Kunming Huadu Ocean World ကို ခရီးသွားလမ်းညွှန်ပေးပါ

2020-10-21 10:44 ရောင်စုံတိမ်တံတား

User မောင်ကျော်ဦး၏မေးခွန်း။ မင်္ဂလာပါ။ ကျွန်တော်က ကူမင်းမြို့ကို ခုနကပဲ ကျောင်းတက်လာတဲ့ မြန်မာပညာတော်သင် တစ်ယောက် ဖြစ်ပါတယ်။ ကျန်တော်နဲ့ သူငယ်ချင်းတို့က စနေတနင်္ဂနွေနေ့မှာ Kunming Huadu Ocean World ကို လည်ပတ်သွား ချင်ပါတယ်။ ခရီးသွားလမ်းညွှန်ပေးလို့ ရပါသလား။

အယ်ဒီတာ၏အဖြေ။ မင်္ဂလာပါ။ Kunming Huadu Ocean World ရဲ့ ဖွင့်လှစ်ချိန်က နေ့တိုင်းနံနက် ၉ နာရီ က ညနေ ၁၈ နာရီ အထိ ဖြစ်ပြီး အဝင်လက်မှတ်ခက လူတစ်ဦးရင် အယွမ် ၁၇၀ ဖြစ်ပါတယ်၊ လက်မှတ်ဝယ်ရင် ရောက်ရှိပြီးတော့ လက်မှတ်ရောင်းဌာနမှာ ဝယ်လို့ ရပါတယ်၊ အွန်လိုင်းပေါ်မှာ ကြိုတင်ဝယ်လို့လဲ ရပါတယ်။ ပင်လယ်သမုဒ္ဒရာက သတ္တဝါကောင်များနဲ့ ရုက္ခပင်များပြတိုက်မှာ လင်းပိုင်တင်ဆက်ပြသမှုနဲ့ Mermaid တင်ဆက်ပြသမှုတို့ ရှိပြီး ကြည့်ထိုက်ပါတယ်လို့ ကျွန်မက ထင်ပါတယ်၊ ဒါပေမယ့် တင်ဆက်ပြသချိန်ကို ဂရုစိုက်ပါ၊ မလက်လွတ်သွားပါနဲ့။ ဒါ့အပြင် အဲဒီပြတိုက်ဘေးနားမှာ တုပ်နန်ပန်းဈေး ရှိနေပြီး ပန်းအမျိုးမျိုးရှိပြီး ဈေးချိုပြီး အချိန်ရှိရင် လျှောက်လည်သွား နိုင်ပါတယ်။ ပျော်ရွှင်ပါစေ။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်