုံတိမ်တံတား

675106

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း (Convention on Biological Diversity - CBD) ၁၅ ကြိမ်မြောက် စာချုပ်ချုပ်ဆိုသောနိုင်ငံများညီလာခံ (COP15)ကို ကြိုဆိုရန် ဝါဒဖြန့်လှုပ်ရှားမှုများကို ကမင်းမြို့၌ တရားဝင် စတင်ဆောင်ရွက် ခဲ့ပါသည်။ နောက်တစ်ပတ်တွင် အွန်လိုင်းနှင့် အော့ဖ်လိုင်း အထူးဝါဒဖြန့်လှုပ်ရှားမှု ၉ ခုကို ကူမင်းမြို့၌ စုစည်းဆောင်ရွက်၍ မြို့သူမြို့သားများသည် QR code ကို scan ဖတ်ပြီး နာမည်စာရင်းပေးသွင်းလျှင် ကြည့်လို့ကောင်းသော လှုပ်ရှားမှုများကို ပါဝင်ကြည့်ရှုနိုင်မည်။

675108

၂၀၂၁ ခုနှစ် မေလတွင် ကူမင်းမြို့၌ ကျင်းပမည့် COP15 သည် တရုတ်နိုင်ငံ၏ ဖီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး အကျိုးဖြစ်ထွန်းမှုများကို ပြသသည့်အတွက် တရုတ်နိုင်ငံ၏ ဂေဟယဉ်ကျေးမှု တည်ဆောက်ရေး အောင်မြင်မှုများကို ဝါဒဖြန့်သည့်အတွက် အရေးပါသော အနက်အဓိပ္ပာယ်ရှိပါသည်။ စည်းဝေးပွဲကို ကူမင်းမြို့၌ ကျင်းပမည်မှာ ကူမင်းမြို့သည် ကမ္ဘာသို့ ထူးခြားသော ညှို့နိုင်စွမ်းကို ပြသ၍ ပြည်တွင်းပြည်ပတွင်မှ နာမည်ကျော်မှုနှင့် သြဇာလွှမ်းမိုးမှုတို့ကို တစ်ဆင့်တိုးပြီး တိုးချဲ့သည့် အရေးပါသော အခွင့်အလမ်း ဖြစ်ပါသည်။

675109

မြို့သူမြို့သားများ၏ COP15 နှင့်ပတ်သက်သည့် သိကျွမ်းမှု၊ ပါဝင်မှုနှင့် အပြန်အလှန်တို့ပြန်မှု တို့ကို တိုးမြှင့်ရန် သေသေချာချာ စီမံစိုင်းပြင်းခြင်းအားဖြင့် “ရေစက်ဖြင့် နွေးဦးမြို့(ကူမင်း)လင်းစေရန် ထွန်းညှိခြင်း၊ ကူမင်းမြို့က မင်းကို ကြိုဆိုခြင်း”ဖြင့် ခေါင်းစဉ်ဖြစ်သည့် (COP15)ကို ကြိုဆိုရန် ဝါဒဖြန့်လှုပ်ရှားမှုများကို ကူမင်းမြို့၌ ဆောင်ရွက်မည်။ နောက်တစ်ပတ်တွင် “ရေစက်ဖြင့် နွေးဦးမြို့ လင်းစေရန် ထွန်းညှိခြင်း” “COP15 ကို ကျွန်မသိခြင်းနှင့် ဂေဟယဉ်ကျေးမှုကို ကျွန်မပါဝင်ခြင်း ဗီဒီယိုစုဆောင်းလက်ခံခြင်း” “ဆောင်းရာသီတွင် ပန်းမြို့တော်(ကူမင်းမြို့)ကို ရှုစားပြီး ဓာတ်ပုံရိုက်ခြင်း” “COP15 ပေါ်ပြူလာသိပံ္ပ” ဖွင့်နေ့၊ “ကားမောင်းဆရာများ ဝါဒဖြန့်စာကပ်ပြီး လမ်းပေါ်သွားလာခြင်း” “ကျွန်မ၏ကမ္ဘာ၊ ကျွန်မ၏အိမ်” ဆောင်းပါးလက်ခံခြင်း၊ “လှပသောကမ္ဘာ၊ ကျွန်မ၏အိမ်” ပန်းချီပြပွဲ စသည့် အွန်လိုင်းနှင့် အော့ဖ်လိုင်း အထူးဝါဒဖြန့်လှုပ်ရှားမှု ၉ ခုကို ကူမင်းမြို့၌ စုစည်းဆောင်ရွက်မည်။

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်

ပထမအကြိမ် ယူနန်-ရှန်ဟိုင်း ထွက်ကုန်ပစ္စည်းပွဲကို ကျင်းပ၍ ယူနန့် အရည်အသွေးကောင်းသော ထွက်ကုန် ၈၇ မျိုးသည် မိတ်ဆက်ဖြန့်ချီခံ