ယူနန့် အရသာကောင်းသောအစားအစာ-ချိုမြိန်သော ကြာစွယ်မှုန့်

2020-09-18 18:13 ရောင်စုံတိမ်တံတား

00302369947_7dd4b746

(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယူနန်ပြည်နယ် စိမ်ကျန်မြို့၌ ကြာစွယ်စိုက်သမိုင်းသည် အလွန်ကြာရှည်၍ နွေရာသီတိုင်းတွင် အမို ထောင်နှင့်ချီသော ကြာပန်းများသည် ပွင့်ဖူး၍ ဆောင်းချဉ်းရာသီရောက်တိုင်း လတ်ဆတ်သော ကြာစွယ်များကို ဈေးကွက်တွင် အများအပြား ရောင်းချ၍ လတ်ဆတ်သော ကြာစွယ်ဖြင့် ချက်ပြုတ်သည့် စားကောင်းသောက်ဖွယ် အမျိုးမျိုးသည် လူတွေကို စောင့်စားမိစေပါသည်။ လူတွေသည် သာမန်အားဖြင့် ပြုတ်ခြင်း၊ ကြော်ခြင်းအားဖြင့် လတ်ဆတ်သောကြာစွယ်ကို ချက်စား လျက်ရှိကြပါသည်၊ ထို့ပြင်၊ စိမ်ကျန်မြို့ ဒေသခံများသည်လည်း လတ်ဆတ်သောကြာစွယ်ဖြင့် ကြာစွယ်မှုန့်ကို ပြုလုပ် လျက်ရှိကြပါသည်။

00302369948_f8b5e464

တစ်နှစ် အောက်တိုဘာလ မတိုင်မီနှင့် ကုန်ဆုံးသည့်ရက်များအတွင်း စိမ်ကျန့်ကြာစွယ်သည် ဆွတ်ခူးချိန်သို့ ဝင်ရောက်လျက်ရှိပါသည်။ စိမ်ကျန်ကြာစွယ် အများစု၏ ထိပ်ဖျားမှာ ကြာစေ့မသီးသောကြောင့် ကြာရိုးဆက် တုတ်ခိုင်ပြီး ဆူဖြိုးထွားကျိုင်း၍ အရည်များခြင်း၊ အသားနုခြင်းနှင့် ကစီကြယ်ဝခြင်းများကြောင့် လူတွေသည် အလွန်နှစ်သက်ကြခံပါသည်။

00302369949_fe108156

လတ်ဆတ်သောကြာစွယ်ဖြင့် ပြုလုပ်သည့် စိမ်ကျန်ကြာစွယ်မှုန့်သည် ဒေသခံ ထူးခြားချက်ရှိသည့် အစားအစာ ဖြစ်ပါသည်။ ကြာစွယ်မှုန့် တစ်ပန်းကန် ဖျော်ပြီး ညီညာရန် ရောနယ်ပြီးမှ ကြည့်လို့ အရောင်အဆင်း ကြည်လင်ဝင်းပ၊ စားလို့ ချောညက်ဆိမ့်အိမ့်လှပါသည်။ လွယ်ကူသော်လည်း ကမ္ဘာ့အရသာကောင်းတစ်မျိုး ဖြစ်ပါသည်။

00302369950_f667c8b7

ကြာသည် ရှုစားတန်ဖိုး ရှိရုံသာမက ကြာစေ့၊ ကြာခွက်၊ ကြာစွယ်နှင့် ကြာဖက် စသည်တို့စလုံးသည် စီးပွားရေးတန်ဖိုးနှင့် ဆေးဘက်တန်ဖိုးတို့ ရှိကြောင်း၊ ထို့အပြင် ကြာစွယ်ကို စိုက်ပျိုးရာတွင် မြေဆီလွှာနှင့် လယ်ယာမြေဆည်ရေထဲမှ နိုင်ထရိုဂျင်ဓာတ်နှင့် မီးစုန်းဓာတ်များကို စုပ်ယူနိုင်ပြီး မသန့်စင်သောအရာနှင့် ရွှံ့များသဲများကို အနည်ကျနိုင်၍ ရေအရည်အသွေးကို ထိရောက်စွာ သန့်စင်စေနိုင်၍ ဖူရှင်ဟိုရေကန်ကို ကာကွယ်သည့်အတွက် အရေးကြီးသော အနက်အဓိပ္ပာယ် ရှိကြောင်း ဟု စိမ်ကျန်မြို့မှ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဌာန ဒုတိယဝန်ကြီး ရှေ့ယွင်စုပ်သည် မိတ်ဆက်ပေးခဲ့ပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်