တုန်ချွမ်းလယ်မြေနီထဲ၌ တရုတ်ပြည် ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ဆုံးသော ချယ်ရီသီးကြီးများကို အောင်မြင်စွာ စိုက်ပျိုးသီးထွက်

2020-06-12 13:03 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ခင်ခင်) တုန်ချွမ်းလယ်မြေနီသည် ရှုခင်းလှပ သောကြောင့် နာမည်ကျော်ကြား ရုံသာမက ယခု တရုတ်ပြည် ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ဆုံးသော၊ အရည်အသွေး အကောင်းဆုံးသော ချယ်ရီသီးကြီးများကိုလည်း အောင်မြင်စွာ စိုက်ပျိုးသီးထွက်ပါသည်။

ဇွန်လထဲမှ တုန်ချွမ်းလယ်မြေနီသည် တစ်နှစ်လုံး ရှုခင်းအလှဆုံးသည် ဖြစ်ပါသည်၊ ရွှေဝါရောင်ဖြစ်သော ရိုင်းစပါးများကို ရိတ်သိမ်းနေကြသည့် ရွာသူရွာသားများ၊ ဓာတ်ပုံကို ရိုက်ကူးလာနေသည့် ဓာတ်ပုံဆရာများ၊ လယ်မြေနီ၊ အဆောက်အအုံများ၊ ကောင်းကင်ပြာနှင့် တိမ်ဖြူများ အပြန်အလှန် တန်းဆာဆင်ပြီး ပနံသင့်လှ၍ လှပထူးခြားသော ပန်းချီကား တစ်ချပ်ချပ်ကို ဖြစ်ပေါ်လာ စေပါသည်။

အလှဆုံးသော ပန်းချီသည် သီးထွက်ကောင်းသော ပျော်စရာ ဖြစ်ပြီး အလုပ်နှင့် နည်းပညာတို့၏ ပေါင်းစပ်ခြင်းနှင့် တီထွင်ခြင်းလည်း ဖြစ်ပါသည်။ ဟုံထူတီမြို့နယ် စောင်ဟိုင်ဇီရွာထဲတွင် ချယ်ရီသီးကြီး အမို ၉၀ ကျော်သည် ရင့်မှည့်ပါပြီ။ ဤချယ်ရီသီးကြီးများကို ယူနန် ထင်းတောက် စိုက်ပျိုးရေး ကုမ္ပဏီလီမိတက်နှင့် ကူမင်း မိန့်ချီး စိုက်ပျိုးရေး သိပ္ပံနည်းပညာ ကုမ္ပဏီတို့သည် စိုက်ပျိုး၍ ဒေသခံဇောက်ချွမ်းကျင်းသည် ရွာသူရွာသားများကို ဦးဆောင်ပြီး စိုက်ပျိုးသည် ဖြစ်၍ အခုအထိ ၇ နှစ်ကြာ ရှိပါပြီ။ ဤဒေသ၏ ပင်လယ်ရေမျက်မှာပြင်ထက် မီတာ(၂၆၂၀) မြင့်၍ တရုတ်ပြည် ပင်လယ်ရေမျက်မှာပြင်ထက် အမြင့်ဆုံးသော ချယ်ရီသီးကြီးများ ဖြစ်ကြောင်း၊ ၎င်း၏ အာဟာရဓာတ်သည် အရည်အသွေး ကောင်းမွန်သော မြေဆီလွှာနက်မှ လာသောကြောင့် လည်းကောင်း၊ ဒေသခံ နေ့ညအကြား အပူချိန်ကွာခြားချက် ကြီးမား၍ နေရောင်ထိုးခြင်း လုံလောက၍ တောင်ရေဖြင့် ရေသွင်းပေးသောကြောင့် လည်းကောင်း ချယ်ရီသီးကြီးများသည် မွှေးရနံ့ ရှိပြီး အရသာချို၍ အရည် များပြားပြီး အာဟာရဓာတ် ကြွယ်ဝ၍ စားလျှင် မြင့်မားသော ဆေးဘက်ဆိုင်ရာတန်ဖိုး ရှိပါကြောင်း ဇောက်ချွမ်းကျင်းက ပြောခဲ့ပါသည်။

နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးစခန်းသည် စိုက်ပျိုးရေးနှင့် အုပ်ချုပ်ရေး အကူအညီပေးရန် အနားတွင် နေထိုင်ကြသော ရွာသူရွာသားများကို ရှာဖွေခေါ်ဆောင် လျက်ရှိပါသည်။ ပိုများသော ရွာသူရွာသားများသည် ချမ်းသာစေခြင်းမှာ ကုမ္ပဏီနှင့် ဇောက်ချွမ်းကျင်းတို့၏ အိပ်မက် ဖြစ်ပါသည်။ ယခုအချိန်မှာ ကျွန်တော်တို့၏ နည်းပညာ ကျွမ်းကျင်ပါပြီ ဖြစ်၍ နောက်နောင် ပိုများသော ရွာသားများသည် ချယ်ရီသီးကြီးများ စိုက်ပျိုး ခြင်းအားဖြင့် ချမ်းသာစေမည် ဟု ဇောက်ချွမ်းကျင်းက ပြောခဲ့ပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.78MMK

1 ယွမ်=194.78ကျပ်