“၂၀၂၀ လန်ချန်း-မဲခေါင် ရုပ်သံဇာတ်လမ်းတွဲပြပွဲ-မြန်မာနိုင်ငံနေ့” နှင့်ပတ်သက်သည့် လှုပ်ရှားမှုများကို ကူမင်းမြို့၌ စတင်ကျင်းပခဲ့

2020-11-02 10:34 ရောင်စုံတိမ်တံတား

701804

(ရောင်စုံတိမ်တံတား၊ ခင်ခင်) တရုတ်-မြန်မာနှစ်နိုင်ငံ ခေါင်းဆောင်တို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၌ သဘောတူညီခဲ့သော အရေးကြီးသော နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော်ရန်၊ တရုတ်- မြန်မာ သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့်နှစ်ကို ဂုဏ်ပြုရန်နှင့် လန်ချန်း-မဲခေါင် ရေဒီယိုနှင့် ရုပ်မြင်သံကြား လုပ်ငန်းများ တစ်ဆင့်တိုး ဖလှယ်ပူးပေါင်းဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံ ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနချုပ်၊ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးတွဲ ကြီးမှူးသော၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန (MRTV)၊ ယူနန်ပြည်နယ် ပြည်နယ်ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်နယ်အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာနနှင့် ယူနန်အသံနှင့် ရုပ်မြင်သံကြားဌာနတို့ တာဝန်ယူကျင်းပသော "၂၀၂၀လျန်ချန်း-မဲခေါင် ရုပ်သံဇာတ်လမ်းတွဲပြပွဲရက်သတ္တပတ်၊ မြန်မာနိုင်ငံနေ့" စတင်ခြင်းအခမ်းအနားကို အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကူမင်းမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် U Htun Aung Kyaw သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးU Htun Aung Kyaw ၏ မိန့်ခွန်းကို ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး U Aung Hla Tun၊ ကမ္ဘောဒီးယား သတင်းမီဒီယာဝန်ကြီးဌာန အတွင်းရေးမှူး Has Sam Athနှင့် လာအိုနိုင်ငံ ရုပ်မြင်သံကြားဌာန ဦးဆောင်ညွန်ကြားရေးမှူး Bounchao PHICHIT တို့၏ ဗီဒီယို ဂုဏ်ပြုလွှာကို ကြည့်ရှုခဲ့ကြသည်။ ကူမင်းမြို့အခြေစိုက် လန်ချန်း-မဲခေါင် ၅နိုင်ငံမှ နိုင်ငံအသီးသီး၏ ကောင်စစ်ဝန်ချုပ်၊ ကောင်စစ်ဝန်ချုပ်ရုံး ကိုယ်စားလှယ်များ၊ ယူနန် ပြည်နယ်ကော်မတီ ပြည်နယ်အစိုးရမှ သက်ဆိုရာဌာနများ၏ ကိုယ်စားလှယ်များသည် အခမ်းအနားသို့ ပါဝင်တက်ရောက် ခဲ့ကြပါသည်။

701803

ယူနန်ပြည်နယ်ကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန၊ ယူနန်ပြည်နယ် အသံနှင့်ရုပ်မြင်သံကြား ဌာနတို့သည် အခမ်းအနားတွင် တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင် (အချိန်နှင့်ဒီရေထဲကပုံပြင်များ)၊ (တောင်ပိုင်းပိုးလမ်းမသစ်) စသည့် တရုတ်-မြန်မာနှစ်နိုင်ငံ မီဒီယာများ၏ ပူးပေါင်းမှုအသီးအပွင့်များကို ပြသခဲ့ပါသည်။

နိုဝင်ဘာလမှစ၍ လန်ချန်း-မဲခေါင်နိုင်ငံတွင်း အသံလွှင့်ဌာန၊ audio-visual ပလက်ဖောင်းတွင်လည်း အရည်အသွေးကောင်းသော တီဗီဇာတ်လမ်းများကို အပြန်အလှန် ပြသသွားမည်ဖြစ်ပါသည်။ ၎င်းတို့အနက် တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး တီဗီဇာတ်လမ်း (အတူတူရှိနေတယ်) ကိုလည်း ယူနန်ပြည်နယ် လန်ချန်း-မဲခေါင် နိုင်ငံတကာချန်နယ်မှ ဘာသာစကား ၅ မျိုး ဘာသာပြန်၍ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့်နိုင်ငံများတွင် ပြသသွားမည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်