ပိုးစာရွက်လက်ဖက်ခြောက်၏ မွှေးရနံ့သည် ယူနန်ပြည်နယ်၌ ပြန့်နှံ့

2020-07-22 09:21 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ခင်ခင်) ပိုးစာပင် တစ်ပင်လုံးသည် အဖိုးတန်ပစ္စည်း ဖြစ်ပါသည်၊ ပန်းကို စားသုံးနိုင်၍ အသီးဖြင့် အရက်ချက်နိုင်ကာ အမြစ်ဖြင့် လက်မှုအနုပညာပစ္စည်းများကို ထုလုပ်နိုင်ပါသည်။ ဤအဖိုးတန်ပစ္စည်း၏ အသုံးဝင်ခြင်းမှာ အရွက်ဖြင့် ပိုးမွေးခြင်းကို လူအားလုံးသည် ပထမဦးဆုံး စဉ်းစားလျက်ရှိသည် ဖြစ်သော်လည်း ပိုးစာရွက်ဖြင့် ပြုလုပ်သည့် လက်ဖက်ရည်သည် ကောင်းမွန်သော ကျန်းမာရေးသောက်စရာတစ်မျိုးလည်း ဖြစ်ပါသည်။

ပိုးစာရွက်ထဲတွင် အေမီနိုအက်ဆစ်၊ ဆယ်လူလို့၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသောကြောင့် သွေးသကြား၊ သွေးဖိအားနှင့် သွေးတွင်းပါအဆီများ လျှော့ချခြင်းနှင့် အိုမင်းမစွမ်း ရွှေ့ဆိုင်းခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြပါသည်။ ထို့ကြောင့် အခုနှစ်များတွင် ပိုးစာလက်ဖက်ရည်သည် လူကြိုက်များသော လက်ဖက်ရည်တစ်မျိုး တဖြည်းဖြည်း ဖြစ်လာပါပြီ။

ပိုးစာရွက် ၅ ကီလိုဂရမ်ဖြင့် ပိုးစာရွက်လက်ဖက်ခြောက် ၁ ကီလိုဂရမ်ကို ပြုလုပ်နိုင်၍ ပိုးစာရွက်လက်ဖက်ခြောက် တစ်ကီလိုဂရမ် ဈေး အယွမ် တစ်ရာ ဖြစ်ပါသည်။ မြေယာတစ်မိုသည် ပိုးစာရွက်လက်ဖက်ခြောက် ကီလိုဂရမ် ၅၀၀ ကို ထွက်နိုင်၍ ဝင်ငွေ အယွမ် ၅ သောင်းခန့် ရရှိနိုင်ပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်

ပထမအကြိမ် ယူနန်-ရှန်ဟိုင်း ထွက်ကုန်ပစ္စည်းပွဲကို ကျင်းပ၍ ယူနန့် အရည်အသွေးကောင်းသော ထွက်ကုန် ၈၇ မျိုးသည် မိတ်ဆက်ဖြန့်ချီခံ