Larus ridibundus များသည် ဟိုင်ကိန်ဥယျာဉ်၌ ဆိပ်ကမ်းကပ်၍ ကူမင်းမြို့၌ Larus ridibundus ကြည့်ရှုချိန် ရောက်ရှိ

2020-10-28 15:17 ရောင်စုံတိမ်တံတား

690729_670x670

(ရောင်စုံတိမ်တံတား၊ ခင်ခင်) "Larus ridibundus များက ဆိပ်ကမ်းကပ်ပြီး ကြည့်ရှုလို့၊ အစာကျွေးလို့ ရပြီ။" အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းတွင် ကူမင်းဟိုင်ကိန်ဥယျာဉ်ထဲ၌ လူများနှင့် Larus ridibundus များအကြား ဝမ်းမြောက်စွာ အပြန်အလှန်လှုပ်ရှားသည့် မြင်ကွင်းကို တွေ့မြင်၍ ဝေးလံသောအရပ်မှ ရောက်လာသည့် Larus ridibundus အကောင် ၃၀၀ ကျော်သည် ဆိပ်ကမ်းစတင်ကပ်ပြီး မြို့သူမြို့သားများ၏ ကျွေးမွေးခြင်းကို လက်ခံခဲ့ပါသည်။ ဤနှစ်သည် Larus ridibundus များ ကူမင်းသို့ လာသည့် ၃၆ နှစ်မြောက် ဖြစ်ပါပြီ၊ ကူမင်းမြို့ သစ်တောနှင့် မြက်ခင်းပြင်လုပ်ငန်း ဦးစီးဌာနသည် နေရာ ၆၂ ခုတွင် Larus ridibundus များကို အစာကျွေးရန် စီစဉ်ထားပါသည်။

ဤနှစ် တင်ဒါခေါ်ခြင်းအားဖြင့် ကျွေးမွေးအစာ ထုတ်လုပ်မည့် လုပ်ငန်းကုမ္ပဏီအဖြစ် ကူမင်း ကူဟွာနည်းပညာ ကုမ္ပဏီလီမိတက်ကို သတ်မှတ်ခဲ့ကြောင်း သတင်းထောက်သည် ကူမင်းမြို့ သစ်တောနှင့် မြက်ခင်းပြင်လုပ်ငန်း ဦးစီးဌာနထံမှ သိရှိခဲ့ပါသည်။ "ကျွန်တော်တို့က Larus ridibundus များ ဆိပ်ကမ်းကပ်သည့် သတင်းများကို အမြဲတမ်း အာရုံစိုက်ကြတယ်၊ သူတို့ ဆိပ်ကမ်းကပ်ပြီး တည်ငြိမ်ဖြစ်ပြီးမှ ကျွေးမွေးအစာ ထုတ်လုပ်ဖို့ ဝန်ထမ်းတွေကို စီစဉ်မယ်။ ဒီနှစ် ကျွေးမွေးအစာရဲ့ ဈေးက မနှစ်ကနဲ့ တူတယ်၊ စက်ရုံက ထွက်ဈေး ၁.၂ ယွမ်၊ လက်လီဈေး ၂.၅ ယွမ် ဖြစ်တယ်"ဟု ဤကုမ္ပဏီ၏ ဝန်ထမ်းသည် ပြောဆိုခဲ့ပါသည်။

Larus ridibundus များကို အစာကျွေးလျှင် သင့်တော်သည့် အကွာအဝေး ထိန်းသိမ်းရမည် ဖြစ်၍ အောက်တွင် ဖော်ပြသည့် အချက်အလက်များကို လုပ်ရမည်။။ Larus ridibundus များကို လက်ဖြင့် ဖမ်းခြင်း၊ သူတို့၏ ချေးကို ကိုင်သွယ်ခြင်းနှင့် လူစုစည်းပြီး အစာကျွေးခြင်း စသည့်တို့ကို မလုပ်သင့်ကြောင်း၊ Larus ridibundus များနှင့် အနီးကပ် ထိတွေ့ချိန်တွင် Mask တပ်ရကြောင်း၊ ထွက်သွားသည့်အခါတွင် လက်ကို မကြာခဏ ဆေးကြောရကြောင်း ဟု ကူမင်းမြို့ ငှက်မျိုးလေ့လာသူများအသင်း၏ ဒုတိယ အတွင်းရေးမှူး ဝမ်ဇိပင်သည် တိုက်တွန်းခဲ့ပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်