Green Lake ဥယျာဉ် ၈ ကြိမ်မြောက် ကြာပန်းပွဲတော်ကို ဇွန်လ ၃၀ ရက်နေ့တွင် စတင်ကျင်းပမည်

2020-06-29 16:39 ရောင်စုံတိမ်တံတား

566208

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) Green Lake ဥယျာဉ် ၈ ကြိမ်မြောက် ကြာပန်းပွဲတော်ကို ဇွန်လ ၃၀ ရက်နေ့တွင် တရားဝင် စတင်ကျင်းပမည် ဖြစ်ကြောင်း ဟု သတင်းထောက်သည် Green Lake ဥယျာဉ် စီမံခန့်ခွဲရေးဌာနမှ သိရှိရပါသည်။

566209

Green Lake ထဲမှ ကြာပန်းနှင့် ကြာပုဏ္ဍရိတ်ပန်း များသည် ဇွန်လ ပထမဆယ်ရက်ပိုင်းတွင် ရှေ့စဉ်နောက်ဆက် ပွင့်ဖူးခဲ့ပါပြီ၊ ခန့်မှန်းချက်အရ ဇွန်လကုန်မှ သြဂုတ်လအထိ ဝေဝေဆာဆာ ပွင့်ဖူးမည်။ ဤအကြိမ် ကြာပန်းပွဲတော်တွင် ကြာပန်း အမျိုး ၂၀ ကျော်ကို ပြသမည်။ ကြာပန်းပွဲတော် ကျင်းပရန် ဥယျာဉ်သည် ပတ်ဝန်းကျင်ကို အလှဆင်စီစဉ်၍ အရှေ့တံခါး၊ တောင်တံခါး၊ ရှီးနန်သောင်၊ ဆွေယွက်ရှန်း စသည့် နေရာများ၌ ပန်းအို အအို ၅ သောင်း ထားပါမည်။

566210

Green Lake ထဲမှ ကြာပန်းစိုက်ရေကန်သည် အမို ၄၀ ကျော် ကျယ်ဝန်း၍ Green Lake ဥယျာဉ် တည်ဆောက်ပြီးမှ ကြာပန်းများ စိုက်ပျိုးလျက်ရှိသည်။ ၂၀၀၂ ခုနှစ်တွင် တစ်နိုင်ငံလုံး ၁၆ ကြိမ်မြောက် ကြာပန်းပွဲတော်ကို Green Lake ဥယျာဉ်၌ ကျင်းပပြီးနောက် ဥယျာဉ်သည် ကြားပန်းများ၏ ပြုစုပျိုးထောင်ခြင်း အရည်အချင်းကို အဆက်မပြတ် တိုးမြှင့်၍ ရှုစားရန် ပိုကောင်းသော ကြာပန်းမျိုးများကို တင်သွင်းလာပြီး ရှုစားသင့်တော်သည့် ရေနေပင်များကို စိုက်ပျိုးခဲ့ပါသည်။

566211

566212

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.78MMK

1 ယွမ်=194.78ကျပ်